• Follow Us on

Home အမေရိကန်တပ်ဖွဲ့ဝင်တွေကို ထွက်ခွာသွားဖို့ တောင်းဆိုထားတဲ့ နိုင်ဂျာကို ရုရှားစစ်အကြံပေးတွေနဲ့ စစ်လက် နက်ပစ္စည်းတွေ ရောက်ရှိလာ

အမေရိကန်တပ်ဖွဲ့ဝင်တွေကို ထွက်ခွာသွားဖို့ တောင်းဆိုထားတဲ့ နိုင်ဂျာကို ရုရှားစစ်အကြံပေးတွေနဲ့ စစ်လက် နက်ပစ္စည်းတွေ ရောက်ရှိလာ

Share this post

နိုင်ငံတကာ၊ မေ ၇

 

အမေရိကန်တပ်ဖွဲ့ဝင်တွေကို နိုင်ငံတွင်းကထွက်ခွာသွားဖို့ တောင်းဆိုထားတဲ့ နိုင်ဂျာနိုင်ငံထဲကို ရုရှားစစ်အကြံ ပေးတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ရောက်ရှိလာပြီဖြစ်ကြောင်း နိုင်ဂျာရုပ်သံဌာနက ဖော်ပြလိုက်ပါတယ်။

 

ရုရှားစစ်အကြံပေး ၁၀၀ ထဲက ပထမအသုတ်ဟာ လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်တွေနဲ့အတူ ဧပြီ လ ၁၀ ရက်နေ့က နိုင်ဂျာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။

 

ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့လက နိုင်ဂျာနိုင်ငံကို ကုန်တင်လေယာဉ် ၃ စင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ပို့ဆောင်ခဲ့သ လို စနေနေ့ (မေလ ၄ ရက်နေ့) ကလည်း ရုရှားစစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေး လေယာဉ် ၂ စင်း ဆိုက် ရောက်လာခဲ့ကြောင်း နိုင်ဂျာရုပ်သံ Tele Sahel က ပြောပါတယ်။

 

အာဖရိကမှာရှိတဲ့ ဝဂ္ဂနာကြေးစားတပ်ဖွဲ့ကို ဆက်ခံထားတဲ့အဖွဲ့လို့ လူသိများတဲ့ အာဖရိကတိုက်ခိုက်ရေးအဖွဲ့က ရုရှားနည်းပြတွေ ရောက်ရှိလာတာမှန်ကန်ကြောင်း ၎င်းတို့ရဲ့ တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။

 

စနေနေ့ကတော့ နောက်ထပ်နည်းပြတွေ၊ စစ်လက်နက်ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေ ထပ်မံရောက်ရှိလာတယ် လို့ အဲဒီအဖွဲ့က ပြောပါတယ်။

 

အမေရိကန်တပ်ဖွဲ့ဝင်တွေ စခန်းထိုင်နေတဲ့ နီယာမေးလေဆိပ်အနီးက နိုင်ဂျာရီယန်လေတပ်စခန်းမှာ လက်ရှိအ ချိန်မှာ ရုရှားတပ်ဖွဲ့ဝင်တွေ တပ်စွဲထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်က ကြာသပ တေးနေ့ (မေလ ၂ ရက်နေ့) က ပြောပါတယ်။

 

၂၀၂၃ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ နိုင်ဂျာစစ်အစိုးရဟာ နိုင်ငံတွင်းအခြေချထားတဲ့ ပြင်သစ်တပ်ဖွဲ့ဝင်တွေကို နှင် ထုတ်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာတွေကို ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

 

ဒီကိစ္စကို အမေရိကန်အစိုးရက တစ်ဖက်သတ်ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ နိုင်ဂျာအစိုးရက ပြောပါတယ်။

 

နိုင်ဂျာမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀၀ ဝန်းကျင်ကို ပြန်လည်ခေါ်ယူဖို့ အမေရိကန်အစိုးရက ဧပြီလက သ ဘောတူညီခဲ့ပါတယ်။

 

အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာရေးအတွက် အမေရိကန်အစိုးရနဲ့ နိုင်ဂျာအစိုးရ ဆွေးနွေးညှိနှိုင်း နေဆဲပဲရှိပါသေးတယ်။

 

အမေရိကန်စစ်တပ်က နိုင်ဂျာနိုင်ငံ အဂ္ဂဒက်ဇ်မြို့အနီးမှာ ဒေါ်လာ သန်း ၁၀၀ ဝန်းကျင် အကုန်အကျခံပြီး ဒရုန်း အခြေစိုက်စခန်းတစ်ခု တည်ဆောက်ထားပါတယ်။

 

အယ်လ်ကွေဒါနဲ့ အိုင်အက်စ်အုပ်စုနဲ့ ဆက်နွယ်တဲ့ အစ္စလာမ်မစ်အကြမ်းဖက်ဝါဒီတွေကို တိုက်ခိုက်နေတဲ့ အိမ်နီး ချင်း မာလီနိုင်ငံနဲ့ ဘာကီနာဖူဆိုနိုင်ငံက စစ်အာဏာသိမ်းခေါင်းဆောင်တွေလို နိုင်ဂျာစစ်ဗိုလ်ချုပ်တွေကလည်း ရုရှားနိုင်ငံနဲ့ ပိုမိုရင်းနှီးစွာ ဆက်ဆံလာခဲ့ပါတယ်။

 

Ref: Niger Gets New Russian Advisors, Equipment after Asking US Troops to Leave

 

#PeopleMedia


Share this post