• Follow Us on
Latest News

Home အမေရိကန်နဲ့ ဗြိတိန်က စိတ်ထိန်းဖို့ ပြောနေတဲ့ကြားက အစ္စရေးလေယာဉ်တွေ လက်ဘနွန်တောင်ပိုင်းကို ပြင်းပြင်းထန်ထန်တိုက်ခိုက်

အမေရိကန်နဲ့ ဗြိတိန်က စိတ်ထိန်းဖို့ ပြောနေတဲ့ကြားက အစ္စရေးလေယာဉ်တွေ လက်ဘနွန်တောင်ပိုင်းကို ပြင်းပြင်းထန်ထန်တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

 

အစ္စရေးနဲ့ လက်ဘနွန်ဟစ်ဘိုလာ စစ်သွေးကြွအုပ်စုတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်သည်းခံဖို့ တောင်းဆိုထား တဲ့ကြားထဲက စစ်ပွဲကာလတစ်နှစ်နီးပါးအကြာ ကြာသပတေးနေ့ (စက်တင်ဘာ ၁၉ ရက်နေ့) ညပိုင်းမှာ အစ္စ ရေးလေယာဉ်တွေဟာ လက်ဘနွန်တောင်ပိုင်းကို အပြင်းထန်ဆုံး သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

 

သံတမန်ဖြေရှင်းနည်းက အောင်မြင်မှုရနိုင်ပြီး အမြန်ဆောင်ရွက်ဖို့ အမေရိကန်အစိုးရက တိုက်တွန်းလိုက်သလို အစ္စရေးနဲ့ ဟစ်ဘိုလာကြား အပစ်အခတ်ချက်ချင်းရပ်စဲဖို့လည်း ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

 

တင်းမာမှုတွေ ပိုမိုမြင့်တင်လာမှာကို အမေရိကန်အစိုးရက စိုးရိမ်ပူပန်နေကြောင်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ကရိန်းဂျိန်းပီးယားက ပြောပါတယ်။

 

မကြာသေးခင်က လက်ဘနွန်နိုင်ငံမှာ ဟစ်ဘိုလာတွေရဲ့ ရေဒီယိုတွေနဲ့ ပေဂျာတွေ ပေါက်ကွဲခဲ့ရာ ၃၇ ဦး သေ ဆုံးပြီး ၃၀၀၀ ဝန်းကျင်ဒဏ်ရာရခဲ့ပြီး အဲဒီတိုက်ခိုက်မှုဟာ အစ္စရေးလက်ချက်လို့ လက်ဘနွန်နဲ့ ဟစ်ဘိုလာအဖွဲ့ က မှတ်ယူပြီးနောက်ပိုင်း အခုလို လေကြောင်းတိုက်ခိုက်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။

 

ကြာသပတေးနေ့ညပိုင်းက တိုက်ခိုက်မှုမှာ အစ္စရေးနိုင်ငံဘက်ကို ပစ်ခတ်ဖို့ ပြင်ဆင်ထားတဲ့ လက်ဘနွန်နိုင်ငံ တောင်ပိုင်းက ရာနဲ့ချီတဲ့ ဒုံးပစ်စင်အမျိုးအစားပေါင်းစုံကို အစ္စရေးဂျက်တိုက်လေယာဉ်တွေက နှစ်နာရီအတွင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

 

ည ၉ နာရီနောက်ပိုင်းမှာ လက်ဘနွန်တောင်ပိုင်းကို အစ္စရေးလေယာဉ်တွေက ၅၂ ကြိမ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း လက်ဘနွန်သတင်းဌာန NNA က ပြောပါတယ်။

 

အခုတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက စတင်ခဲ့တဲ့ စစ်ပွဲအတွင်း အပြင်းထန်ဆုံး လေ ကြောင်းတိုက်ခိုက်မှုဖြစ်ကြောင်း လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ် ၃ ဦးက ပြောပါတယ်။

 

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှု သတင်းတွေကိုတော့ မသိရသေးပါဘူး။

 

အစ္စရေးလေယာဉ်တွေဟာ လက်ဘနွန်တောင်ပိုင်းက ရော့ကက်ပစ်စင် ၁၀၀ ဝန်းကျင်နဲ့ တခြား ပစ်မှတ်အများ အပြားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဟစ်ဘိုလာပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

 

အင်္ဂါနေ့က ပေဂျာတွေ၊ ရေဒီယိုတွေကို ဖောက်ခွဲမှုပြုလုပ်ခဲ့တာဟာ “အနီလိုင်းအားလုံးကို ဖြတ်ကျော်လိုက်တာ ပဲဖြစ်ကြောင်း” ဟစ်ဘိုလာခေါင်းဆောင် ဟက်ဆန်နက်ရှ်ရာလာက ကြာသပတေးနေ့ ရုပ်သံမိန့်ခွန်းမှာ ထည့် သွင်းပြောကြားလိုက်ပါတယ်။

 

“ရန်သူဟာ ထိန်းချုပ်မှုတွေ၊ ဥပဒေတွေနဲ့ ကိုယ်ကျင့်တရားဆိုင်ရာစည်းကမ်းချက်တွေကို ကျော်လွန်သွားပြီဖြစ် ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို စစ်ရာဇဝတ်မှု ဒါမှမဟုတ် စစ်ကြေညာခြင်းတစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ပေဂျာနဲ့ ရေဒီယို ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးဘက်က တိုက်ရိုက်တုံ့ပြန်ပြောဆိုခြင်းမရှိပေမဲ့ နိုင်ငံခြားမြေပေါ်မှာ အဆင့်မြင့်မြင့်တိုက်ခိုက်တဲ့ ဒီလိုတိုက်ခိုက်မှုမျိုးကို အစ္စရေးထောက်လှမ်းရေး မော့ဆက် အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်နိုင်ကြောင်း လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

Ref: Israel unleashes heavy strikes on Lebanon as US, UK urge restraint (Reuters)

 

#PeopleMedia


Share this post