အမေရိကန်ရေတပ်က Super Hornet ဂျက်တိုက်လေယာဉ်တွေနဲ့ StormBreaker ဗုံးတွေ စမ်းသပ်ပစ်ခတ်
PUBLISHED - November 8, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၈
အမေရိကန်ရေတပ်ဟာ F/A-18E နဲ့ F/A-18F Super Hornet ဘက်စုံသုံး ဂျက်တိုက်လေယာဉ်တွေကိုအသုံး ပြုပြီး StormBreaker (မှော်ပုဆိန်) ဝေဟင်-မြေပြင်ပစ် စမတ်ဗုံးတွေကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
StormBreaker ဗုံးဟာ ဆိုးရွားလှတဲ့ရာသီဥတုအခြေအနေမျိုးမှာ ရွှေ့လျားပစ်မှတ်တွေကို အလိုအလျောက် ခြေရာခံရှာဖွေပြီး ကြားဖြတ်တိုက်ခိုက်နိုင်ဖို့အတွက် ရေသီယွန်ကုမ္ပဏီက ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ တောင် ပံ့တပ်ပဲ့ထိန်းလမ်းညွှန်လက်နက်အမျိုးအစားဖြစ်ပါတယ်။
အရင်တုန်းက Small Diameter Bomb II လို့ ခေါ်ဝေါ်ခဲ့ကြတဲ့ ဒီလက်နက်စနစ်ဟာ ပစ်မှတ်ကို တိုက်ခိုက်ဖျက် ဆီးဖို့အတွက် လမ်းကြောင်းရှာလမ်းညွှန်နည်းပညာတွေကို အသုံးပြုထားပါတယ်။
ဒီလက်နက်စနစ်ဟာ မိုင် ၄၀ (၅၄ ကီလိုမီတာ) ကျော်အကွာအဝေးမှာရှိတဲ့ ရေပြင်/ မြေပြင်က ရွေ့လျားပစ်မှတ် တွေကို ပစ်ခတ်နိုင်စွမ်းရှိကြောင်း ရေသီယွန်ကုမ္ပဏီက ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပဉ္စမမြောက်မျိုးဆက်တိုက်လေယာဉ်ဖြစ်တဲ့ F-35B Lightning II ဂျက် တိုက်လေယာဉ်တွေနဲ့ StormBreaker ဗုံးကို စမ်းသပ်ခဲ့ပြီးနောက်မှာ အခုလို အမေရိကန်ရေတပ်က Super Hornet ဘက်စုံသုံးဂျက်တိုက်လေယာဉ်တွေနဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
F-35B Lightning II ဂျက် တိုက်လေယာဉ်တွေနဲ့စမ်းသပ်တဲ့ စီမံချက်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာစတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ အပြီးသတ်ဆောင်ရွက်ခဲ့တယ်လု့ိ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ အမေရိကန်လေတပ်က StormBreaker ဗုံးကို F-15E Strike Eagle ဂျက် တိုက်လေယာဉ်တွေနဲ့ တွဲဖက်သုံးစွဲဖို့ ထောက်ခံခွင့်ပြုခဲ့ပါတယ်။
“ဒီလက်နက်ရဲ့ မကြုံဖူးတဲ့စွမ်းရည်တွေက ခက်ခဲကြမ်းတမ်းပြီး ပြောင်းလဲနေတဲ့ အခြေအနေမျိုးတွေမှာရှိတဲ့ ပစ် မှတ်တွေကို တိုက်ခိုက်ရာမှာ လေယာဉ်မှူးတွေကို အကောင်းအဆုံးထောက်ပံ့ပေးပါတယ်။” လို့ ရေသီယွန် ကုမ္ပဏီရဲ့ လေကြောင်းစွမ်းရည်ဥက္ကဋ္ဌ ပေါလ်ဖာရာရိုက ပြောပါတယ်။
“StormBreaker ဗုံးဟာ စတုတ္ထမြောက်မျိုးဆက် ဂျက်တိုက်လေယာဉ်တွေ ဆက်လက်အသုံးပြုဖို့ တိကျသေချာ အောင်ဆောင်ရွက်ရင်း ခေတ်မီလေကြောင်းလက်နက်တွေ ထုတ်လုပ်ပေးဖို့အတွက် ကျွန်တော်တို့တွေ ဒစ်ဂျစ် တယ်လ်နည်းပညာတွေကို ဘယ်လိုအသုံးပြုနေတယ်ဆိုတာကို ထင်ရှားအောင်သက်သေပြခဲ့တဲ့ အဓိကသက် သေတစ်ခုပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
StormBreaker ဗုံးအလုံးရေ ၁၅၀၀ ထုတ်လုပ်ပေးဖို့အတွက် ရေသီယွန်ကုမ္ပဏီဟာ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ သန်း ၃၂၀ တန်ကြေးရှိတဲ့ကန်ထရိုက်လုပ်ငန်းတစ်ခုကို ရရှိခဲ့ပါတယ်။
တစ်နှစ်တည်းမှာပဲ အမေရိကန်နိုင်ငံခြားစစ်လက်နက်ပစ္စည်းရောင်းချရေးအစီအစဉ်အရ နော်ဝေနိုင်ငံကို ရောင်း ချပေးနိုင်ရေးအတွက် StormBreaker ဗုံး ၅၀၀ ထုတ်လုပ်ပေးဖို့ အမှာစာတစ်ခုကို ရေသီယွန်ကုမ္ပဏီက လက်ခံ ရရှိထားပါတယ်။
ဇွန်လအတွင်းမှာလည်း ချက်သမ္မတနိုင်ငံအတွက် StormBreaker ဗုံးတွေထုတ်လုပ်ပေးဖို့ ရေသီယွန်ကုမ္ပဏီက ကန်ထရိုက်လုပ်ငန်းတစ်ခုလက်ခံရရှိထားပါတယ်။
၂၀၂၁ ခုနှစ်ကလည်း အမေရိကန်တပ်မတော်အတွက် StormBreaker ဗုံးတွေ ထပ်မံထုတ်လုပ်ပေးဖို့ ဒေါ်လာ သန်း ၂၅၀ တန်ကန်ထရိုက်စာချုပ်တစ်ရပ်ကို ရေသီယွန်ကုမ္ပဏီက လက်မှတ်ရေးထိုးခဲ့ပါတယ်။
Ref: US Navy Tests StormBreaker Smart Bomb With Super Hornet
#PeopleMedia