• Follow Us on

Home အမေရိကန်ရေတပ်ကို တုံ့ပြန်နိုင်ဖို့အတွက် နျူကလီးယားတိုက်ခိုက်ရေးရေငုပ်သင်္ဘောတစ်စီးကို တပ်ဖြန့်ချ ထားလိုက်ကြောင်း မြောက်ကိုရီးယားကြေညာ

အမေရိကန်ရေတပ်ကို တုံ့ပြန်နိုင်ဖို့အတွက် နျူကလီးယားတိုက်ခိုက်ရေးရေငုပ်သင်္ဘောတစ်စီးကို တပ်ဖြန့်ချ ထားလိုက်ကြောင်း မြောက်ကိုရီးယားကြေညာ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၈

 

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စုကို တန်ပြန်ရင်ဆိုင်နိုင်ဖို့အတွက် နျူကလီးယား တိုက်ခိုက် ရေးရေငုပ်သင်္ဘောတစ်စီးကို ထုတ်ဖော်ပြသလိုက်ကြောင်း သောကြာနေ့က ပြောကြားလိုက်ပါတယ်။

 

နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေပစ်ခတ်နိုင်ဖို့အတွက် သူရဲကောင်းကင်ခန်အိုကေ “Hero Kim Kun Ok” လို့ နာမည်ပေးထားတဲ့ အဲဒီရေငုပ်သင်္ဘောကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီး ယားအစိုးရရဲ့ ကိုရီးယားဗဟိုသတင်းအေဂျင်စီ KCNA သတင်းဌာန ပြောကြားခဲ့ပေမဲ့ ဒုံးကျည်ဘယ်နှစင်းသယ် ဆောင်နိုင်တယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

 

အမေရိကန်ရဲ့ အဆင့်မြင့်ရေတပ်ကို ပြန်လည်တုံ့ပြန်နိုင်ဖို့အတွက် အခုလို ကိုယ်ပိုင်နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောပိုင်ဆိုင်လာတာကို ဂုဏ်ယူကျေနပ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာ ကင်ဂျုံ အန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းကစပြီး ပထမဦးဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံက ၎င်းတို့ရဲ့ နျူကလီး ယားပဲ့ထိန်းဒုံးကျည်ပစ်ခတ်နိုင်တဲ့ ရေငုပ်သင်္ဘောတစ်စီးကို တောင်ကိုရီးယားဆိပ်ကမ်းကို ဇူလိုင်လတုန်းက ဆိုက်ကပ်ခဲ့ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားစွမ်အင်သုံးရေငုပ်သင်္ဘောတစ်သီးရရှိအောင် ကြိုးစားထုတ်လုပ် နေသလို လက်ရှိရှိနေတဲ့ ရေငုပ်သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေ နျူကလီးယားလက်နက်တွေသယ်ဆောင် နိုင် အောင်လို့ ပြန်လည်ပြုပြင်မွမ်းမံဖို့ စီစဉ်နေကြောင်း ကင်က ပြောပါတယ်။

 

မြောက်ကိုရီးယားအစိုးရမီဒီယာက ထုတ်ဖော်ပြသထားတဲ့ ရေငုပ်သင်္ဘောဟာ ၂၀၁၉ ခုနှစ်က မြောက်ကိုရီးယား နိုင်ငံမှာလက်ရှိရှိနေတဲ့ ရီမိုအဆင့်ရေငုပ်သင်္ဘောကို ပုံစံပြောင်းပြီး တည်ဆောင်နေတာကို ကင်ဂျုံအန်စစ်ဆေးခဲ့ တဲ့ ရေငုပ်သင်္ဘောပုံစံနဲ့ အတူတူပဲလို့ ဆိုပါတယ်။

 

အဲဒီရေငုပ်သင်္ဘောမှာ ဒုံးပစ်လောင်ချာပြွန် အနည်းဆုံး ၁၀ ခုပါရှိပြီး အဲဒီအထဲက ၄ ခုဟာ တခြား ၆ ခုထက် ပိုမိုကြီးမားတယ်လို့ ဆိုပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံဟာ ရေငုပ်သင်္ဘောတွေကနေ နျူကလီးယားလက်နက်ပစ်ခတ်နိုင်အောင် ကြိုးစားဆောင် ရွက်ခဲ့တဲ့အတွက် ရေငုပ်သင်္ဘောတွေကနေ ဒုံးကျည်အမျိုးမျိုးကို အရင်ကတည်းက စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ် တယ်လို့ ဆိုပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို လွှမ်းမိုးထိုးဖောက် နိုင်ဖို့အတွက် မြေပြင်က လောင်စာခဲသုံးဒုံးကျည်တွေပိုမိုထုတ်လုပ်လာနေတဲ့ကြားက အခုလို ပဲ့ထိန်းဒုံးကျည် တပ်ရေငုပ်သင်္ဘောတွေ ထွက်ပေါ်လာတာဟာ ပင်လယ်ပြင်ခြိမ်းခြောက်မှုတစ်ရပ် တိုးပွားလာခြင်းပဲဖြစ် ပါ တယ်။

 

အမေရိကန်ရဲ့ အဓိကမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာလည်း အမေရိကန်တပ် ဖွဲ့ဝင်ထောင်ပေါင်းများစွာကို တပ်ဖြန့်ချထားပါတယ်။

 

Ref: North Korea says it has deployed a new nuclear attack submarine to counter US naval power

 

#PeopleMedia


Share this post