• Follow Us on

Home အမေရိကန်ထံက အသေခံဒရုန်း အစင်း ၂၀၀ အစ္စရေးတောင်းခံထား

အမေရိကန်ထံက အသေခံဒရုန်း အစင်း ၂၀၀ အစ္စရေးတောင်းခံထား

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၀

 

အမေရိကန်အစိုးရဟာ အစ္စရေးနိုင်ငံက Switchblade 600 (အမှတ် ၆၀၀ မောင်းပြန်ဓား) အသေခံဒရုန်းအစင်း ၂၀၀ ရောင်းချပေးဖို့တောင်းခံထားတာကို စိစစ်နေကြောင်း The Defense က ရေးသားထားပါတယ်။

 

အစ္စရေးအစိုးရဟာ အဲဒီအသေခံဒရုန်းတွေကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ ဒါမှမဟုတ် အဲဒီနေ့ မတိုင်ခင်ကတည်းက AeroVironment ကုမ္ပဏီထံ တောင်းခံထားတာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှတ် တမ်းတွေကို ကိုးကားပြီး Defense Scoop သတင်းဌာနက ပြောပါတယ်။

 

Switchblade 600 အသေခံဒရုန်းကို တပ်ဖွဲ့ဝင်တစ်ဦးတည်းက ၁၀ မိနစ်အတွင်းမှာ လွှတ်တင်နိုင်ပါတယ်။ ဒီအသေခံဒရုန်းဟာ တစ်ဆက်တည်း မိနစ် ၄၀ အထိ ပျံသန်းနိုင်ပြီး ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာအဝေးက ပစ်မှတ်ကို တိုက်ခိုက်နိုင်ပါတယ်။

 

အလေးချိန် ၁၅ ကီလိုဂရမ် (၃၃ ပေါင်) ရှိတဲ့ ဒီအသေခံဒရုန်းဟာ အမြင်စွမ်းအားအလွန်မြင့်မားတိကျပြီး မာ ကျောတဲ့ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ဖို့အတွက် သံချပ်ကာဖောက်ထွင်းနိုင်တဲ့ ထိပ်ဖူးတပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

“အဆင့်မြင့်ပုံရိပ်ဖမ်းစနစ်တွေနဲ့အတူ အီလက်ထရောနစ်နဲ့ အနီအောက်ရောက်ခြည်အာရုံခံကိရိယာတွေတပ် ဆင်ထားပြီး ခေတ်မီပျံသန်းထိန်းချုပ်ရေးစနစ်ပါရှိတဲ့ Switchblade 600 အသေခံဒရုန်းဟာ အလွယ်တကူ အ မြန်ဆုံးတပ်ဖြန့်ချထားနိုင်သလို အမြန်ဆုံးပျံသန်းပြီး သံချပ်ကာယာဉ်/တင့်ကားတွေအပါအဝင် ပစ်မှတ်တွေကို ပစ်ခတ်ချေမှုန်းနိုင်ပါတယ်။” AeroVironment ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသကို အရှိန်မြှင့်တိုက်ခိုက်နေသလို အမေရိကန်အစိုးရကလည်း အစ္စရေး အတွက် ကွန်ဂရက်လွှတ်တော်ကနေ ဒေါ်လာ ၁၄ ဘီလျံတန်ကြေးရှိ အကူအညီပေးဖို့ တင်ပြထားတဲ့အချိန်မှာ အခုလို အသေခံဒရုန်းတွေတောင်းခံထားတာကို စိစစ်နေတဲ့ကိစ္စ ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

စစ်ရေးထောက်ပံ့ကူညီမှုအစီအစဉ်ထဲမှာ သံမဏိအမိုးဒုံးခွင်းဒုံးစနစ် ၁၀၀ နဲ့ Tamir ကြားဖြတ်တိုက်ခိုက်ရေး ဒုံးကျည် ၁၄,၀၀၀ စင်းပါဝင်ပါတယ်။

 

ဒါ့အပြင် အမေရိကန်အစိုးရဟာ ပဲ့ထိန်းဒုံးကျည်တွေ အစ္စရေးကို ပေးပို့ခဲ့ပြီးဖြစ်သလို နောက်ထပ် အဆင့်မြှင့် တင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အကြီးစားတွေကိုလည်း ထပ်မံပေးပို့သွားဖို့ စီစဉ်နေပါတယ်။

 

Ref: Israel Requests 200 Switchblade Kamikaze Drones From US

 

#PeopleMedia


Share this post