• Follow Us on
Latest News

Home အမေရိကန်ထုတ် ဧရာမဗုံးတွေ အစ္စရေးနိုင်ငံကို ညတွင်းချင်းရောက်ရှိလာ

အမေရိကန်ထုတ် ဧရာမဗုံးတွေ အစ္စရေးနိုင်ငံကို ညတွင်းချင်းရောက်ရှိလာ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပထမဦးဆုံးအကြိမ်အဖြစ် အစ္စရေးနိုင်ငံကို ရောက်လာစဉ်အတွင်းမှာပဲ အမေရိကန်က ပို့ဆောင်ပေးလိုက်တဲ့ အမေရိကန်ထုတ် ဧရာမဗုံးတွေ အစ္စရေးနိုင်ငံကို ညတွင်းချင်းရောက်ရှိလာကြောင်း အစ္စရေးကာ ကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၆ ရက်နေ့ (တနင်္ဂနွေနေ့) က ပြောပါတယ်။

 

“အမေရိကန်အစိုးရက ပို့ပေးလိုက်တဲ့ လေယာဉ်သုံး ဧရာမဗုံးတစ်သုတ် ရောက်ရှိလာတဲ့အတွက် ညတွင်းချင်းပဲ သယ်ယူ ပြီးသွားပြီဖြစ်ပါတယ်။” လို့ မကြာသေးခင်က သမ္မတဒေါ်နယ်ထရမ့် ခွင့်ပြုလိုက်တဲ့ MK-84 ဗုံးတွေကို ရည်ညွှန်းပြီး ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

“ထရမ့်အစိုးရက ခွင့်ပြုလိုက်ပြီး အစ္စရေးကို ရောက်ရှိလာတဲ့ လက်နက်တွေဟာ အစ္စရေးလေတပ်နဲ့ အစ္စရေးတပ်မတော် အတွက် တန်ဖိုးကြီးမားတဲ့ပစ္စည်းတွေဖြစ်ပြီး အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုကြားက ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံ ရေးကို ထပ်မံပြသလိုက်တဲ့ သက်သေလည်းဖြစ်ပါတယ်။” လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က ထုတ်ပြန် ချက်ထဲမှာ ရေးသားထားပါတယ်။

 

ထရမ့်အစိုးရဟာ ဒေါ်လာ ၇.၄ ဘီလျံ တန်ဖိုးရှိတဲ့ ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေပါဝင်တဲ့ စစ်လက်နက် ပစ္စည်းတွေကို အစ္စရေးကိုရောင်းချပေးဖို့ ဖေဖော်ဝါရီ အစောပိုင်းက ခွင့်ပြုခဲ့ပါတယ်။

 

အခုရောင်းချမှုဟာ လက်ရှိကာလနဲ့ အနာဂတ်ကာလ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် အစ္စရေးနိုင်ငံရဲ့ စွမ်းရည် တွေနဲ့ နိုင်ငံရဲ့ကာကွယ်ရေးအင်အားကို မြှင့်တင်ပေးသွားမှာဖြစ်သလို ဒေသတွင်း ခြိမ်းခြောက်မှုတွေအတွက် ကာကွယ် ရေးအင်အားတစ်ရပ်အဖြစ်လည်း တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီ DSCA က ပြောပါတယ်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမတ်စ်အဖွဲ့က အစ္စရေးကို အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်ခဲ့တာကို လက် တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာဒေသကို ထိုးစစ်ဆင်ပြီး ပြင်းပြင်းထန်ထန် ချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။

 

အစ္စရေးရဲ့ ပြင်းထန်တဲ့ လက်တုံ့ပြန်မှုကြောင့် ဂါဇာဒေသမှာ ပါလက်စတိုင်း ၄၆၆၀၀၀ ကျော်သေဆုံးခဲ့ပြီး လူဦးရေ ၂.၄ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

 

ဇန်နဝါရီ ၁၉ ရက်နေ့ကစတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ဟားမတ်စ်တွေဖမ်းဆီးထိန်းသိမ်းထား တဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။

 

အရပ်သားတွေ အသေအပျောက်များလာမှာကို စိုးရိမ်ပူပန်တဲ့အနေနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရဟာ အစ္စရေး ကို ပေါင် ၂၀၀၀ ဗုံးတွေ ပို့ပေးမယ့်အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ပေမဲ့ ဒေါ်နယ်ထရမ့်က အာဏာရရချင်း ချက်ချင်းခွင့်ပြု ခဲ့ ပါတယ်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရူဘီယိုကလည်း တနင်္ဂနွေနေ့မှာ အစ္စရေးနိုင်ငံကို ပထမဦးဆုံးခရီးစဉ်ဖြစ်ရောက်ရှိလာပြီး ဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟု၊ တခြား အစ္စရေးထိပ်တန်းအရာရှိကြီးတွေနဲ့ တွေ့ဆုံသွားမယ်လို့ ခန့်မှန်းထားကြပါ တယ်။

 

Ref: Shipment of ‘Heavy’ US Bombs Arrives in Israel: Defense ministry: The Defense Post

 

#PeopleMedia


Share this post