• Follow Us on
Latest News

Home အမေရိကန်ထောက်ပံ့ငွေရပ်စဲခံရပြီးနောက် RFA Burmeseမှ သတင်းလုပ်ငန်း ရပ်တန့်သွားနိုင်ကြောင်းအ သိပေးပြီး၊ VOA Burmeseမှလည်းတိုက်ရိုက် Live ထုတ်လွှင့်မှုများကိုခေတ္တရပ်နားကြောင်းကြေညာ

အမေရိကန်ထောက်ပံ့ငွေရပ်စဲခံရပြီးနောက် RFA Burmeseမှ သတင်းလုပ်ငန်း ရပ်တန့်သွားနိုင်ကြောင်းအ သိပေးပြီး၊ VOA Burmeseမှလည်းတိုက်ရိုက် Live ထုတ်လွှင့်မှုများကိုခေတ္တရပ်နားကြောင်းကြေညာ

Share this post

နေပြည်တော်၊ မတ် ၁၇

 

အမေရိကန်အစိုးရထောက်ပံ့ငွေ ရပ်စဲခံရပြီးနောက် RFA Burmeseမှ သတင်းလုပ်ငန်း ရပ်တန့်သွားနိုင်ကြောင်း အသိပေးထားပြီး၊ VOA Burmeseမှလည်း တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဉ်များကို ခေတ္တရပ်နားထား ကြောင်း ကြေညာထားသည်။

 

 

အမေရိကန်အစိုးရက RFAနှင့် မိတ်ဖက်သတင်းဌာနများအတွက် နှစ်စဉ်ပေးအပ်နေသည့် ထောက်ပံ့ငွေများကို ၂၀၂၅ ခုနှစ် မတ်လ ၁၅ရက်တွင် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း RFA Butmeseမှ ဖော်ပြထားသည်။

 

 

ပြီးခဲ့သည့် မတ်လ ၁၄ရက်တွင် အမေရိကန် သမ္မတဒေါ်နယ်ထရန့် လက်မှတ်ထိုး ထုတ်ပြန်လိုက်သည့် စာတွင်  ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM)၏ ဥပဒေလိုအပ်ချက်အရ အကျုံးမဝင်သည့် လုပ်ငန်းအစိတ်အပိုင်း များကို လျှော့ချရန် တောင်းဆိုထားသည်။

 

 

RFA ဥက္ကဋ္ဌ Bay Fangထံ မတ်လ ၁၅ ရက်တွင် USAGM၏ အထူးအကြံပေးအရာရှိ ကယ်ရီလိတ် က ပေးပို့လိုက်သည့် အကြောင်းကြားစာတွင် RFA သတင်းဌာနကို အမေရိကန်အစိုးရကထောက်ပံ့နေသည့် ငွေများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း၊ RFA အနေနှင့် လက်ကျန်ငွေများကို အချိန်မဆိုင်းဘဲ အစိုးရကို ပြန်လည်ပေးအပ် ရမည်ဖြစ်ကြောင်း၊ ယခုရပ်ဆိုင်းလိုက်သည့်အမိန့်ကို ရက် ၃ဝ အတွင်း အယူခံတင်နိုင် ကြောင်းကို ရေးသားထားကြောင်း RFAမှ သိရသည်။

 

 

 

VOA Burmeseမှလည်း ဗွီအိုအေ မြန်မာပိုင်း၏ တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဉ်များကို ခေတ္တရပ်နား ထားပြီး မကြာခင်ကာလတွင် ပြန်လည် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း  အသိပေးကြေညာ ထားသည်။

 

 

USAGMထုတ်ပေးသည့် ငွေကြေးနှင့် လည်ပတ်နေသည့် Voice of Americaမှ ဝန်ထမ်းအားလုံးကိုလည်း လစာအပြည့်နှင့် ခွင့်ပေးလိုက်ပြီး ရုံးကိုပင် မလာခိုင်းတော့ကြောင်း  သိရသည်။

 

Photo-Credit

#PeopleMedia


Share this post