• Follow Us on
Latest News

Home အမေရိကန်ဒရုန်းတွေကိုတုပထုတ်လုပ်ထားတဲ့ ဒရုန်းအသစ်တွေ မြောက်ကိုရီးယားထုတ်ဖော်ပြသ

အမေရိကန်ဒရုန်းတွေကိုတုပထုတ်လုပ်ထားတဲ့ ဒရုန်းအသစ်တွေ မြောက်ကိုရီးယားထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂

 

ဆန်းစစ်လေ့လာသူတွေက အမေရိကန် MQ-9 Reaper ဒရုန်းနဲ့ RQ-4 Global Hawk ဒရုန်းကို ပုံစံယူထုတ် လုပ်ထားတယ်လို့ ပြောဆိုထားတဲ့ ဒရုန်းအသစ်နှစ်မျိုးကို မြောက်ကိုရီးယားနိုင်ငံက မကြာသေးခင်ကာလကပဲ ထုတ်ဖော်ပြသခဲ့ပါတယ်။

 

မြောက်ကိုရီးယားဟာ တောင်ကိုရီးယား/ အမေရိကန်နိုင်ငံတို့နဲ့ ဆက်ဆံရေးတင်းမာနေစဉ်အတွင်း ပြီးခဲ့တဲ့သီ တင်းပတ်က ပြုံယမ်းမြို့တော်မှာကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ အဲဒီမောင်းသူမဲ့လေယာဉ်တွေကို ထုတ် ဖော်ပြသခဲ့တာဖြစ်ပါတယ်။

 

ထရပ်ကားတွေပေါ်မှာတင်ဆောင်လာတဲ့ ပထမဒရုန်းအမျိုးအစားကတော့ AGM-114 Hellfire ဒုံးကျည် ၈ စင်း အထိ တပ်ဆင်နိုင်တဲ့ General Atomic ကုမ္ပဏီထုတ် Reaper ဒရုန်းတွေနဲ့ တစ်ထပ်တည်းပုံစံတူတဲ့ ဒရုန်းတွေ ဖြစ်ပါတယ်။

 

ပုံစံတူထုတ်လုပ်ထားတဲ့ အဲဒီဒရုန်းတွေရဲ့ ဆောင်ရွက်မှုနဲ့ ကင်းထောက်စွမ်းရည်တွေကို ရှင်းရှင်းလင်းလင်းမသိ ရသေးပေမဲ့ အမေရိကန်ဒရုန်းစီမံချက်ကို လိုက်လံတုပဖို့ကြိုပမ်းနေတဲ့ မြောက်ကိုရီးယားရဲ့ဆောင်ရွက်မှုကို ထုတ်ဖော်ပြသလိုက်တာပဲဖြစ်တယ်လို့ ဆိုပါတယ်။

 

စစ်ရေးပြအခမ်းအနားမစတင်မီ သီးခြားပြသခဲ့တဲ့လက်နက်ပြပွဲမှာတော့ အမေရိကန်ထုတ် RQ-4 Global Hawk ဒရုန်းနဲ့ပုံစံတူ ဒရုန်းတစ်စင်းကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

 

အခုထုတ်ဖော်ပြသလိုက်တဲ့ ဒရုန်းတွေဟာ မြောက်ကိုရီးယားလေတပ်ကို ထောက်ပံ့ကူညီဖို့အတွက် ဒီဇိုင်းရေး ဆွဲထုတ်လုပ်ထားတဲ့ မဟာဗျူဟာမြောက် ကင်းထောက်ဒရုန်းတွေနဲ့ ဘက်ပေါင်းစုံတိုက်ခိုက်ရေးဒရုန်းတွေဖြစ် ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ကြေညာသွားပါတယ်။

 

အမေရိကန် MQ-9 Reaper ဒရုန်းကို တုပထုတ်လုပ်ထားတဲ့ မြောက်ကိုရီးယားဒရုန်းတွေဟာ မူရင်း MQ-9 Reaper ဒရုန်းတွေထက် လက်နက်တွေ ပိုမိုတပ်ဆင်ထားနိုင်ဖွယ်ရှိတယ်လို့ ဆိုးလ်မြို့အခြေစိုက် စစ်ရေးဆန်း စစ်လေ့လာသူ ယန်းယူကေက NK သတင်းဌာနကို ပြောပါတယ်။

 

အမေရိကန်ထုတ် Reaper ဒရုန်းတွေမှာ လက်နက်တပ်ဆင်ဖို့နေရာ ၄ နေရာသာပါရှိပေမဲ့ မြောက်ကိုရီးယားက တုပထုတ်လုပ်ထားတဲ့ ဒရုန်းတွေမှာတော့ တောင်ပံတစ်ဖက်ဆီမှာ ၃ နေရာနဲ့ စုစုပေါင်း လက်နက်တပ်ဆင်မယ့် နေရာ ၆ နေရာပါရှိတာကို တွေ့ရှိရတယ်လို့ ၎င်းက ပြောပါတယ်။

 

ဒရုန်းတွေဟာ အမေရိကန်ထုတ်တွေကိုပုံစံတုပထုတ်လုပ်ထားတယ်ဆိုပေမဲ့ မြောက်ကိုရီးယားအစိုးရဟာ အမေ ရိကန်ထုတ် အာရုံခံကိရိယာ (ဆင်ဆာ) တွေနဲ့ လေကြောင်းအတတ်ပညာတွေကို ဒရုန်းထဲမှာ ပေါင်းစပ်ထည့် သွင်းဖို့ နည်းလမ်းတွေ ရရှိခဲ့ဟန်တူတယ်လို့ သံသယရှိကြောင်း ယန်းက ပြောပါတယ်။

 

မြောက်ကိုရီးယားဒရုန်းတွေရဲ့ ထိပ်ပိုင်းမှာ ဖွံ့ဖြိုးလာတဲ့ဒုံးခွင်းဒုံးစနစ်ကို သတိပြုမိကြောင်း နောက်ထပ်ဆန်းစစ် လေ့လာသူတစ်ဦးဖြစ်သူ Open Nuclear Network က ဇူတီယန်ရန်းက ပြောပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံဟာ ဆက်သွယ်ရေးဂြိုဟ်တု မပိုင်ဆိုင်ရသေးတဲ့နိုင်ငံဖြစ်တာကြောင့် ဒုံးခွင်းဒုံးစနစ်ရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရဘူးလို့ဆိုပါတယ်။

 

ဒရုန်းအသစ်တွေကိုအသုံးချဖို့အတွက် မြောက်ကိုရီးယားနိုင်ငံဟာ အင်အားကြီးမဟာမိတ်နိုင်ငံတွေဆီက ဆက် သွယ်ရေးဂြိုဟ်တုတွေကို ငှားရမ်းသုံးစွဲနိုင်ကြောင်း ဇူက ပြောပါတယ်။

 

Ref: North Korea Flaunts Two New Aircraft Resembling US Military Drones: The Defense Post

 

#PeopleMedia


Share this post