အမေရိကန်တပ်မတော် အားနည်းနေပြီး အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်စွမ်းမရှိကြောင်း ဆန်းစစ် လေ့လာမှုတစ်ခုကပြော
PUBLISHED - February 3, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၃
အမေရိကန်တပ်မတော်အနေနဲ့ အားနည်းနေပြီး နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်နိုင်စွမ်းမရှိလောက် အောင်တဲ့ အခြေအနေကိုဆိုက်ရောက်နေကြောင်း The Heritage Foundation အဖွဲ့ကပြုလုပ်ခဲ့တဲ့ ဆန်းစစ် လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် ကွန်ဆာဗေးတစ်ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ The Heritage Foundation က တိုက်ခိုက် ရေးစွမ်းရည်ရှိခြင်း (capability)၊ လေ့ကျင့်သားပြည့်ဝခြင်း (capacity) နဲ့ တိုက်ပွဲဝင်အသင့်ဖြစ်ခြင်း (read iness) ဆိုတဲ့ အဓိကစံနှုန်းသုံးခုပေါ်မူတည် ပြီး အမေရိကန်တပ်မတော်ရဲ့စွမ်းရည်ကို အကဲဖြတ်ခဲ့တာဖြစ် ပါတယ်။
အမေရိကန်တပ်မတော်ဟာ ကမ္ဘာ့တခြားအစိတ်အပိုင်းတွေမှာ ဆက်လက်တပ်ဖြန့်ချထားစဉ်အတွင်း အဓိက ဒေသတွင်းစစ်ပွဲတစ်ခုကို ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့စွမ်းရည်ရှိမှာ မဟုတ်ကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။
ဒါ့အပြင် တပြိုင်တည်းမှာဖြစ်ပွားနေတဲ့ အဓိကစစ်ပွဲနှစ်ခုကို ကိုင်တွယ်ထိန်းချုပ်ဖို့ အမေရိကန်တပ်မတော်ကို လက်နက်တပ်ဆင်ထားတာကလည်း ညံ့ဖျင်းနေတယ်လို့ ဆိုပါတယ်။
“နှစ်ပေါင်းများစွာကြာအောင် ကာလရှည်တပ်ဖြန့်ချထားခြင်း၊ ရန်ပုံငွေလျော့နည်းခြင်း၊ ညံ့ဖျင်းတဲ့ ဦးစားပေးအစီ အစဉ်သတ်မှတ်ခြင်း၊ လုံခြုံရေးမူဝါဒတွေကို လွန်လွန်ကဲကဲ ပြောင်းလဲခြင်း၊ စီမံချက်လုပ်ငန်းဆောင် ရွက်ရာမှာ အလွန့်အလွန် စည်းကမ်းညံ့ဖျင်းခြင်းနဲ့ အမေရိကန်အကျိုးစီးပွားကို ခြိမ်းခြောက်မှုတွေမြင့်တက်လာ တာ တောင်မှ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းတွေကြားမှာ အလေးထားမှုမရှိခြင်းတို့ရဲ့ ရလဒ်တွေကြောင့် အခုလို ဖြစ်လာရတာဖြစ်ပါတယ်။” လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ရုရှားကျူးကျော်မှုစတင်ကတည်းက ယူကရိန်းနိုင်ငံကို အလုံးအရင်းထောက်ပံ့ခဲ့တာက အမေရိကန်တပ်မတော်ရဲ့ အားနည်းမှုကို ပိုမိုဆိုးရွားသွားစေတယ်လို့ ဆိုပါတယ်။
ရုရှားကို ခုခံတိုက်ခိုက်ဖို့အတွက် ယူကရိန်းအစိုးရကို ဒေါ်လာ ၄၅ ဘီလျံတန်ကြေးရှိ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ခဲ့တဲ့ အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းအများဆုံးထောက်ပံ့နေတဲ့နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။
ယူကရိန်းကိုထောက်ပံ့မှုတွေရော ဥရောပမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ မနိုင်ဝန်တွေကို ဝင်ရောက်ထမ်းဆောင် ရတာတွေရောက အမေရိကန်ရဲ့ တိုက်ပွဲဝင်အသင့်ဖြစ်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ အဲဒီလေ့လာ ဆန်းစစ်မှုက ပြောပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရက အစ္စရေးကို စစ်ပစ္စည်းတွေ၊ ခဲယမ်းတွေနဲ့ ဒုံးကျည်တွေ ထောက်ပံ့ခဲ့တဲ့အတွက် လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲကလည်း အမေရိကန်ကာကွယ်ရေး အနေအထားကို ထိခိုက်စေ ခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီနိုင်ငံတွေကို ထောက်ပံ့နေတဲ့ စစ်လက်နက်ပစ္စည်းတွေ၊ ခဲယမ်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အကန့်အ သတ်နဲ့ရှိနေတာနဲ့ အဲဒီစစ်လက်နက်ပစ္စည်းတွေကို ပြန်လည်ဖြည့်တင်းရမယ့် ထုတ်လုပ်ရေးစက်ရုံတွေအကန့်အ သတ်နဲ့ ရှိနေတာတွေကို ဒီစစ်ပွဲတွေက ထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသားအကျိုး စီးပွားကို အမြဲအဓိကထား စဉ်းစားရမယ့် အမေရိကန်နိုင်ငံမှာ ပြန်လည်ဖြည့်တင်းဖို့လိုနေတာဖြစ်ပါတယ်။” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ အဲဒီဆန်းစစ်လေ့လာမှုရလဒ်ကို ငြင်းဆိုလိုက်ပြီး “အမေရိကန်တပ်မတော်ဟာ ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံးတိုက်ခိုက်ရေးတပ်မတော်ဖြစ်ကြောင်း” Fox News နဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
အဲဒီပြောခွင့်ရပုဂ္ဂိုလ်က “အမေရိကန်တပ်မတော်ဟာ ကမ္ဘာ့အင်အားအကောင်းဆုံးတပ်မတော်ဖြစ်ကြောင်း” မ ကြာသေးခင်ကထုတ်ပြန်ခဲ့တဲ့ Global Firepower ရဲ့ အဆင့်သတ်မှတ်ချက်ကို ကိုးကားပြောဆိုသွားပုံရတယ် လို့ ဆိုပါတယ်။
Global Firepower ရဲ့ အဆင့်သတ်မှတ်ချက်ထဲမှာ တပ်ဖွဲ့ဝင်အင်အား၊ စစ်လက်နက်ပစ္စည်းပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာ ရေးတည်ငြိမ်မှုအပါအဝင် စံနှုန်းသတ်မှတ်ချက်အမျိုးမျိုးပေါ်မူတည်ပြီး အဆင့်သတ်မှတ်ခဲ့ရာ အမေရိကန်တပ်မ တော်ဟာ ကမ္ဘာ့ထိပ်ဆုံးအဆင့်ကို ရရှိခဲတာဖြစ်ပါတယ်။
Ref: US Military ‘Weak,’ At Risk of Not Being Able to Defend National Interests: Study
#PeopleMedia