• Follow Us on

Home အမေရိကန်ထောက်ပံ့ထားတဲ့ တင့်ဖျက်လက်နက် ပစ်မှတ်ထိရောက်မှု မတိကျဟု ထိုင်ဝမ်ပြော

အမေရိကန်ထောက်ပံ့ထားတဲ့ တင့်ဖျက်လက်နက် ပစ်မှတ်ထိရောက်မှု မတိကျဟု ထိုင်ဝမ်ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၀

 

မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ အမေရိကန်ကထောက်ပံ့ထားတဲ့ တင့်ဖျက်လက်နက် ဟာ ပစ်မှတ်ထိမှန်မှု လျော့နည်းတဲ့အတွက် အဲဒီလက်နက်ကို ပြန်လည်ဆန်းစစ်လေ့လာဖို့ လိုအပ်ကြောင်း ထိုင် ဝမ်တပ်မတော်က ပြောကြားလိုက်ပါတယ်။

 

အခုသီတင်းပတ်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ Sky Horse စစ်ရေးလေ့ကျင့်မှုအစိတ်အပိုင်းတစ်ရပ်အဖြစ် BGM-71 (TOW) 2A ဒုံးကျည် ၁၇ စင်း ပစ်ခတ်ခဲ့ရာ ၇ စင်းသာ ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဆိုပါဖြစ်စဉ်ကြောင့် အဲဒီလက်နက်ခဲယမ်းရဲ့ တိကျမှုကို စိုးရိမ်ခဲ့ပေမဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ လက်နက်ရဲ့ စွမ်း ဆောင်ရည်ထက် လက်နက်ကိုင်ဆောင်မယ့်စစ်သည်ရဲ့စွမ်းဆောင်ရည် တိုးတက်လာအောင် အဓိကထား လေ့ ကျင့်ခဲ့တာဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန (MND) က ပြောပါတယ်။

 

ဒါပေမဲ့ အမေရိကန်ထုတ် အဲဒီလက်နက်ရဲ့ တိကျမှုစွမ်းရည်လျော့ကျနေတာကို ဆွေးနွေးဖို့အတွက် လာမယ့် သီတင်းပတ်မှာ အကဲဖြတ်ဆန်းစစ်လေ့လာရေးအစည်းအဝေးတစ်ရပ် ကျင်းပသွားမှာဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

 

အဲဒီလက်နက်စနစ် မျှော်လင့်ထားတဲ့အတိုင်း မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဘယ်စစ်သည်ကိုမှ အရေးယူ ဆောင်ရွက်တာမျိုးလုပ်မှာမဟုတ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

 

ထိုင်ဝမ်နိုင်ငံဟာ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံထံက TOW 2B ဒုံးကျည် ၁၇၀၀ မှာယူထားပြီး အခုနှစ် အကုန်လောက်မှာ အဲဒီလက်နက်တွေ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

 

စစ်ရေးလေ့ကျင့်မှုမှာ အသုံးပြုမယ့် တင့်ဖျက်လက်နက်အားလုံးကို အသုံးမပြုခင်မှာ စေ့စေ့စပ်စပ် သေချာစွာ စစ်ဆေးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အဲဒီလို စစ်ဆေးခဲ့ပေမဲ့လည်း ပစ်မှတ်လွဲချော်မှုတွေမှာ ခဲယမ်းချွတ်ယွင်းချက်တချို့ရှိနေတာကို တွေ့ရှိရတယ် လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်လီယူရှန်မိုက ပြောပါတယ်။

 

ဒုံးကျည်တချို့ဟာ ပစ်မှတ်နဲ့ လွဲချော်ခဲ့သလို ဒုံးကျည်တချို့ကလည်း ပစ်မှတ်မရောက်ခင် ပြုတ်ကျသွားတယ် လို့ ဆိုပါတယ်။

 

တပြိုင်တည်းမှာပဲ “လက်နက်ကိုင်ဆောင်တဲ့စစ်သည်ရဲ့ မကျွမ်းကျင်မှုကြောင့်လည်း ပစ်မှတ်လွဲချော်ခဲ့တာတွေ ဖြစ်နိုင်တယ်” ဆိုတဲ့အချက်ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ထည့်တွက်ထားတယ်လို့ဆိုပါတယ်။

 

အခုစစ်ရေးလေ့ကျင့်မှုမှာပါဝင်တဲ့ စစ်သည် ထက်ဝက်ကျော်ဟာ ဒီတင့်ဖျက်ဒုံးကျည်ကို အရင်တုန်းက ကိုင် တွယ်ပစ်ခတ်ဖူးခြင်းမရှိသေးကြောင်း ကြည်းတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ချန်းချိယန်ယီက ပြောပါ တယ်။

 

အမေရိကန်လက်နက်နဲ့ အကျွမ်းတဝင်ရှိပြီးသား အရာရှိတွေနဲ့ တခြားအကြပ်စစ်သည်တွေအနေနဲ့ ၎င်းတို့ သင် ယူလေ့လာခဲ့တဲ့အတွေ့အကြုံတွေကို တခြားရဲဘော်ရဲဘက်တွေကို ပြန်လည် လက်ဆင့်ကမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ချန်းချိယန်ယီက ပြောပါတယ်။

 

Ref: Taiwan Reports Low Accuracy of US-Supplied Anti-Tank Weapons

 

#PeopleMedia


Share this post