အမေရိကန်နဲ့ ဗီယက်နမ်ဆက်ဆံရေး ဂျိုးဘိုင်ဒန်မြှင့်တင်
PUBLISHED - September 11, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၁
အမေရိကန်ပြည်ထောင်စုနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ၎င်းတို့ရဲ့ဆက်ဆံရေးကို “ဘက်စုံမဟာဗျူဟာမြောက်မိတ် ဖက်ဆက်ဆံရေး” အထိ တိုးမြှင့်သွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က စက်တင်ဘာလ ၁၀ ရက် နေ့ (တနင်္ဂနွေနေ့) က ပြောကြားလိုက်ပါတယ်။
“ဗီယက်နမ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ကျွန်တော်ပြောတဲ့ တကယ့်ကိုအရေးကြီးတဲ့အချိန်မှာ အ ရေးကြီးတဲ့ မိတ်ဖက်နိုငငံတွေဖြစ်ပါတယ်။ ကျွန်တော် ဒီစကားကို ယဉ်ကျေးမှုအရပြောနေတာမဟုတ်ပါဘူး။ ကျွန်တော့်နှလုံးသားထဲက ထွက်ပေါ်လာတဲ့ အဓိပ္ပာယ်ကို ရည်ညွှန်းပြီးပြောနေတာပါ။”လို့ ဘိုင်ဒန်က ဗီယက် နမ်နိုင်ငံကို ပထမဦးဆုံးအကြိမ်ရောက်ရှိလာတဲ့အချိန်မှာ ပြောပါတယ်။
“ဗီယက်နမ်ဟာ လွတ်လပ်ရေးရခဲ့ပြီးနောက် ဟိုချီမင်းစိတ်ဓာတ်နဲ့ အမေရိကန်နိုင်ငံ၊ တခြားနိုင်ငံတကာမိတ်ဖက် နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်သွားမှာဖြစ်ပါတယ်။” လို့ ဗီယက်နမ်ကွန်မြူနစ်ပါတီရဲ့အထွေထွေ အတွင်းရေးမှူး ငုယင်ဖူထရောင်က ပြောပါတယ်။
“ဗီယက်နမ်နိုင်ငံဟာ မိတ်ဆွေနိုင်ငံဖြစ်ပြီး အားထားရလောက်တဲ့ မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံ တကာအသိုင်းအဝိုင်းမှာ ယုံကြည်စိတ်ချရတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။” လို့ ၎င်းကပြောပါတယ်။
ဗီယက်နမ်နိုင်ငံက ၎င်းတို့ပိုင်ဆိုင်ထားပါတယ်လို့ ပြောထားတဲ့ နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ရဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ တိုးမြှင့်လှုပ်ရှားလာမှုတွေကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။
“ဗီယက်နမ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ ခိုင်မာအားကောင်းတဲ့ဆက်ဆံရေးတည်ဆောက်လိုပါတယ်။ ဗီယက်နမ်ဟာ ဒေသတွင်းမှာ စီးပွားရေးကနေ လုံခြုံရေးရှုထောင့်တွေအထိ ၎င်းတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို အမေ ရိကန်နဲ့ မျှဝေလျက်ရှိပါတယ်။ ကျွန်တော်တို့ အကျိုးစီးပွားအများအပြားနဲ့ပတ်သက်ပြီး အပြန်အလှန်ပြောကြား ခဲ့ကြပါတယ်။ တရုတ်နိုင်ငံရဲ့အမူအကျင့်တွေအပါအဝင် စိန်ခေါ်မှုတချို့နဲ့ပတ်သက်ပြီးတော့လည်း အမြင်တွေ ဖလှယ်ခဲ့ကြပါတယ်။” လို့ အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာမြောက်ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဂျွန်ကာဘီက ခရီးစဉ်ရဲ့ဘေးပန်းအစီအစဉ်အဖြစ် VOA ကို ပြောပါတယ်။
အခု အမေရိကန်သမ္မတခရီးစဉ်ဟာ ၁၉၉၅ ခုနှစ် ဗီယက်နမ်-အမေရိကန်ဆက်ဆံရေးစတင်ထူထောင်ချိန်က တည်းက အကြီးမားဆုံးသောခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံအနေနဲ့လည်း ၎င်းတို့ရဲ့မြောက်ဘက်က အင်အားကြီးတရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ဂရုတစိုက် ချိန်ညှိထိန်းသိမ်းနေရပါတယ်။
ငုယင်ဖူထရောင်နဲ့ ဂျိုးဘိုင်ဒန်တို့ဟာ အရင်ကတည်းက တွေ့ခဲ့ဖူးပါတယ်။ ထရောင်ဟာ ၂၀၁၅ ခုနှစ်တုန်းက အမေရိကန်ကို ပထမဦးဆုံးသွားရောက်ခဲ့တဲ့ ဗီယက်တမ်ကွန်မြူနစ်ပါတီခေါင်းဆောင်ဖြစ်ပါတယ်။ အဲဒီအချိန်က အမေရိကန်ဒုတိယသမ္မတဖြစ်တဲ့ ဂျိုးဘိုင်ဒန်က ထရောင်ကို ညစာနဲ့တည်ခင်းဧည့်ခံခဲ့ပါတယ်။
ဘက်စုံပြည့်စုံတဲ့မိတ်ဖက်ဆက်ဆံရေးကနေ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအထိ အဆင့်မြှင့် တင်တာဟာ အလွန်အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ အဲဒီအဆင့်မှာ တရုတ်၊ ရုရှား၊ အိန္ဒိယ နဲ့ တောင်ကိုရီးယားနိုင်ငံ စုစုပေါင်း လေးနိုင်ငံကိုပဲ စာရင်းထဲမှာထည့်ထားတဲ့နိုင်ငံဖြစ်ပါတယ်။
“အမေရိကန်နိုင်ငံထဲမှာနေတဲ့ ကျွန်တော်တို့လိုလူတွေအတွက်တော့ စွပ်ပြုတ်ဆိုတဲ့စကားလုံးလိုပဲ မတူကွဲပြား တဲ့အသံတွေအမျိုးမျိုးရှိမှာပါပဲ။ သံတမန်ဆက်ဆံရေးမှာ တင်းကျပ်တဲ့လီနင်ဝါဒီရာထူးဂုဏ်သိမ်အဆင့်ဆင့်ရှိတဲ့ ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်လိုနိုင်ငံမျိုးအတွက်တော့ ဒီအကြောင်းအရာက တကယ့်ကိုအရေးကြီး ပါတယ်။” လို့ ဝါရှင်တန်ရှိ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာက ထိပ်တန်းအဆင့်အဖွဲ့ဝင်တစ်ဦးဖြစ် သူ ဂရီဂိုရီပိုလင်းက ပြောပါတယ်။
“ဗီယက်နမ်နိုင်ငံဟာ သံတမန်ဆက်ဆံရေးမှာ ရာထူးဂုဏ်သိမ်အဆင့်ဆင့်ကို အလွန်ရှင်းရှင်းလင်းလင်းခွဲခြား ထားတဲ့နိုင်ငံဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Biden Elevates US Relationship with Vietnam
#PeopleMedia