• Follow Us on
Latest News

Home အမေရိကန်တွေနဲ့ လက်ထပ်ထားတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံသားပေးမယ့်အခွင့်အရေး ဘိုင်ဒန်ကြိုးပမ်းနေ

အမေရိကန်တွေနဲ့ လက်ထပ်ထားတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံသားပေးမယ့်အခွင့်အရေး ဘိုင်ဒန်ကြိုးပမ်းနေ

Share this post

နိုင်ငံတကာ၊ ဇွန် ၁၉

 

အမေရိကန်နိုင်ငံသားတွေနဲ့ တရားမဝင်လက်ထပ်ထားတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံသား ဖြစ်လာဖို့အရေးလမ်းဖွင့်ပေးဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အင်္ဂါ နေ့ (ဇွန်လ ၁၈ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

တရားမဝင်နေထိုင်သူတွေကို နိုင်ငံတွင်းကမောင်းထုတ်ပစ်ပြီး နယ်စပ်ဒေသကို ကာကွယ်စောင့်ရှောက်သွားမယ် လို့ ပြိုင်ဘက် ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ကြွေးကြော်ထားတဲ့အချိန်မှာ ဘိုင်ဒန်ကအခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

 

ထရမ့်ဟာ အမေရိကန်-မက္ကဆီကို နယ်စပ်က ရွှေ့ပြောင်းမိသားစုတွေကို တကွဲတပြားဖြစ်အောင်လုပ်နေပြီး “သူတို့တွေဟာ ကျွန်တော်တို့နိုင်ငံထဲမှာ သွေးကွဲအောင် အဆိပ်ခတ်နေကြတယ်” ဆိုတဲ့စကားလုံးမျိုးတွေအပါ အဝင် အမေရိကန်နိုင်ငံထဲမှာရှိတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေ ဆူပူအုံကြွလာအောင် လှု့ံ့ဆော်တဲ့စ ကားလုံးတွေကို အသုံးပြုနေကြောင်း အိမ်ဖြူတော်အခမ်းနားတစ်ခုမှာ ဘိုင်ဒန်က ဝေဖန်လိုက်ပါတယ်။

 

“အဲဒီလိုပြောတယ်ဆိုတာ ယုံတောင်မယုံနိုင်ပါဘူး။ ဒါပေမဲ့ သူ အဲဒီစကားလုံးတွေကို လူသိရှင်ကြားပြောခဲ့တာ ပါ။ လုံးဝလက်ခံနိုင်ဖွယ်မရှိတဲ့ စကားတွေပါ။ နယ်စပ်ဒေသ ဒါမှမဟုတ် ရွှေ့ပြောင်းဝင်ရောက်ခြင်းတွေနဲ့ပတ် သက်ပြီး နိုင်ငံရေးကစားဖို့ ကျွန်တော် စိတ်မဝင်စားပါဘူး။ ပြုပြင်ပေးဖို့ပဲ စိတ်ဝင်စားတာပါ။” လို့ ၎င်းက ပြောပါ တယ်။

 

ဘိုင်ဒန်ရဲ့အစီအစဉ်သစ်ဟာ ဇွန်လ ၁၇ ရက်နေ့အထိ အမေရိကန်နိုင်ငံထဲမှာ ၁၀ နှစ်ထက်မနည်းနေထိုင်ခဲ့သူ (အမေရိကန်နိုင်ငံသားတွေရဲ့) ဇနီး/ခင်ပွန်း ၅၀၀,၀၀၀ ခန့်ကို လမ်းဖွင့်ပေးသွားမှာဖြစ်ကြောင်း အာဏာပိုင်တွေ က အင်္ဂါနေ့က ပြောပါတယ်။

 

အမေရိကန်နိုင်ငံသား မိဘတစ်ဦးဦးနဲ့ ရရှိထားတဲ့ အသက် ၂၁ နှစ်အောက် က လေးငယ် ၅၀,၀၀၀ ဟာလည်း ဒီအစီအစဉ်နဲ့ အကျုံးဝင်မှာဖြစ်ပါတယ်။

 

နိုဝင်ဘာလ ၅ ရက်နေ့ရွေးကောက်ပွဲမှာ ဒုတိယအကြိမ်အရွေးခံရဖို့ ကြိုးပမ်းနေတဲ့ ဒီမိုကရက်တစ်ဦးဖြစ်တဲ့ ဘိုင် ဒန်ဟာ ထရမ့်ရဲ့တင်းကျပ်တဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကို ပြန်လည်ပြင်ဆင်ပစ်ဖို့ သံန္နိဋ္ဌာန်ချထားပြီး နေရာ ရရခဲ့တာဖြစ်ပါတယ်။

 

ဒါပေမဲ့ အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက် ရွှေ့ပြောင်းနေထိုင်သူတွေ စံချိန်တင်ဖမ်းဆီးခံနေရတဲ့ဖြစ် စဉ်တွေ ရင်ဆိုင်နေရတဲ့အတွက် ဘိုင်ဒန်က ၎င်းရဲ့လမ်းကြောင်းကို ပြန်လည်တင်းကျပ်ခဲ့ပါတယ်။

 

အမေရိကန်-မက္ကဆီကို နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာပြီး နိုင်ငံရေးခိုလှုံခွင့်တောင်း ခံလာသူအများစုကို အခုလအစောပိုင်းက သမ္မတဘိုင်ဒန်က ပိတ်ပင်တားဆီးခဲ့ပါတယ်။

 

အဲဒီပိတ်ပင်တားဆီးတဲ့မူဝါဒကို ထရမ့်လက်ထက်က ချမှတ်ခဲ့တာဖြစ်ပြီး အဲဒီမူဝါဒကို ရေ့ွှ့ပြောင်းနေထိုင်သူ တွေဘက်ကထောက်ခံသူတွေနဲ့ ဒီမိုကရက်အမတ်တချို့က ကန့်ကွက်ခဲ့ကြပါတယ်။

 

အမေရိကန်နိုင်ငံသားတွေနဲ့လက်ထပ်ထားတဲ့ ရွှေ့ပြောင်းနေထို်င်သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ့် ဘိုင်ဒန်ရဲ့ အစီအစဉ်ဟာ “ပိုမိုလူသားဆန်တဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်တစ်ခု” ကို ၎င်းအနေနဲ့ ထောက်ပံ့ပေးထားကြောင်း ၎င်းရဲ့သမ္မတလောင်းမဲဆွယ်ပွဲမိန့်ခွန်းကို အားဖြည့်နိုင်သလို တရားဝင်/တရားမဝင် လူဝင်မှုကြီးကြပ်ရေးနှစ်ခုစ လုံးနဲ့ ပတ်သက်ပြီး ကာလရှည်သဘောထားတင်းမာတဲ့ ထရမ့်နဲ့ ဘယ်လိုကွဲပြားတယ်ဆိုတာ ထုတ်ဖော်ပြသ လိုက်တာလည်းဖြစ်ပါတယ်။

 

“လစ်ဘာတီရုပ်ထုကြီးဟာ အမေရိကန်သမိုင်းရဲ့ အမွေအနှစ်လေးတစ်ခုမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်သူ တွေလဲဆိုတာ ကိုယ်စားပြုနေဆဲ ရုပ်တုတစ်ခုဖြစ်ပါတယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

Ref: Biden offers citizenship path to spouses of Americans in sweeping election-year move

 

#PeopleMedia


Share this post