• Follow Us on

Home အမေရိကန်နဲ့ အိန္ဒိယ Stryker သံချပ်ကာယာဉ်တွေ ပူးတွဲထုတ်လုပ်မည်

အမေရိကန်နဲ့ အိန္ဒိယ Stryker သံချပ်ကာယာဉ်တွေ ပူးတွဲထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၄

 

အိန္ဒိယအစိုးရက တရုတ်နိုင်ငံကို ကာကွယ်ဟန့်တားရေး မြှင့်တင်မှုတစ်ရပ်အဖြစ်ကြိုးပမ်းရာမှာ အိန္ဒိယနိုင်ငံနဲ့အ တူလက်တွဲပြီး Stryker သံချပ်ကာယာဉ်တွေထုတ်လုပ်ဖို့အတွက် အမေရိကန်အစိုးရက သဘောတူညီလိုက်ပါ တယ်။

 

Stryker သံချပ်ကာယာဉ်တွေ ပူးပေါင်းထုတ်လုပ်မယ့်သဘောတူညီချက်အတွက် မူအားဖြင့်သဘောတူညီမှုစာ တစ်စောင်ကို မကြာသေးခင်က အိန္ဒိယအစိုးရက အမေရိကန်အစိုးရကို တင်ပြခဲ့သလို အသေးစိတ်ကို ဆက် လက်တိုင်ပင်ဆွေးနွေးသွားမှာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်ကိုကိုးကားပြီး Nikkei သတင်းဌာနက ပြောပါတယ်။

 

အိန္ဒိယပြည်တွင်းထုတ် သံချပ်ကာယာဉ်အများစုကို ၂၀၂၀ ပြည့်နှစ်က နှစ်နိုင်ငံပဋိပက္ခဖြစ်ခဲ့တဲ့ အိန္ဒိယ-တရုတ် နယ်စပ်တစ်လျှောက်မှာ တပ်ဖြန့်ချထားကြောင်း Bloomberg မီဒီယာက ပြောပါတယ်။

 

တချို့သံချပ်ကာယာဉ်တွေကိုတော့ အိန္ဒိယနိုင်ငံအနောက်ပိုင်း ပါကစ္စတန်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်တစ် လျှောက်မှာ တပ်ဖြန့်ချထားတယ်လို့ Bloomberg မီဒီယာက ပြောပါတယ်။

 

အိန္ဒိယအစိုးရဟာ Stryker သံချပ်ကာယာဉ်တွေထုတ်လုပ်ဖို့ကြိုးပမ်းနေပြီး အဲဒီသံချပ်ကာယာဉ်အများစုကို တင့် ဖျက်လက်နက်တွေ တပ်ဆင်သွားမှာဖြစ်ပြီး ကျန်တဲ့သံချပ်ကာယာဉ်တွေကိုတော့ ကင်းထောက်ယာဉ်တွေနဲ့ ကွပ်ကွဲရေးယာဉ်တွေအဖြစ် အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

General Dynamics ကုမ္ပဏီကထုတ်လုပ်တဲ့ သံချပ်ကာယာဉ်တွေဟာ ခြေလျင်တပ်စစ်သည်တင်ယာဉ်တွေ၊ ဆေးဝါးအထောက်အကူယာဉ်တွေနဲ့ စစ်မြေပြင်အင်ဂျင်နီယာသုံးယာဉ်တွေအပါအဝင် မူကွဲအမျိုးအစားပေါင်း နှစ်ဒါဇင်ကျော် ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။

 

အဲဒီသံချပ်ကာယာဉ်မှာ တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးလက်နက်အဖြစ် လေဆာလက်နက်တစ်မျိုးကို ပေါင်းစပ်ထည့်သွင်းသွားမှာဖြစ်သလို ယာဉ်ရဲ့တိုက်ခိုက်ရေးစွမ်းရည်မြှင့်တင်ဖို့အတွက် ၃၀ မမ စက်အမြောက် တစ်လက်ကိုလည်း မကြာသေးခင်က ထည့်သွင်းတပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

အခုထွက်ပေါ်လာတဲ့သဘောတူညီချက်ဟာ ဇွန်လအတွင်းက လက်မှတ်ရေးထိုးခဲ့ကြတဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်က ထွက်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။

 

“မကြာခင်ကာလ လပိုင်းအတွင်းကပဲ အိန္ဒိယနိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်တွေမြှင့်တင်ဖို့အတွက် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတဲ့ စီမံချက်အသစ်တွေကို ကျွန်တော်တို့ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ခြေလျင်တပ်သုံးသံ ချပ်ကာယာဉ်တွေ ပူးတွဲထုတ်လုပ်မယ့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ဖို့ ကျွန်တော်တို့သဘောတူညီခဲ့ကြ ပါတယ်။” လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက်သြစတင်က ပြောပါတယ်။

 

အခုသဘောတူညီချက်ဟာ တရုတ်နိုင်ငံအရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံစိုးရိမ်ပူပန်မှုတွေကို မျှဝေနေကြတဲ့ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံကြား ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုရဲ့ နောက်ဆုံးအစီအစဉ်တစ်ရပ် ဖြစ်ပါတယ်။

 

ဒါ့အပြင် အိန္ဒိယလေတပ်အတွက် General Electric ဂျက်တိုက်လေယာဉ်အင်ဂျင်တွေကို အိန္ဒိယနိုင်ငံမှာပဲ ပူး တွဲထုတ်လုပ်သွားဖို့ အမေရိကန်နဲ့ အိန္ဒိယတို့ ဇွန်လအတွင်းက သေဘာတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 

Ref: US to Co-Produce Stryker Armored Vehicle with India

 

#PeopleMedia


Share this post