အမေရိကန်မရိန်းတပ်အတွက်ထုတ်လုပ်ထားတဲ့ XQ-58A ဒရုန်း အီလက်ထရောနစ်စစ်ဆင်ရေးစွမ်းရည် စမ်းသပ်
PUBLISHED - April 4, 2024
နိုင်ငံတကာ၊ ဧပြီ ၄
အမေရိကန်မရိန်းတပ်အတွက် ထုတ်လုပ်ထားတဲ့ XQ-58A Valkyrie (ဗဲလ်ကယ်ရီး) မောင်းသူမဲ့လေယာဉ်ရဲ့ အီလက်ထရောနစ်စစ်ဆင်ရေးစွမ်းရည်တွေကို ဖလော်ရီဒါပြည်နယ် အဂ္ဂလင်းလေတပ်အခြေစိုက်စခန်းမှာ Kratos Defense and Security Solutions ကုမ္ပဏီက ထုတ်ဖော်ပြသလိုက်ပါတယ်။
စမ်းသပ်မှုအတွင်း XQ-58A ဒရုန်းဟာ F-35 Lightning II ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့အတူတူ တွဲဖက်ပျံ သန်းလာပြီး ပေါင်းစပ်အီလက်ထရောနစ်တိုက်ခိုက်မှုကို လေ့ကျင့်ခဲ့ပါတယ်။
နည်းဗျူဟာမြောက်ဒရုန်းရဲ့ အီလက်ထရောနစ်တိုက်ခိုက်ရေးစနစ်က ပစ်မှတ်မျိုးစုံကို သတ်မှတ်ခြင်း၊ ခြေရာခံ ခြင်းနဲ့ ရန်သူ့အီလက်ထရောနစ်တပ်တည်ကို သတ်မှတ်ခြင်းတို့ ဆောင်ရွက်ပြီး ဂျက်တိုက်လေယာဉ်တွေနဲ့အတူ ပေါင်းစပ်ညှိနှိုင်းခဲ့ပါတယ်။
XQ-58A ဒရုန်းဟာ ပံျသန်းမှုဆန်းစစ်လေ့လာခြင်းအဆင့်အားလုံးကို ကျော်ဖြတ်ခဲ့ပြီးဖြစ်တဲ့အတွက် မရိန်းတပ် ဖွဲ့အနေနဲ့ စီမံချက် နောက်ထပ်အဆင့်တွေကို ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ကုမ္ပဏီက ပြောပါ တယ်။
ထပ်မံလိုအပ်တာတွေကို အမေရိကန်လေတပ် အမှတ် ၉၆ လေ့ကျင့်ပျံသန်းရေးလေယာဉ်အုပ်ရဲ့ အမှတ် ၄၀ ပျံသန်းမှုစမ်းသပ်ရေးလေယာဉ်အုပ်က ထောက်ပံ့သွားမှာဖြစ်ပါတယ်။
ဒီစီမံချက်ဟာ မောင်းသူပါ လေယာဉ်ထောက်ပံ့ရေး၊ ထောက်လှမ်းရေး၊ စောင့်ကြည့်ထောက်လှမ်းရေး၊ ကင်း ထောက်နဲ့ တိုက်ခိုက်ရးတာဝန်တွေအပါအဝင် စစ်ဆင်ရေးတာဝန်အမျိုးမျိုးအတွက် ဒရုန်းတွေနဲ့ ဂျက်တိုက်လေ ယညာဉ်တွေကြားမှာ အုပ်စုလိုက်ပူးတွဲတာဝန်ထမ်းဆောင်နိုင်အောင် ရည်ရွယ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။
XQ-58A ဒရုန်းဟာ ပထမဦးဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက အဂ္ဂလင်းလေတပ်အခြေစိုက်စခန်းမှာ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။
XQ-58A ဒရုန်းဟာ ပေ ၃၀ (၉.၁ မီတာ) ရှည်လျားပြီး တောင်ပံနှစ်ဖက်ထိပ်အကွာအဝေးက ၂၇ ပေ (၈.၂ မီတာ) ဖြစ်ပါတယ်။
XQ-58A ဒရုန်းဟာ တစ်နာရီကို ရေမိုင် ၄၇၆ မိုင် (၈၈၂ ကီလိုမီတာ/ ၅၄၈ မိုင်) ပျံသန်းနိုင်ပြီး တစ်ဆက်တည်း ရေမိုင် ၃၀၀၀ (၅၆၀၀ ကီလိုမီတာ/ ၃၅၀၀ မိုင်) ပျံသန်းနိုင်ပါတယ်။
XQ-58A ဒရုန်း ပျံတက်နိုင်တဲ့အလေးချိန်ကတော့ ပေါင် ၆၀၀၀ (၂၇၂၂ ကီလိုဂရမ်) ဖြစ်ပြီး အမြင့်ပေ ၄၅,၀၀၀ (၁၄ ကီလိုမီတာ/ ၈.၇ မိုင်) အထိ ပျံတက်နိုင်တယ်လို့ ဆိုပါတယ်။
Ref: Valkyrie Tactical Drone Demos Electronic Warfare Attack for US Marines
#PeopleMedia