• Follow Us on
Latest News

Home အမေရိကန်တက္ကသိုလ်တွေက ဘွဲ့ရထားတဲ့ နိုင်ငံခြားသားတွေ green card ရသင့်ကြောင်း ထရမ့်ပြော

အမေရိကန်တက္ကသိုလ်တွေက ဘွဲ့ရထားတဲ့ နိုင်ငံခြားသားတွေ green card ရသင့်ကြောင်း ထရမ့်ပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၂၄

 

အမေရိကန်တက္ကသိုလ်တွေက ဘွဲ့ရထားတဲ့ကျောင်းသားတွေဟာ နိုင်ငံတွင်းနေထိုင်ဖို့အတွက် green card (အမြဲတမ်းနေထိုင်ခွင့်) ရရှိသင့်ကြောင်း ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းဒေါ်နယ်ထရမ့်က အင်တာနက် ပေါ်က ပြောဆိုမှုတစ်ခုမှာ ထည့်သွင်းပြောကြားသွားပါတယ်။

 

ဒီအဆိုပြုချက်ဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး တင်းမာတဲ့၎င်းရဲ့သဘောထားကို ပြန်လည်ကာကွယ် ပြောဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။

 

အမေရိကန်နိုင်ငံအနေနဲ့ နည်းပညာနယ်ပယ်အတွက် အဓိကပြသနာတစ်ရပ်ဖြစ်တဲ့ ကျွမ်းကျင်လုပ်သားတွေ တရားဝင် ပိုမိုထိန်းသိမ်းထားနိုင်ရေးကို ဆောင်ရွက်ဖို့လိုအပ်ကြောင်း ဆီလီကွန်တောင်ကြား နည်းပညာရင်းနှီး မြှုပ်နှံသူတွေက ကမကထလုပ်တဲ့ All-In podcast အင်တာနက်ဆွေးနွေးမှုမှာ နည်းပညာလုပ်ငန်းရှင် ဂျက်ဆန် ကလာကေးနစ်က ထရမ့်ကို ပြောပါတယ်။

 

“ကမ္ဘာတစ်ဝန်းက အကောင်းဆုံးအတော်ဆုံးပုဂ္ဂိုလ်တွေကို ပြည်တွင်းကို ရောက်ရှိလာဖို့ ကျွန်တော်တို့ကို အခွင့် အလမ်းပိုမိုပေးမယ်လို့ ခင်ဗျား ကတိပေးနိုင်မလား။” လို့ ကလာကေးနစ်က ပြောပါတယ်။

 

“ဟာ … ကတိပေးတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလို အမေရိကန်နိုင်ငံထဲနေမယ့်သူဟာ အမေရိကန်တက္ကသိုလ်တစ်ခု ခုက ဘွဲ့ရထားရမယ်။ ဒီနိုင်ငံမှာ green card ရဖို့အတွက် ဒီနိုင်ငံရဲ့တက္ကသိုလ်တစ်ခုခုက ဘွဲ့ရထားဖို့ဆိုတာ အ လိုအလျောက် လိုအပ်ချက်ဖြစ်သင့်တာပေါ့။ ဘွဲ့မဟုတ်တဲ့ သက်မွေးဝမ်းကျောင်း ကောလိပ်တွေ အပါအဝင်ပေါ့ ဗျာ။” လို့ ထရမ့်က ပြန်ဖြေပါတယ်။

 

အမြဲတမ်းနေထိုင်ခွင့်လို့လည်း သိထားကြတဲ့ green card ဟာ အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်းနေထိုင် ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုထားတဲ့ လက်မှတ်ဖြစ်သလို နိုင်ငံသားဖြစ်ဖို့ အဆင့်တစ်ရပ်လည်းဖြစ်ပါတယ်။

 

ဒါပေမဲ့ ထရမ့်ရဲ့ပြောဆိုချက်ဟာ အမေရိကန်ပြည်ထောင်စုကို တရားမဝင် ဝင်ရောက်လာသူတွေ၊ ဗီဇာသက် တမ်းကျော်လွန်နေထိုင်သူတွေပါ အကျုံးဝင်သလား ဒါမှမဟုတ် ကျောင်းသားဗီဇာနဲ့ နေထိုင်သူတွေအတွက်ကို ပဲ ပြောတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

 

“အတင်းကျပ်ဆုံးစစ်ဆေးပြီးမှသာ အမေရိကန်နိုင်ငံအတွက် အကျိုးရှိအောင်ဆောင်ရွက်ပေးနိုင်မယ့် အကျွမ်း ကျင်ဆုံးပညာတတ်ဘွဲ့ရတွေကိုသာ နိုင်ငံတွင်း နေထိုင်ခွင့်ပြုသွားမှာဖြစ်ကြောင်း” ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲ ဆွယ်အဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

 

၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ သဘောထားတင်းမာတဲ့လူဝင်မှုကြီးကြပ်ရေးရပ်တည်ချက်ကို ကြည့်ရင် ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထရမ့်ပြောဆိုခဲ့တဲ့ အဆိုပြုချက်ကို အမှန်တကယ်အကောင်အထည်ဖော်ပြဋ္ဌာန်းနိုင် မလားဆိုတာ သံသယရှိကြောင်း ဂျိုးဘိုင်ဒန်မဲဆွယ်အဖွဲ့က ပြောပါတယ်။

 

“ဒေါ်နယ်ထရမ့်အာဏာရခဲ့တဲ့အချိန်တုန်းက သူ့ရဲ့နိုင်ငံရေးအကျိုးစီးပွားအတွက် ရွှေ့ပြောင်းနေထိုင်သူတွေက မွေးဖွားလာတဲ့ မိသားစုတွေကို ချနင်းပစ်ခဲ့တာပါပဲ။” လို့ ဘိုင်ဒန်မဲဆွယ်ပွဲ ပြောခွင့်ရပုဂ္ဂိုလ် ကီဗင်မူနဇ်က ပြော ပါတယ်။

 

“ထရမ့်ရဲ့အရည်မရအဖတ်မရ ကတိကဝတ်ဆိုတာ မုသားစကားနဲ့ စော်ကားမှုပါပဲ။ အထူးသဖြင့် သူ့ပထမသက် တမ်းအတွင်းမှာတုန်းက လူတွေအများအပြားကို ဖျက်ဆီးခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ရွှေ့ပြောင်းနေထိုင်လာသူအသိုင်းအဝိုင်းကလည်း ထရမ့်ရဲ့စကားကို မယုံကြဘူးလို့ဆိုပါတယ်။

 

“သူ့အစိုးရလက်ထက်တုန်းက ကျောင်းသားဗီဇာတွေကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ခဲ့သလို ဘွဲ့ရပြီး အမေရိ ကန်နိုင်ငံထဲမှာနေထိုင်ဖို့ကိုလည်း ခက်ခဲအောင်လုပ်ခဲ့တဲ့ မူဝါဒတွေကို ကျင့်သုံးခဲ့တာမို့လို့ ကျွန်တော်ကတော့ အော်ရယ်မိမတတ်ပဲလို့ ပြောချင်ပါတယ်ဗျာ။” လို့ အမေရိကန်ရွှေ့ပြောင်းနေထိုင်သူများကောင်စီရဲ့ မူဝါဒညွှန် ကြားရေးမှူး အေရွန်ရိုက်ကလင်းမဲလ်နစ်ခ်က ပြောပါတယ်။

 

Ref: Trump says foreigners who graduate from US colleges should get green cards

 

#PeopleMedia


Share this post