• Follow Us on
Latest News

Home အမေရိကန်ရေတပ်က CH-53K ရဟတ်ယာဉ် ၃၅ စင်း မှာယူ

အမေရိကန်ရေတပ်က CH-53K ရဟတ်ယာဉ် ၃၅ စင်း မှာယူ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၆

 

အမေရိကန်ရေတပ်ဟာ ဝန်လေးသယ်ဆောင်နိုင်တဲ့ CH-53K သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၃၅ စင်းမှာယူ ဖို့အတွက် လော့ဟိမာတင်ကုမ္ပဏီနဲ့ ဒေါ်လာ ၂.၇ ဘီလျံတန်ကြေးရှိ ကန်ထရိုက်စာချုပ်တစ်ခုကို ချုပ်ဆိုလိုက် ပါတယ်။

 

လက်ရှိချုပ်ဆိုလိုက်တဲ့ ကန်ထရိုက်စာချုပ်ဟာ CH-53K သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဝယ်ယူရေးစာချုပ် တွေထဲမှာ တန်ဖိုးအကြီးမားဆုံးစာချုပ်ဖြစ်ကြောင်း လော့ဟိမာတင်ကုမ္ပဏီက ပြောပါတယ်။

 

CH-53K သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၂၇ စင်းကို အမေရိကန်မရိန်းတပ်ဖွဲ့အတွက် လွှဲပြောင်းပေးသွားမှာ ဖြစ်သလို ကျန်တဲ့ CH-53K ရဟတ်ယာဉ် ၈ စင်းကိုတော့ အစ္စရေးနိုင်ငံကို လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။

 

ဒီသဘောတူစာချုပ်ဟာ ကုမ္ပဏီရဲ့ထောက်ပံ့ရေးအခြေပြုစနစ်ကို တည်ငြိမ်စေပြီး ခေတ်သစ်စစ်ပွဲအတွက်လို အပ်တဲ့ အသွင်ပြောင်း ၂၁ ရာစုနည်းပညာတွေကို နောက်ဆုံးဝယ်ယူတဲ့ ဖောက်သည်တွေကို ထောက်ပံ့သွား မှာဖြစ်ကြောင်း ဆာကော့စကီးဥက္ကဋ္ဌ ပေါလ်လမ်မိုက ပြောပါတယ်။

 

ရဟတ်ယာဉ်တွေကို ၂၀၂၆ ခုနှစ်မှာ စတင်ပို့ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက အမေရိကန်ရေတပ် နိုင်ငံခြားစစ်လက်နက်ပစ္စည်းရောင်းချရေးသဘောတူညီချက်အရ CH-53K သယ်ယူ ပို့ဆောင်ရေးရဟတ်ယာဉ် ၄ စင်းကို အစ္စရေးလေတပ်က ဝယ်ယူခဲ့ပါတယ်။

 

အခုနောက်ထပ်ရောက်လာမယ့် CH-53K ရဟတ်ယာဉ် ၈ စင်းဟာ အစ္စရေးလေတပ်ရဲ့အထူးစစ်ဆင်ရေးတွေ၊ စစ်လက်နက်ပစ္စည်းသယ်ယူပို့ဆောင်ရေးတွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အထောက်အကူပြုသွား မှာဖြစ်တယ်လို့ဆိုပါတယ်။

 

CH-53K ရဟတ်ယာဉ်တွေရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ဖို့အတွက် General Electric Aviation ကုမ္ပဏီက T408 turboshaft ၁၆၉ လုံးကို အမေရိကန်နဲ့ အစ္စရေးနိုင်ငံက အခုနှစ်အစောပိုင်းတုန်းက ဝယ်ယူခဲ့ပါတယ်။

 

မြင်းလားဘုရင် (King Stallion) လို့ နာမည်ပေးထားတဲ့ CH-53K ရဟတ်ယာဉ်ဟာ အမေရိကန်တပ်မတော်မှာ အင်အားအကောင်းဆုံးရဟတ်ယာဉ်အဖြစ် သတ်မှတ်ထားပါတယ်။

 

CH-53K ရဟတ်ယာဉ်ဟာ အလေးချိန် ပေါင် ၂၇၀၀၀ (၁၂၂၄၇ ကီလိုဂရမ်) ကိုသယ်ဆောင်ပြီး အကွာအဝေး ၂၀၃ ကီလိုမီတာ (၁၂၆ မိုင်) အထိ ပျံသန်းသွားနိုင်တယ်လို့ဆိုပါတယ်။ CH-53K ရဟတ်ယာဉ်အတွင်းပိုင်းဟာ ၎င်းရှေ့က CH-53E ရဟတ်ယာဉ်ထက် ပိုမိုကြီးမားကျယ်ပြန့်တဲ့အတွက် အတွင်းပိုင်းမှာ ဟမ်းဗီးယာဉ်တစ်စီးကို သယ်ဆောင်နိုင်တယ်လု့ိ ဆိုပါတယ်။

 

အပြင်ပိုင်းအနေနဲ့ CH-53K ရဟတ်ယာဉ်ဟာ ဟမ်းဗီးယာဉ်နှစ်စီး ဒါမှမဟုတ် အပေါ့စားသံချပ်ကာယာဉ်ငယ် တစ်စီးကို ချိတ်ဆွဲသယ်ဆောင်နိုင်ပါတယ်။

 

Ref: US Navy Orders 35 CH-53K Heavy-Lift Choppers for $2.7B

 

#PeopleMedia


Share this post