အမေရိကန်နဲ့ တရုတ်လို ဂျပန်နိုင်ငံကလည်း ပူးတွဲစစ်ဆင်ရေးကွပ်ကွဲမှုဌာနတစ်ခုဖွဲ့စည်း

PUBLISHED - March 25, 2025
နိုင်ငံတကာ၊ မတ် ၂၅
အနာဂတ်စစ်ပွဲအတွက် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ၎င်းတို့ရဲ့ စစ်ရေးအသင့်ပြင်ဆင်မှုကို အဆင့်မြှင့်တင်ခဲ့သလို ဂျပန်နိုင်ငံကလည်း ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ (Self-Defense Forces – SDF) အတွက် ပူးတွဲစစ်ဆင်ရေးကွပ်ကွဲမှုဌာန ချုပ်တစ်ခုကို ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။
စစ်ပွဲဖြစ်ပွားလာတဲ့အချိန်မှာ ပိုမိုထိရောက်ပြီး စုစည်းညီညွတ်စွာ တုံ့ပြန်တိုက်ခိုက်နိုင်ဖို့အတွက် SDF ပူးတွဲစစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ်ဟာ ဂျပန်နိုင်ငံရဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အားလုံးကို ပေါင်းစပ်ညှိနှိုင်းသွားမှာဖြစ်ပါတယ်။ အရင်တုန်းကတော့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့သုံးခု စုစည်းညီညွတ်စွာ တိုက်ပွဲဝင်နိုင်ဖို့အတွက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ အကြီးအကဲက တာဝန်ယူဆောင်ရွက်ပါတယ်။
အခုအချိန်မှာ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ အကြီးအကဲကလည်း SDF ပူးတွဲစစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးကို အကြံပေးတဲ့နေရာမှာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ပူးတွဲစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်အသစ်ဟာ စစ်ပွဲကာလအတွင်း ဆုံးဖြတ်ချက်အမြန်ချပြီး အမြန်ဆုံးတုံ့ပြန်ရာမှာ ပိုမိုအ ဆင်ပြေချောမွေ့အောင် ပံ့ပိုးသွားမှာဖြစ်သလို ဗိုလ်ချုပ်ကြီးတစ်ဦးဦးစီးတဲ့ ပူးတွဲစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ဖွဲ့စည်းမှုမှာ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ အကြီးအကဲက ကာကွယ်ရေးဝန်ကြီးကို အဓိက ပံ့ပိုးသွားရမှာဖြစ်ပါတယ်။
SDF ပူးတွဲစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို ကာကွယ်ရေးဝန်ကြီးဌာနမှာ အခြေစိုက်ဖွဲ့စည်းထားပြီး တပ်ဖွဲ့ဝင်အင်အား ၂၄၀ ဝန်းကျင် ခန့်အပ်ထားပါတယ်။ ခေတ်သစ်စစ်ပွဲမှာ ဘုံရည်မှန်းချက်တစ်ခုကို အောင်မြင်စွာ တိုက်ခိုက်နိုင်ရေး စုစည်းညီညွတ်စွာ တိုက်ခိုက်နိုင်ဖို့အတွက် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေရဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးပါတယ်။
စစ်ပွဲအတွင်း ပေါင်းစပ်ညှိနှိုင်းမှု မြှင့်တင်နိုင်ဖို့နဲ့ ထိရောက်စွာတိုက်ခိုက်နိုင်တဲ့ စစ်ရေးစွမ်းရည်မြှင့်တင်နိုင်ဖို့အတွက် အမေ ရိကန်၊ တရုတ်နဲ့ တခြားနိုင်ငံတွေဟာ ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွေကို ဖွဲ့စည်းတည်ဆောက်ထားခဲ့ပြီး ဖြစ်ပါ တယ်။
ဂျပန်နိုင်ငံမှာတော့ ဒေသတွင်း ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေနဲ့ တင်းမာမှုတွေ ဆက်လက် မြင့်တက်နေစဉ်အတွင်း SDF ပူးတွဲစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ဟာ ဂျပန်တပ်မတော်ကို “တိုက်စွမ်းရည် ပိုမိုမြင့်မားတဲ့ တပ်မတော်တစ်ရပ်” အဖြစ် အဆင့်မြှင့်တင်သွားဖို့ ရည်ရွယ်ထားပါတယ်။
“မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ရာမှာ ပြောင်းလွယ်ပြင်လွယ်ဖြစ်တဲ့ စစ်ရေးတပ်ဖြန့်ချထားမှုကငိုူ ဆက် လက်ထိန်းသိမ်းနိုင်ဖို့အတွက် SDF ပူးတွဲစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ဟာ မိမိတို့တပ်ဖွဲ့တွေရဲ့ နေ့စဉ်ရက်ဆက် တပ် ပြောင်းလဲနေရာချထားမှုတွေကို ကွပ်ကဲသွားနိုင်စွမ်းရှိမှာဖြစ်ပါတယ်။” လို့ အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ယိုရှီမာဆာ ဟာယာရှီက ပြောပါတယ်။
Ref: Following US and China, Japan Unifies Military Branches Under Single Command
#PeopleMedia