• Follow Us on

Home အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန် သိမ်းပိုက်ခံအနောက်ဘက်ကမ်းခြေဒေသကို သွားရောက်ခဲ့

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန် သိမ်းပိုက်ခံအနောက်ဘက်ကမ်းခြေဒေသကို သွားရောက်ခဲ့

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၆

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်ဟာ နိုဝင်ဘာလ ၅ ရက်နေ့ (တနင်္ဂနွေနေ့) က ကြေညာ ထားခြင်းမရှိဘဲ သိမ်းပိုက်ခံအနောက်ဘက်ကမ်းခြေဒေသကို သွားရောက်ခဲ့ပြီး ပါလက်စတိုင်းသမ္မတမာမွတ် အက်ဘတ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

 

“ပါလက်စတိုင်းတွေကို အဓမ္မရွှေ့ပြောင်းခြင်းမလုပ်ရဘူး။” လို့ နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က ရှင်းလင်းပြတ် သားစွာပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

 

တနင်္ဂနွေနေ့ အစောပိုင်းက ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အယ်လ်မာဟာဇီဒုက္ခသည်စခန်းကို အစ္စရေးလေတပ် က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပါလက်စတိုင်း ၄၇ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ် လို့ ဂါဇာကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

 

အရပ်သားတွေအတွက် အကူအညီတွေပို့ဆောင်ပေးနိုင်ရေး တိုက်ခိုက်မှုတွေ အချိန်ပိုင်းရပ်တန့်ပေးဖို့ အမေရိ ကန်နဲ့ တခြားနိုင်ငံတွေက မေတ္တာရပ်ခံထားပေမဲ့ အစ္စရေးနိုင်ငံကတော့ ဂါဇာကမ်းမြောင်ဒေသတိုက်ခိုက်မှုကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

 

အစ္စရေးလေတပ်ရဲ့အဆက်မပြတ်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၉၇၀၀ ကျော်သေဆုံးသွားပြီဖြစ်ပြီး လူဦးရေ ၁.၄ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ပလက်စတိုင်းကျန်းမာရေးဝန်ထမ်းတွေက ပြောပါ တယ်။ အစ္စရေးဘက်မှာလည်း ဟားမတ်စ်တွေတိုက်ခိုက်မှုကြောင့် အစ္စရေးလူမျိုး ၁၄၀၀ သေဆုံးပြီး ၂၄၁ ဦး ဓားစာခံ တွေအဖြစ် အဖမ်းခံထားရတယ်လို့ဆိုပါတယ်။

 

လူူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနိုင်ရေး တိုက်ခိုက်မှုတွေ အချိန်ပိုင်းရပ်တန့်ဖို့ အသေးစိတ် ဆွေးနွေးနေတယ်လို့ ဘလင်ကန်က ပြောပါတယ်။

 

ဘလင်ကန်ဟာ အနောက်ဘက်ကမ်းခြေဒေသကတစ်ဆင့် အီရတ်နိုင်ငံကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

 

“အီရန်နိုင်ငံနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်အုပ်စုတွေဆီက တိုက်ခိုက်မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး လုံးဝလက်ခံမှာမဟုတ်ပါဘူး။” လို့ အီရတ်အစိုးရနဲ့ ဆွေးနွေးစဉ် ဘလင်ကန်က ပြောဆိုခဲ့ပါတယ်။

 

Ref: Blinken makes surprise visit to occupied West Bank

 

#PeopleMedia


Share this post