အမေရိကန်ပိတ်ဆို့အရေးယူမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘဏ်က မြန်မာဘဏ်နှစ်ခုရဲ့ငွေစာရင်းတွေကို ပိတ်ပင်ခဲ့
PUBLISHED - August 17, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဆိုနာလီဘဏ် (Sonali Bank) က မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့အ ရေးယူမှုကြောင့် မြန်မာအစိုးရပိုင်ဘဏ်တွေရဲ့ ငွေစာရင်းတွေကို ပိတ်ပင်လိုက်ကြောင်း ဆိုနာလီဘဏ်ရဲ့ အမှု ဆောင်အရာရှိချုပ် (CEO) က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးက ဘင်္ဂလားဒေ့ရှ်အစိုးရထံကို စာတစ်စောင်ပေးပို့ပြီး အကြောင်း ကြားလာခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘဏ်က အခုလိုဆောင်ရွက်ခဲ့တာဖြစ်ကြောင်း BenarNews သတင်းဌာန က ရေးသားထားပါတယ်။
မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB (Myanma Foreign Trade Bank) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နံှမှုနဲ့ ကူး သန်းရောင်းဝင်ရေးဘဏ် MICB (Myanma Investment and Commercial Bank) တို့ရဲ့ ငွေစာရင်းတွေကို ပိတ်ပင်ထားခဲ့ပြီးဖြစ်ကြောင်း ဆိုနာလီဘဏ်ရဲ့ CEO မက်အဇယ်လ်ကာရမ်က ပြောပါတယ်။
“အမေရိကန်နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံက ဘဏ်နှစ်ခုရဲ့ငွေစာရင်းတွေကို ကျွန်တော်တို့ပိတ်ပင်ထားပြီးဖြစ်ပါတယ်။” လို့ မစ္စတာကရမ်က BenarNews သတင်းဌာနကို သြဂုတ်လ ၁၆ ရက်နေ့က ပြောပါတယ်။
“ဆိုနာလီဘဏ်မှာရှိတဲ့ မြန်မာဘဏ်နှစ်ခုရဲ့ငွေစာရင်းမှာ ဒေါ်လာ ၁.၁ သန်းရှိပါတယ်။ အခု အဲဒီငွေတွေကို အသုံးပြုလို့မရပါဘူး။ လွန်ခဲ့တဲ့တစ်လကျော်လောက်ကတည်းက မြန်မာဘဏ်နှစ်ခုရဲ့ အဲဒီငွေစာရင်းတွေကို လွှဲပြောင်းအသုံးပြုလို့မရတော့ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
ဆိုနာလီဘဏ်က အဲဒီငွေစာရင်းတွေကို ပိတ်ဆို့ထားလိုက်ပြီးနောက် မြန်မာအစိုးရက အဲဒီငွေစာရင်းတွေပြန် ဖွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကို တောင်းဆိုထားကြောင်း ကရမ်က ပြောပါတယ်။
“အကောင့်ဖွင့်ပေးဖို့ မြန်မာအစိုးရဘက်က မေတ္တာရပ်ခံလာတာရှိပါတယ်။ ဒါပေမဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှု တွေမရုပ်သိမ်းမချင်း အဲဒီအကောင့်တွေပြန်ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။ ဆိုနာလီဘဏ်မှာ မြန်မာဘဏ်နှစ်ခုလောက် ငွေကြေးမရှိကြောင်း မစ္စတာကရမ်က ပြောပါတယ်။
“ကျွန်တော်တို့ဘဏ်မှာ အဲဒီလောက် ငွေများများစားစား မရှိပါဘူး။ ဘဏ်တစ်ခုမှာ ယူရိုငွေ ၁၇,၀၀၀ ရှိပြီး နောက်ထပ်ဘဏ်တစ်ခုမှာတော့ ဒေါ်လာ ၂၀၀,၀၀၀ ပဲရှိပါတယ်။ မြန်မာဘဏ်က ငွေစာရင်းက ပိုများပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဇွန်လအတွင်းက အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံက အစိုးရဘဏ်နှစ်ခုအပါအဝင် လုပ်ငန်းသုံးခုကို စီးပွားရေး အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုဟာ နည်းပါးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကို အာလူး၊ ဘီစ ကစ်နဲ့ ပလပ်စတစ်ပစ္စည်းများတင်သွားအဓိကတင်ပို့ပြီး မြန်မာနိုင်ငံက သစ်၊ ရေခဲရိုက်ငါး၊ ချင်းနဲ့ ကြက်သွန်နီ တွေ တင်သွင်းတယ်လို့ သိရပါတယ်။
၂၀၂၂ ခုဘဏ္ဍာရေးနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံက ဒေါ်လာ ၁၂၈.၅ သန်းတန်ဖိုးရှိ ကုန် ပစ္စည်းများ တင်သွင်းခဲ့ပြီး မြန်မာနိုင်ငံကို ဒေါ်လာ ၃.၉ သန်းတန်ဖိုးရှိပစ္စည်းများ တင်ပို့ခဲ့ပါတယ်။
Ref: Bangladesh bank freezes accounts of US-sanctioned Myanmar banks
#PeopleMedia