အမေရိကန်နဲ့ တရုတ် ထိပ်တန်းအရာရှိနှစ်ဦး ထိုင်းနိုင်ငံမှာတွေ့ဆုံမှု ထိုင်းနိုင်ငံအတွက် သံတမန် အောင်မြင်မှု ဖြစ်
PUBLISHED - January 31, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁
ထိုင်းနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံက ထိပ်တန်းအရာရှိနှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့တာဟာ ထိုင်းနိုင်ငံအတွက် သံတမန်ဆိုင်ရာအဓိကအောင်မြင်မှုတစ်ရပ်အဖြစ် ရှုမြင်နိုင်ကြောင်း DW သတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ဆူလီဗန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ယီတို့ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ရာ အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုတွေ မြင့်တက်နေတဲ့ကြားက ထိုင်းနိုင်ငံရဲ့ သံတမန်ဆိုင်ရာအရည်အသွေးကို ထုတ်ဖော်ပြသလိုက်တာပဲဖြစ်တယ်လို့ ဆိုပါတယ်။
စီးပွားရေး၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး မကြာသေးခင်နှစ်များအတွင်း မဟာအင် အားကြီးနှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
အခုတွေ့ဆုံမှုဟာ ဝါရှင်တန်နဲ့ ပေကျင်း အစိုးရနှစ်ရပ်စလုံးက ထိုင်းနိုင်ငံအပေါ် ဘယ်လိုရှုမြင်တယ်ဆိုတာကို ထုတ်ဖော်ပြသလိုက်တာဖြစ်ကြောင်း “ထိုင်းနိုင်ငံ- အမေရိကန်နဲ့ တိုးတက်လာတဲ့တရုတ်ကြားက အရွေ့အ ပြောင်းနေရာတစ်ခု” စာအုပ်ကို ရေးသားခဲ့တဲ့ ဘင်ဂျမင်ဇဝါကီက ပြောပါတယ်။
“အခုတွေ့ဆုံဆွေးနွေးမှုဟာ ထိုင်းနိုင်ငံနဲ့ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ရတာ အမေရိကန်နဲ့ တရုတ်နှစ် နိုင်ငံစလုံးအတွက် ယုံကြည်စိတ်ချရပြီး ဘေးကင်းလုံခြုံမှုရှိတယ်ဆိုတာကို ထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။
ဂျိတ်ဆူလီဗန်နဲ့ ဝန်ယီတို့ဟာ အီရန်အရေး၊ ပင်လယ်နီတစ်ဝိုက်က တိုက်ပွဲဖြစ်ပွားမှုများ၊ ထိုင်ဝမ်အရေး၊ မြန်မာ အရေး၊ မြောက်ကိုရီးယားအရေးနဲ့ တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားမှုတွေအပါအဝင် ပထဝီနိုင်ငံရေးဆိုင် ရာပြဿနာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
နောက်ထပ်ဆွေးနွေးမှုတွေအဖြစ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ လာမယ့်နွေဦး ရာသီမှာ တယ်လီဖုန်းလိုင်းကတစ်ဆင့် ဆွေးနွေးသွားဖို့ မျှော်လင့်ထားပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန် တိုနီဘလင်ကန် လာမယ့်လပိုင်းအတွင်း ပေကျင်းကို သွားရောက်လည်ပတ်မယ်လို့ ခန့်မှန်းထားပါတယ်။
ဘန်ကောက်မှာကျင်းပခဲ့တဲ့ ဒီတွေ့ဆုံမှုဟာ အလွန်ကြီးမားတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ အောင်မြင်မှုတစ်ခုဖြစ်သ လို ထိုင်းနိုင်ငံရဲ့ ဘက်မလိုက်မူဝါဒကိုလည်း ထပ်လောင်းအတည်ပြုလိုက်တာလို့ ဘင်ဂျမင်ဇဝါကီက ပြောပါ တယ်။
ထိုင်းဝန်ကြီးချုပ်သစ်ဆရက်ထာထာဗီဆင်အတွက် နောက်ထပ်ရရှိခဲ့အထောက်အကူတစ်ရပ်ကတော့ ဆူလီဗန် နဲ့ ဝန်ကြားက တွေ့ဆုံမှုကို အမေရိကန်အစိုးရက ထိုင်းအစိုးရကို ထောက်ခံမှုတစ်ရပ်အဖြစ် မှတ်ယူနိုင်တာပဲဖြစ် တယ်လို့ ဆိုပါတယ်။
ဆရက်ထာနဲ့ ၎င်းရဲ့ ဖီယူထိုင်းပါတီဟာ ပြီးခဲ့တဲ့နှစ် အထွေထွေရွေးကောက်ပွဲအပြီး လူထုထောက်ခံမှုမှာ Move Forward ပါတီရဲ့နောက်မှာပဲရှီပါတယ်။
ဒါပေမဲ့ ထိုင်းနို်င်ငံရဲ့ ရှေးရိုးစွဲဝါဒီတွေကြီးစိုးထားတဲ့ အထက်လွှတ်တော်က ပြုပြင်ရေးဝါဒီတွေကြီးစိုးထားတဲ့ Move Forward ပါတီကို အစိုးရဖွဲ့စည်းခွင့် ပိတ်ပင်တားဆီးခဲ့တဲ့အတွက် ဆရက်ထာဝန်ကြီးချုပ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ဘန်ကောက်ဆွေးနွေးပွဲမစခင်မှာ ဂျိတ်ဆူလီဗန်ဟာ ဝန်ကြီးချုပ်ဆရက်ထာနဲ့ ထိုင်းအရာရှိတွေကို တွေ့ဆုံခဲ့ပါ တယ်။
ဆူလီဗန်ဟာ အမေရိကန်-ထိုင်း ဆက်ဆံရေးအရေးကြီးပုံအကြောင်း ဆွေးနွေးခဲ့သလို ကုန်သွယ်ရေး/လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့အတွက် နောက်ထပ်အခွင့်အလမ်းတွေရှိကြောင်းကိုလည်း ပြောဆိုသွားခဲ့ ပါတယ်။
ထိုင်း-တရုတ် ဆက်ဆံရေးအနေနဲ့ နှစ်နိုင်ငံစလုံးဟာ စီးပွားရေးဆက်ဆံမှုတွေကို ဆက်လက်တိုးမြှင့်တည် ဆောက်လျက်ရှိပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံရဲ့အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ ၁၃၅ ဘီလျံရှိခဲ့ပါတယ်။
Ref: US-China rivalry: Where does Thailand stand?
#PeopleMedia