အမေရိကန်နိုင်ငံကသာ စစ်ပွဲကို ရပ်တန့်နိုင်ကြောင်း လက်ဘနွန်ပြော
PUBLISHED - September 25, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅
အမေရိကန်နိုင်ငံကသာ စစ်ပွဲကို တားဆီးနိုင်မှာဖြစ်ကြောင်း လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာဘူဟာ ဘစ်က အင်္ဂါနေ့ (စက်တင်ဘာ ၂၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ဒုံးကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ်နေတဲ့ကြားကနေ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲကြီးတစ်ပွဲဖြစ်ပွားလာ မှာကို စိုးရိမ်နေတဲ့ကြားမှာ အင်္ဂါနေ့က အစ္စရေးတပ်တွေ ဘေရွတ်မြို့ကို လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အချိန် မှာ ဟစ်ဘိုလာထိပ်တန်းခေါင်းဆောင်တစ်ဦးသေဆုံးသွားပြီးနောက် ဘက်ဘနွန်နိုင်ငံက အခုလိုပြောကြား လိုက်တာဖြစ်ပါတယ်။
အင်္ဂါနေ့က အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာထိပ်တန်းခေါင်းဆောင် အီဘရာဟမ်ကူဘေစီ သေဆုံးသွားပြီဆိုတာကို ဟစ်ဘိုလာအဖွဲ့ကလည်း ဗုဒ္ဓဟူးနေ့ အစောပိုင်းက အတည်ပြုကြေညာခဲ့ပါတယ်။
အီဘရာဟမ်ကူဘေစီဟာ ဟစ်ဘိုလာအဖွဲ့ရဲ့ ဒုံးကျည်နဲ့ ရော့ကက်တပ်ဖွဲ့တွေကို ဦးစီးကွပ်ကွဲနေတဲ့သူဖြစ်တယ် လို့ အစ္စရေးဘက်က ပြောပါတယ်။
တနင်္လာနေ့မနက်ကတည်းကစတင်ခဲ့တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံမှာ ကလေးသူငယ် ၅၀ အပါအဝင် လူဦးရေ ၅၆၉ ဦး သေဆုံးသွားပြီး ၁၈၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီး ဖိယက်စ်အက်ဘီယက်က အယ်ဂျာဇီးယားရုပ်သံဌာနကို ပြောပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းဟားမတ်စ်တို့ တစ်နှစ်နီးပါး စစ်ဖြစ်နေတဲ့ကြားက အခုလို ဟစ်ဘိုလာစစ်သွေးကြွအဖွဲ့ ကို အစ္စရေးက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ ပိုမိုမြင့်တက် လာပြီး မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
ဗြိတိန်အစိုးရက လက်ဘနွန်နိုင်ငံမှာရှိတဲ့ ၎င်းတို့နိုင်ငံသားတွေကို ထွက်ခွာသွားဖို့ ပြောဆိုထားပြီး ဗြိတိန်နိုင်ငံ သားတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ဖို့အတွက် ဆိုက်ပရပ်စ်ကို တပ်ဖွဲ့ဝင်အင်အား ၇၀၀ စေလွှတ် သွား မယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ လက်ရှိပဋိပက္ခနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ လုံခြုံရေး ကောင်စီအစည်းအဝေး ကျင်းပသွားမယ်လို့ ပြောပါတယ်။
“လက်ဘနွန်နိုင်ငံဟာ ချောက်ကမ်းပါးစွန်းပေါ်မှာ ရောက်နေပါပြီ။ လက်ဘနွန်ပြည်သူတွေ၊ အစ္စရေးပြည်သူတွေ နဲ့ ကမ္ဘာ့ပြည်သူတွေဟာ လက်ဘနွန်နိုင်ငံ နောက်ထပ် ဂါဇာဒေသဖြစ်မလာအောင် မတားဆီးနိုင်တော့ပါဘူး။” လို့ ကုသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ပြောပါတယ်။
“စစ်ပွဲကြီးတစ်ခုဖြစ်လာတာဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ အခြေအနေတွေ ပိုမိုတင်းမာလာတယ်ဆို ရင်တောင် သံတမန်လမ်းကြောင်းကတစ်ဆင့် ဖြေရှင်းလို့ ရနိုင်ပါသေးတယ်။” လို့ အခုသီတင်းပတ်အတွင်း ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။
“ဂျိုးဘိုင်ဒန်ရဲ့ ပြောဆိုမှုတွေဟာ ခိုင်မာမှုမရှိသလို အောင်မြင်မယ့်အလားအလာလည်း မတွေ့ရပါဘူး။ လက်ဘ နွန်နိုင်ငံနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့အပြောင်းအလဲကိုလုပ်နိုင်တဲ့နိုင်ငံဆိုလို့ အမေရိကန်နိုင်ငံပဲရှိပါတယ်။ အမေရိကန်အစိုးရဟာ အစ္စရေးရဲ့ ကာလရှည်မဟာမိတ်နိုင်ငံဖြစ်သလို အစ္စရေးကို လက်နက်တွေ အများဆုံး ထောက်ပံ့နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။” လို့ ဘက်ဘနွန်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာဘူဟာဘစ်က ပြောပါ တယ်။
“ကျွန်တော်တို့ လွတ်မြောက်ရေးအတွက် အမေရိကန်နိုင်ငံက အခရာအကျဆုံးနိုင်ငံဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Amid Israel-Hezbollah strikes, Lebanon says only US can stop fighting
#PeopleMedia