အမေရိကန်ရေတပ်ရဲ့ မောင်းသူမဲ့သင်္ဘော USV တွေအတွက် အလိုအလျောက်ထိန်းချုပ်မောင်းနှင်ရေးစနစ်ကို ဗြိတိန်ဆာကိုကုမ္ပဏီက ဒီဇိုင်းရေးဆွဲထုတ်လုပ်မည်

PUBLISHED - December 13, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃
အမေရိကန်ရေတပ်ရဲ့ မောင်းသူမဲ့သင်္ဘော (unmanned surface vessels – USV) တွေအတွက် အလိုအ လျောက်ထိန်းချုပ်မောင်းနှင်ရေးစနစ်ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ရာမှာ အမေရိကန်ရေတပ်ကို ကူညီဆောင် ရွက်ဖို့အတွက် ဗြိတိန်နိုင်ငံက ဆာကိုကုမ္ပဏီ (British company Serco) ကို ဒေါ်လာ ၆၈ သန်းတန်ကြေးရှိတဲ့ ကန်ထရိုက်လုပ်ငန်းတစ်ခုကို အပ်နှံလိုက်ပါတယ်။
ဆာကိုကုမ္ပဏီဟာ USV အလိုအလျောက်မောင်းနှင်ရေးစွမ်းဆောင်နိုင်မှုကို ဖန်တီး/စမ်းသပ်မှုပြုလုပ်ခြင်း၊ စနစ် များပေါင်းစပ်ခြင်း၊ စီမံခန့်ခွဲမှုပြုလုပ်ခြင်းနဲ့ သင်္ဘောအတွက် ဆော့ဖ်ဝဲလ်ဒီဇိုင်းရေးဆွဲထုတ်လုပ်ခြင်းတွေဆောင် ရွက်ပြီး ရေတပ်ရေကြောင်းစစ်ဆင်ရေးဌာနချုပ်ရဲ့ ဗိသုကာနဲ့ အင်ဂျင်နီယာဌာနကို ကူညီဆောင်ရွက်သွားမှာဖြစ် ပါတယ်။
အမေရိကန်ရေတပ် ဗိသုကာနဲ့ အင်ဂျင်နီယာဌာနရဲ့ ဆောင်ရွက်မှုကလည်း ကမ္ဘာ့အကောင်းဆုံးရေကြောင်း ဗိသုကာနဲ့ အင်ဂျင်နီယာ စွမ်းရည်တွေကို အမေရိကန်ရေတပ်ကို ထောက်ပံ့ပေးနေတဲ့ ၎င်းတို့ဌာနရဲ့ တာဝန် တွေကို မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။
အမေရိကန်ရေတပ်ရဲ့ အနာဂတ်ကာလတပ်ဖြန့်ချထားမှုမှာ မောင်းသူမဲ့သင်္ဘော (USV) တွေကို ပေါင်းစပ်ထည့် သွင်းလိုက်တာဟာ ဆာကိုကုမ္ပဏီ ဝန်ဆောင်မှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာမှာဖြစ်ပါတယ်။
လုပ်ငန်းတွေကို ဗာဂျီးနီးယားပြည်နယ်မှာ စတင်ဆောင်ရွက်မှာဖြစ်ပြီး ထပ်မံလိုအပ်တဲ့ပံ့ပိုးမှုလုပ်ငန်းတွေကို ကယ်လီဖိုးနီးားပြည်နယ်၊ မစ္စစ္စပီပြည်နယ်နဲ့ ဝါရှင်တန်ဒီစီတို့မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဆာကိုကုမ္ပဏီဟာ ရေတပ်အဏ္ဏဝါဗေဒရုံးနဲ့ ရေတပ်ရေအောက်စစ်ဆင်ရေးဌာနချုပ်ဆိပ်ကမ်းသစ်တို့အပါအဝင် တခြားအမေရိကန်ရေတပ်စနစ်တွေအတွက် ထောက်ပံ့ပေးခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
“အလိုအလျောက်မောင်းသူမဲ့သင်္ဘောတွေတည်ဆောက်ရာမှာ အမေရိကန်ရေတပ်ကို ပံ့ပိုးဖို့ထပ်မံဆောင်ရွက်ရ တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူပါတယ်။” လို့ ဆာကိုကုမ္ပဏီရဲ့စီအီးအို တွမ်ဝက်ဆန်က ပြောပါတယ်။
“အဲဒီမောင်းသူမဲ့သင်္ဘောသစ်တွေဟာ အရေးကြီးတဲ့စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်သွားမှာဖြစ်သလို စစ်ဆင်ရေးထိရောက်မှုကိုလည်း မြှင့်တင်သွားမှာဖြစ်ပြီး ကျွန်တော်တို့ ရေတပ်တပ်ဖွဲ့ဝင်တွေရဲ့ အသက် အန္တရာယ်နဲ့ ဘေးကင်းလုံခြုံမှုကို အကောင်းဆုံးအကာအကွယ်ပေးသွားမှာဖြစ်ပါတယ်။” လို့ ၎င်းကပြောပါ တယ်။
စက်တင်ဘာလတုန်းကလည်း အမေရိကန်ရေတပ်ရဲ့ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးကြီးကြပ်ကွပ်ကွဲမှုစ နစ်၊ ကြီးကြပ်ဆက်သွယ်ရေးစနစ်၊ ကွန်ပျူတာစနစ်တွေနဲ့ ထောက်လှမ်းရေးစနစ်တွေကို ပြုပြင်ထိန်းသိမ်းဖို့အ တွက် ဒေါ်လာ သန်း ၂၀၀ တန်ကန်ထရိုက်လုပ်ငန်းကို ဆာကိုကုမ္ပဏီကို ပေးအပ်ခဲ့ပါတယ်။
Ref: Serco to Develop Self-Driving System for US Navy Unmanned Surface Vessels
#PeopleMedia