• Follow Us on

Home အမေရိကန်နဲ့ ဆွေးနွေးဖို့ လိုအပ်ပေမဲ့ ယူကရိန်းကိစ္စ ပါဝင်ရမှာဖြစ်ကြောင်း ရုရှားပြော

အမေရိကန်နဲ့ ဆွေးနွေးဖို့ လိုအပ်ပေမဲ့ ယူကရိန်းကိစ္စ ပါဝင်ရမှာဖြစ်ကြောင်း ရုရှားပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၂၂

 

လုံခြုံရေးကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးဖို့ လိုအပ်နေတာမှန်ပေမဲ့ ပြည်စုံတဲ့ဆွေးနွေးမှု ဖြစ်ရမှာဖြစ်သလို ယူကရိန်းကိစ္စလည်းပါဝင်ရမှာဖြစ်ကြောင်း ရုရှားအစိုးရက သောကြာနေ့ (ဇွန်လ ၂၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

နျူကလီးယားပြဿနာနဲ့ ပတ်သက်ပြီး ရုရှားအစိုးရအနေနဲ့ အမေရိကန်အစိုးရနဲ့ ဆွေးနွေးဖို့ အသင့်ဖြစ်နေလား လို့ မေးမြန်းတဲ့အခါ “ပြဿနာတွေ တစ်ပြုံတစ်မကြီးထဲက ဘယ်ပြဿနာအစိတ်အပိုင်းကိုမှ ဖယ်ထုတ်ထားဖို့ မဖြစ်နိုင်ပါဘူး။ ကျွန် တော်တို့ဘက်ကလည်း အဲဒီလိုလုပ်မှာမဟုတ်ပါဘူး။” လို့ ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီ ထရီပက်စ်ကော့ဗ်က ပြန်ဖြေပါတယ်။

 

“ဒါ့ကြောင့် ကျွန်တော်တို့ ဆွေးနွေးဖို့ လမ်းဖွင့်ထားပါတယ်။ ဒါပေမဲ့ လက်ရှိဖြစ်နေတဲ့ ယူကရိန်းစစ်ပွဲနဲ့ ဆက်စပ် တဲ့ကိစ္စတွေ၊ စစ်ပွဲမှာ အမေရိကန်ရဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုတွေအပါအဝင် ဘက်ပေါင်းစုံပါဝင်တဲ့ ဆွေးနွေး မှုမျိုးပဲဖြစ်ရပါမယ်။” လို့ ပက်စ်ကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။

 

ယူကရိန်းကို လက်နက်တပ်ဆင်ပေးတာနဲ့ ရုရှားကို မဟာဗျူဟာမြောက် အနိုင်ရဖို့ရည်မှန်းထားတဲ့ စစ်ပွဲမှာ အဓိကဇာတ်ကောင်နေရာက ပါဝင်နေတယ်ဆိုတဲ့ ရုရှားနိုင်ငံရဲ့ စွပ်စွဲချက်ကို အမေရိကန်ပြည်ထောင်စုက ငြင်း ဆိုပယ်ချလိုက်ပါတယ်။

 

စစ်ပွဲနဲ့ပတ်သက်တဲ့ ဘယ်လိုစေ့စပ်ညှိနှိုင်းမှုမျိုးမဆို ယူကရိန်းအတွက်ဖြစ်ကြာင်း အမေရိကန်က ပြောပါတယ်။ ပက်စ်ကော့ဗ်ပြောထားတဲ့ ရုရှားနိုင်ငံရဲ့ ရပ်တည်ချက်က အသစ်အဆန်းမဟုတ်ပေမဲ့ ရုရှားနဲ့ အမေရိကန်တို့ ဆွေးနွေးဖို့လိုအပ်တဲ့ စာရင်းက ပိုမိုများပြားလာကြောင်း ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

 

“ခြုံပြီးပြောရရင် ဆွေးနွေးဖို့ သိပ်ကိုလိုအပ်ပါတယ်။ ပြဿနာတွေ တစ်ပြုံတစ်ထွေးကြီးရှိနေပြီး နိုင်ငံတကာလုံခြုံ ရေးတည်ဆောင်မှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေကလည်း အများအပြားရှိနေတာကြောင့် ဆွေးနွေးဖို့ လိုအပ်ပါ တယ်။” လို့ ပက်စ်ကော့ဗ်က ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲ သုံးနှစ်ထဲဝင်လာတဲ့အချိန်မှာ လုံခြုံရေးပြဿနာတွေကို စာရင်းထဲထည့်လာတာ ပူတင်ဖြစ်တယ် လို့ အမေရိကန်အစိုးရဘက်က ရှုမြင်ပါတယ်။

 

အခုသီတင်းပတ်ထဲမှာ နျူကလီးယားပိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံကို ပူတင်သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ စစ်ရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

 

ယူကရိန်းကို အနောက်အုပ်စုက လက်နက်ထောက်ပံ့နေတာကို တုံ့ပြန်တဲ့အနေနဲ့ ၎င်းကလည်း မြောက်ကိုရီး ယားကို လက်နက်တွေ ထောက်ပံ့ပေးနိုင်ကြောင်း ပူတင်က ပြောပါတယ်။

 

ရုရှားနိုင်ငံရဲ့ နျူကလီးယားလက်နက်တွေ အသုံးပြုရေး မူဝါဒနဲ့ပတ်သက်ပြီးတော့ ပြန်လည်ဆန်းစစ်သုံးသပ်ဖို့ ၎င်းအနေနဲ့ စဉ်းစားနေကြောင်းလည်း ပူတင်က ထပ်ဖန်တလဲလဲ ပြောပါတယ်။

 

Ref: Russia tells US: we need to talk, but Ukraine must be on agenda

 

#PeopleMedia


Share this post