အမေရိကန်ဆီတင်သင်္ဘောကို အီရန်ကွန်မန်ဒိုတွေစီးနင်းသိမ်းပိုက်ခဲ့တဲ့အတွက် အရှေ့အလယ်ပိုင်းဒေသ တင်း မာမှုတွေ မြင့်တက်

PUBLISHED - January 13, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃
အီရန်ကွန်မန်ဒိုတွေက အမေရိကန်ဆီတင်သင်္ဘောတစ်စီးကို ဝင်ရောက်စီးနင်းသိမ်းပိုင်သွားတဲ့အတွက် အရှေ့ အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။
အမေရိကန်ဆီတင်သင်္ဘောကို အီရန်တပ်ဖွဲ့ဝင်တွေက သိမ်းပိုက်သွားခဲ့တာမှန်ကန်ကြောင်း အမေရိကန်အစိုး ရက ကြာသပတေးနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။
“ဇန်နဝါရီလ ၁၁ ရက်နေ့က အိုမန်ပင်လယ်ကွေ့မှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဆီတင်သင်္ဘော စိန့် နီကိုလပ်စ်ကို ဝင်ရောက် စီးနင်းပြီးသိမ်းဆည်းသွားပါတယ်။” လို့ အမေရိကန်ရေတပ် ဗဟိုစစ်ဌာနချုပ်ကကြေ ညာခဲ့ပါတယ်။
ယီမင်အခြေစိုက် အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ ဟူသီသူပုန်အဖွဲ့က ပင်လယ်နီထဲ ပစ်ခတ်လိုက်တဲ့ ဒရုန်း ၁၈ စင်းနဲ့ ဒုံးကျည် ၃ လုံးကို အမေရိကန်နဲ့ ဗြိတိန်ရေတပ်သင်္ဘောတွေက ဇန်နဝါရီ ၉ ရက်နေ့မှာ ပစ်ချခဲ့ပြီးနောက် မှာ အခုလို အမေရိကန်နဲ့ဆက်နွယ်တဲ့ ဆီတင်သင်္ဘောကို အီရန်တပ်ဖွဲ့ဝင်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ဟူသီသူပုန်အဖွဲ့ရဲ့ နိုင်ငံတကာ ရေပိုင်နက်ထဲ ဒုံးကျည်တွေနဲ့ပစ်ခတ်နေတဲ့လုပ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ရှုတ်ချဝေဖန်မှု စာထုတ်ပြန်ပြီးနောက် ဗြိတိန်နဲ့ အမေရိကန်တပ်တွေဟာ ယီမင်နိုင်ငံထဲက ဟူသီ သူပုန်တွေရဲ့ ပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပါတယ်။
စိန့်နီကိုလပ်စ်သင်္ဘောကြီးဟာ တူရကီနိုင်ငံကို ခုတ်မောင်းလာစဉ်မှာ သင်္ဘောကြီးပေါ်ကို ရဟတ်ယာဉ်ပေါ်က အီရန်ကွန်မန်ဒိုတွေ ဆင်းလာပြီး ဝင်ရောက်စီးနင်းကာ အီရန်နိုင်ငံ ဆိပ်ကမ်းတစ်ခုကို မောင်းနှင်သွားခဲ့တာဖြစ် ပါတယ်။
“အီရန်နိုင်ငံရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နပြီး ပင်လယ်ပြင်လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေပါတယ်။” လို့ အမေရိကန်ရေတပ် ဗဟိုစစ်ဌာနချုပ်နဲ့ အမှတ် ၅ ရေတပ်အုပ်စုခေါင်းဆောင် ရေ တပ်ဒုတိယဗိုလ်ချုပ်ကြီး ဘရက်ဒ်ကော့ပါးက ပြောပါတယ်။
စိန့်နီကိုးလပ်စ်သင်္ဘောဟာ အရင်က ဆူးအက်စ်ရာဂျန်အမည်နဲ့ အသုံးပြုခဲ့တဲ့သင်္ဘောဖြစ်ပါတယ်။
Ref: Iran seizes oil tanker involved in U.S. dispute off coast of Oman
#PeopleMedia