• Follow Us on
Latest News

Home အမေရိကန်တပ်ဖွဲ့ဝင်တွေ အဆင့်မြှင့်တင်ထားတဲ့ LW CLU မှန်ပြောင်းနဲ့ ဂျာဗီလင်ဒုံးကျည်စမ်းသပ်ပစ်ခတ်

အမေရိကန်တပ်ဖွဲ့ဝင်တွေ အဆင့်မြှင့်တင်ထားတဲ့ LW CLU မှန်ပြောင်းနဲ့ ဂျာဗီလင်ဒုံးကျည်စမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၀

 

အမေရိကန်သံချပ်ကာယန္တရားတပ်က စစ်သည်အုပ်စုတစ်စုက ၂၅ နှစ်ကျော်ကာလအတွင်း ပထမဦးဆုံးအကြိမ် အဓိကအဆင့်မြှင့်တင်ထားတဲ့ အမေရိကန်ကြည်းတပ်ရဲ့ ဂျာဗီလင်တင့်ဖျက်ဒုံးလက်နက်ကို မကြာသေးခင်က စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။

 

Javelin Lightweight Command Launch Unit ခေါ် LW CLU မှန်ပြောင်းဟာ မြင်ကွင်းကို ပိုမိုကြည်လင်ပြတ် သားစွာမြင်ရပြီး လက်နက်ကိုင်စစ်သည်တွေအနေနဲ့ ပစ်မှတ်ကို ပိုမိုရှင်းလင်းပြတ်သားစွာထောက်လှမ်းနိုင်တယ် လို့ Staff Sgt တွမ်မက်ဆီနိုက ပြောပါတယ်။

 

“အကုန်လုံး ကြည်ကြည်လင်လင်ပြတ်ပြတ်သားသား မြင်နေရတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက TV တွေနဲ့ မ တူဘဲ မျက်မှောက်ခေတ် ကြည်လင်ပြတ်သားမှုမြင့်မားတဲ့ တယ်လီဗေးရှင်းကို ကြည့်နေရသလိုပါပဲ။” လို့ ၎င်းက ပြောပါတယ်။

 

အဆင့်မြှင့်တင်ထားတဲ့ ဂျာဗီလင်ဒုံးကျည်မှာ ပစ်မှတ်ရုပ်ပုံကို အလိုအလျောက်ကြည်လင်ပြတ်သားအောင်ချိန်ညှိ ပေးတဲ့စနစ်ကို ပေါင်းစပ်ထည့်သွင်းထားကြောင်း ဝါရင့်စစ်သည်ဂျူလီယန်မာတီနက်ဇ်က ပြောပါတယ်။

 

ဒါ့အပြင် လက်နက်စနစ်မှန်ပြောင်းကို ပိုပြီးသက်သောင့်သက်သာသယ်ဆောင်နိုင်ဖို့အတွက် အဆင့်မြှင့်တင် ထားသလို ဒီ ဇိုင်းပြန်လည်မွမ်းမံထားတယ်လို့ဆိုပါတယ်။

 

အလေးချိန်နဲ့ အရွယ်အစားလျှော့ချထားတဲ့အတွက် ကျောပိုးအိတ်နဲ့သယ်ဆောင်သွားနိုင်ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ အတွင်းမှာ တပ်ဖြန့်ချထားနိုင်တယ်လု့ိ စမ်းသပ်သုံးစွဲတဲ့စစ်သည်တွေက ပြောပါတယ်။

 

သံချပ်ကာယန္တရားစစ်သည်တွေဟာ LW CLU မှန်ပြောင်းသစ်ကို အသုံးပြုပြီး ပစ်မှတ်ရှာဖွေထောက်လှမ်းခြင်း၊ ပစ်မှတ်အတည်ပြုခြင်း သင်ခန်းစာတွေကိုဆောင်ရွက်ခဲ့ပါတယ်။

 

အဲဒီနောက် ယန္တရားတပ်ဖွဲ့ဝင်တွေဟာ ရုရှားတွေရဲ့ T-72 ပင်မတိုက်ပွဲဝင်တင့်ကားလို တင့်တွေကို ဘယ်လို ပစ်ခတ်ချေမှုန်းမလဲဆိုတာကိုသိရဖို့ လက်တွေ့စမ်းသပ်ပစ်ခတ်ခဲ့ကြပါတယ်။

 

လက်တွေ့စမ်းသပ်ပစ်ခတ်ရာမှာ တပ်ဖွဲ့ဝင်တွေဟာ စနစ်ဟောင်းလက်နက်နဲ့ စနစ်သစ်လက်နက်ကြားက LW CLU မှန်ပြောင်းအသုံးပြုပုံ ကွာခြားမှုတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

 

ကျည်စစ်ကျည်မှန်တွေနဲ့ စမ်းသပ်ပစ်ခတ်လေ့ကျင့်ရာမှာ သတ်မှတ်ထားတဲ့ ပစ်မှတ်ကို တိုက်ရိုက်ထိမှန်အောင် အလွယ်တကူပစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

 

ဂျာဗီလင်တင့်ဖျက်ဒုံးကျည်ဟာ လူနဲ့သယ်ဆောင်ပစ်ခတ်နိုင်တဲ့ တာလတ်ပစ်နည်းဗျူဟာမြောက်လက်နက်စနစ် တစ်ခုဖြစ်ပြီး ရန်သူ့ သံချပ်ကာယာဉ်တွေ/ တင့်ကားတွေကို တိုက်ရိုက်ပစ်ခတ်ချေမှုန်းနိုင်တဲ့ တစ်ခါသုံးဒုံးလက် နက်စနစ်ဖြစ်ပါတယ်။

 

ဂျာဗီလင်ဒုံးကျည်ဟာ သံချပ်ကာယာဉ်/တင့်ကားတွေကိုသာမက အဆောက်အအုံတွေ၊ လက်တစ်ကမ်းပစ်မှတ် တွေနဲ့ ရဟတ်ယာဉ်တွေကိုလည်း ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

 

Ref: US Army Tests Updated Javelin with Reduced Weight, Improved Imaging

 

#PeopleMedia


Share this post