• Follow Us on

Home အမေရိကန်စစ်သည်တွေ ဆေးရုံတက်ရတဲ့ ထိပ်ဆုံးက အကြောင်းရင်းက စိတ်ကျန်းမာရေးပြဿနာဖြစ်နေ ကြောင်း တွေ့ရှိရ

အမေရိကန်စစ်သည်တွေ ဆေးရုံတက်ရတဲ့ ထိပ်ဆုံးက အကြောင်းရင်းက စိတ်ကျန်းမာရေးပြဿနာဖြစ်နေ ကြောင်း တွေ့ရှိရ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၅

 

အမေရိကန်တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင်တွေ ၂၀၂၃ ခုနှစ်မှာ ဆေးရုံတက်ရတဲ့အကြောင်း ရင်းကို လေ့လာရာမှာ စိတ်ကျန်းမာရေးပြဿနာဟာ ထိပ်ဆုံးက အကြောင်းရင်းဖြစ်နေတာကို တွေ့ရှိရပါတယ်။

 

ပြီးခဲ့တဲ့နှစ်က ဆေးရုံတက်ခဲ့တဲ့တပ်ဖွဲ့ဝင် ၆၂၈၀၀ ဝန်းကျင်အနက် သုံးပုံတစ်ပုံဟာနီးပါးဟာ စိတ်ကျန်းမာရေး ကုသမှုခံယူဖို့ တက်ရောက်ခဲ့ကြတာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကျန်းမာရေးအဖွဲ့သစ်တစ်ဖွဲ့ရဲ့ အစီ ရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

 

တပ်ဖွဲ့တွေအားလုံးအနက်က အမေရိကန်ကြည်းတပ်ဟာ လူနာ ၈,၀၀၀ ကျော်ရှိခဲ့တဲ့အတွက် စိတ်ကျန်းမာရေး ကုသမှုခံယူသူအများဆုံးဖြစ်ပါတယ်။

 

တခြားတပ်ဖွဲ့တွေနဲ့ နှိုင်းယှဉ်ရင် အမေရိကန်ရေတပ်က လူနာ ၅,၂၅၇ ဦး ရှိပြီး လေတပ်က ၃,၅၅၄ ဦး ရှိပါတယ်။

 

အမျိုးသမီးစစ်သည်အများစုဟာ စိတ်ကျရောဂါနဲ့ ထိခိုက်မှုအလွန်စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါ (PTSD) တို့ ကြောင့် ဆေးရုံတက်ရတာဖြစ်သလို အမျိုးသားစစ်သည်လူနာအများစုကတော့ ပြင်းထန်စိတ်ကြွလွန်ရောဂါနဲ့ အ ရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်တဲ့စိတ်ရောဂါတို့ကြောင့် ဆေးရုံတက်ကြရတာဖြစ်ပါတယ်။

 

စိတ်ကျန်းမာရေးလာရောက်ကုသတဲ့စစ်သည်တချို့က ၃၄ ရက်လောက် ဆေးရုံတက်ရပေမဲ့ ပျှမ်းမျှလူနာတွေ ကတော့ ငါးရက်လောက်သာ ဆေးရုံတက်ခဲ့ရပါတယ်။

 

စိတ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဟာ အမေရိကန်တပ်မတော်အတွက် တသမတ်တည်းဆောင်ရွက်နေရ တဲ့လုပ်ငန်းဖြစ်ပါတယ်။

 

တပ်မတော်အနေနဲ့ စိတ်ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တဲ့အတွက် တပ်ဖွဲ့ဝင်တွေဟာ တခြားနေရာ တွေမှာလည်း သွားရောက်ကုသနေရကြောင်း အမေရိကန်အစိုးရတာဝန်ခံမှုရုံး (GAO) က ဖေဖော်ဝါရီလအ တွင်းက ပြောပါတယ်။

 

အဲဒီလို ပြင်ပမှာသွားရောက်ကုသတဲ့အခါ ဆေးကုသမှုခံယူခွင့်မရခင် စစ်သည်တွေအနေနဲ့ ဘယ်လောက်အ ချိန်ကြာကြာစောင့်ဆိုင်းနေရတယ်ဆိုတာ မသိနိုင်သလို အဲဒီလူနာစစ်သည်တွေရဲ့ တိုးတက်မှုအခြေအနေကို ကာကွယ်ရေးဝန်ကြီးဌာနကျန်းမာရေးအဖွဲ့က စောင့်ကြည့်ခြင်းမလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

 

စစ်တန်းလျားတွေမှာ နေထိုင်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ၎င်းတို့မိသားစုတွေအများအပြားဟာ သင့်တော်တဲ့ စိတ်ကျန်း မာရေးစောင့်စောင့်ရှောက်မှုရရှိဖို့ စိန်ခေါ်မှုတွေ အများအပြားရှိနေတာကို ဆန်းစစ်လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ရ တယ်လို့ ဆိုပါတယ်။

 

ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်တပ်မတော်အနေနဲ့ စိတ်ကျန်းမာရေးကုသမှုဆောင်ရွက်ပေး တဲ့အချိန်မှာ တခြားရောဂါပေါင်းစုံကိုပါ ရှာဖွေစစ်ဆေး ကုသပေးဖို့ အမေရိကန်အစိုးရတာဝန်ခံမှုရုံး (GAO) က တိုက်တွန်းခဲ့ပါတယ်။

 

Ref: Mental Health Top Reason for US Troop Hospitalization in 2023: Study

 

#PeopleMedia


Share this post