• Follow Us on

Home အမေရိကန်ဒရုန်းတွေ ကြာရှည်ပျံသန်းနိုင်မှုနဲ့ မောင်းနှင်မှုစွမ်းအားတိုးမြှင့်ဖို့အတွက် DZYNE ကုမ္ပဏီက နည်း ပညာသစ်တွေ ဒီဇိုင်း ရေးဆွဲထုတ်လုပ်မည်

အမေရိကန်ဒရုန်းတွေ ကြာရှည်ပျံသန်းနိုင်မှုနဲ့ မောင်းနှင်မှုစွမ်းအားတိုးမြှင့်ဖို့အတွက် DZYNE ကုမ္ပဏီက နည်း ပညာသစ်တွေ ဒီဇိုင်း ရေးဆွဲထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈

 

အမေရိကန်မောင်းသူမဲ့လေယာဉ်တွေ ကြာရှည်ပျံသန်းနိုင်မှုနဲ့ မောင်းနှင်မှုစွမ်းအား တိုးမြှင့်နိုင်ဖို့အတွက် ကုန်ကျ စရိတ်သက်သက်သာသာနဲ့ စစ်ဘက်ဆိုင်ရာနည်းပညာစွမ်းရည်တွေ ဒီဇိုင်းရေးဆွဲထုတ်လုပ်ပေးဖို့ အမေရိကန် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ DZYNE ကုမ္ပဏီဟာ အမေရိကန်လေတပ်သုတေသနလက်တွေ့စမ်းသပ်ဌာ န (US Air Force Research Laboratory – AFRL) နဲ့ ဒေါ်လာ ၄၉ သန်းတန်ကန်ထရိုက်စာချုပ်တစ်ခုကိုလက် မှတ်ရေးထိုးလိုက်ပါတယ်။

 

အမေရိကန်မောင်းသူမဲ့လေယာဉ်တွေ ခရီးရှည်မောင်းနှင်ဆောင်ရွက်ရမယ့်စစ်ဆင်ရေးတာဝန်တွေကို ထမ်း ဆောင်နိုင်ဖို့အတွက် နည်းပညာဖန်တီးထုတ်လုပ်ဖို့ DZYNE ကုမ္ပဏီရဲ့ ကာလရှည်စီမံချက်အတွက် အခုကန် ထရိုက်စာချုပ်က သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို ထောက်ပံ့သွားမှာဖြစ်ပါတယ်။

 

ခေတ်မီ AI နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ထိန်းချုပ်မှုစနစ်တွေက စီမံချက်အသစ်မှာလေ့လာနေတဲ့ စွမ်းရည်တွေ ကို ပိုမိုပြည့်စုံစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ပိုမိုအားကောင်းတဲ့ ဒရုန်းတပ်ဖွဲ့တစ်ခု ဖွဲ့စည်းတည်ဆောက်ဖို့ ဘိုင်ဒန်အစိုးရက တွန်းအားပေးနေတဲ့အချိန်မှာ အခုလို DZYNE ကုမ္ပဏီနဲ့ အမေရိကန်လေတပ်သုတေသနလက်တွေ့စမ်းသပ်ဌာန (AFRL) တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

ဒီကန်ထရိုက်စာချုပ်ဟာ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို တုံ့ပြန်ဖို့ ကုမ္ပဏီကတိကဝတ်တွေကို အ လေးထားဖော်ပြထားတာဖြစ်ကြောင်း DZYNE ကုမ္ပဏီဘုတ်ဥက္ကဋ္ဌ ဘန်းဆယ်လ်တာက ပြောပါတယ်။

 

“အမေရိကန်လေတပ်သုတေသနလက်တွေ့စမ်းသပ်ဌာန (AFRL) နဲ့ ဆက်လက် လက်တွဲဆောင်ရွက်ရတာ ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူပါတယ်။ သမရိုးကျစစ်လက်နက်ပစ္စည်းဝယ်ယူရေးကုန်ကျစရိတ်ကို လျှော့ချပေး ပြီး ကျွန်တော်တို့နိုင်ငံနဲ့ နိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် အလွန်ခေတ်မီတဲ့ နည်း ပညာတွေ ဆက်လက်ထုတ်လုပ်သွားဖို့ မျှော်လင့်စောင့်စားနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

DZYNE ကုမ္ပဏီရဲ့ လတ်တလောကာလ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အထင်ရှားဆုံးပူးပေါင်းဆောင်ရွက်မှုထဲမှာ Replicator စီမံကိန်းအပါအဝင် မောင်းသူမဲ့လေယာဉ်စီမံချက်တွေကို ထောက်ပံ့ဖို့အတွက် ကယ်လီဖိုးနီယား ပြည်နယ်၊ အာ့ဗင်မြို့မှာ စတုရန်းပေ ၁၂၅,၀၀၀ ရှိတဲ့ သုတေသနဌာနတစ်ခုကို တည်ဆောက်သွားဖို့လည်းပါ ဝင်ပါတယ်။ အဲဒီသုတေသနဌာနမှာ သုတေသန၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေကို လာမယ့်နှစ်မှာ စတင် ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။

 

Ref: US Air Force Grants $49-Million Long-Endurance Drone Deal

 

#PeopleMedia


Share this post