• Follow Us on

Home အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ရန်သူသဖွယ်သဘောထားခြင်းမှာကြီးမားသောနောက်ခံအကြောင်း ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ရန်သူသဖွယ်သဘောထားခြင်းမှာကြီးမားသောနောက်ခံအကြောင်း ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၇

 

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအားရန်သူသဖွယ်သဘောထားခြင်းမှာ ကြီးမားသောနောက်ခံ အကြောင်း ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်း အဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အချို့ ပြည်ပနိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအပေါ်တွင် ပိတ်ဆို့ အရေးယူမှုများပြုလုပ်ခြင်းနှင့် ဝင်ရောက်စွက်ဖက်မှုများကို ယခင်ကလည်း ပြုလုပ်ခဲ့သကဲ့သို့ ယခုအချိန် အထိလည်း ပြုလုပ်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှု များကို အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုမှ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့မှုများရှိကြောင်း၊ မြန်မာနှင့် အမေ ရိကန်သည် ရန်ဘက် နိုင်ငံများ မဟုတ်ကြောင်း၊ စစ်ဖြစ်ပွားဖူးခြင်းလည်း မရှိကြောင်း၊ ယုတ်ဆွအဆုံး အရှေ့ တောင်အာရှတွင် အမေရိကန်ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သော ဗီယက်နမ်စစ်ပွဲ၌ပင် မြန်မာတို့ပါဝင်ပတ် သက်မှုမရှိခဲ့ကြောင်း၊ ပြောသည်။

 

သို့သော်ယနေ့ကာလ အထိ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအားရန်သူသဖွယ်သဘောထားခြင်းမှာ ကြီးမား သောနောက်ခံအကြောင်းရှိကြောင်း၊ အရှေ့တောင်အာရှဒေသတွင် အမေရိကန်ဦး ဆောင်သော SEATO အဖွဲ့ကို ၁၉၅၄ ခုနှစ်တွင်ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ အရှေ့တောင် အာရှဒေသအတွင်း ကွန်မြူနစ်စနစ်မပြန့်ပွား ရေးပင်ဖြစ်ကြောင်း၊ ၁၉၇၇ ခုနှစ်၊ ဇွန်လ မှ ၎င်းအဖွဲ့ကို ဖျက်သိမ်းခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပါ ပြည်နယ် များခွဲထွက်ခွင့်၊ ၎င်းအပေါ်မူတည်၍ ၁၉၆၁ -၁၉၆၂ ခုနှစ်တွင် ဖြစ်လာသည့် ပြည်နယ်များ၏ တောင်းဆိုမှုများကို SEATO ဖြစ်စဉ်နှင့် ဆက်စပ် ကြည့်ပါက မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးမှုကို သဘောပေါက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း မဖြစ်သည့်အခါ ၎င်းကဲ့သို့မဖြစ်အောင်ကာကွယ်နိုင်သည့် အင်အားစုများကို ရန်ပြုခြင်းမှာ မြင်သာသည့် အကြောင်းအရာပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုလက်ရှိအခြေအနေတွင်လည်း အမေရိကန်ဦးဆောင်သော အုပ်စု၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး  (China Containment Policy) ပင်ဖြစ်ကြောင်း၊ ထို့ကြောင့်မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စု အာဏာ ရရှိရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မရရှိ ခဲ့ပါက မြန်မာနိုင်ငံ၌ ကဏ္ဍပေါင်းစုံ မငြိမ်မသက် ဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ် အမျိုးမျိုး အကြောင်းအမျိုးမျိုးဖြင့် ကူညီနေကြောင်း၊ ပြောသည်။

 

အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စသောနိုင်ငံများသည် သမိုင်းအစဉ်အလာအရ ရင်းနှီး သောမိတ်ဆွေ နိုင်ငံများဖြစ်ကြောင်း၊ သို့သော် အမေရိကန်၏ဩဇာလွှမ်းမိုးမှုကိုမလွန်ဆန်နိုင်သော နိုင်ငံများက မိမိတို့နိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ပိတ်ဆို့မှုများ ပြုလုပ် ခဲ့ကြကြောင်း၊ မိမိတို့သည် ဘဏ်စနစ်တစ်ခုဖြင့်သာ ရှင်သန်ရပ်တည်ကုန်သွယ် နေသည့်နိုင်ငံမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် မိတ်ဆွေ နိုင်ငံများ၊ အိမ်နီးချင်းမိတ်ဆွေ နိုင်ငံများနှင့် လက်တွဲဆောင်ရွက်ခဲ့ရကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးနှင့် ကုန်သွယ်မှု ကိစ္စများ၌ ငွေကြေးစနစ်တစ်ခု တည်းအပေါ်တွင်သာ မှီခိုအားထားမှုမပြုဘဲ ငွေကြေး စနစ် အမျိုးမျိုးဖြင့် အသုံးပြုနိုင်မှုအပေါ် နိုင်ငံတကာက အလေးထားလာသကဲ့သို့ မိမိတို့ လည်းဆောင်ရွက်နေ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေကို ယခုထက်ပိုမို ကောင်းမွန်စေ လိုလျှင် ပိုမိုပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ရိုက် (သို့မဟုတ်)သွယ်ဝိုက်အားပေးနေခြင်းသည် ပြည်သူတို့၏ဆန္ဒဖြစ်သော ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးသွားနိုင်ကြောင်းဖြင့် ပြောကြား သည်။

 

#PeopleMedia


Share this post