• Follow Us on
Latest News

Home အမေရိကန်ရေတပ်အတွက် ဒေါ်လာ ၂၆၇ သန်းတန် MQ-4C Triton ဒရုန်းနှစ်စင်းထုတ်လုပ်ပေးဖို့ Northrop Grumman ကုမ္ပဏီထံ ထပ်မံအပ်နှံ

အမေရိကန်ရေတပ်အတွက် ဒေါ်လာ ၂၆၇ သန်းတန် MQ-4C Triton ဒရုန်းနှစ်စင်းထုတ်လုပ်ပေးဖို့ Northrop Grumman ကုမ္ပဏီထံ ထပ်မံအပ်နှံ

Share this post

နိုင်ငံတကာ၊ မတ် ၁၅

 

အမေရိကန်ရေတပ်အတွက် MQ-4C Triton ဒရုန်းနှစ်စင်း ထပ်မံထုတ်လုပ်ပေးဖို့ ဒေါ်လာ ၂၆၇ သန်းတန် ကန်ထရိုက် လုပ်ငန်းတစ်ခုကို Northrop Grumman ကုမ္ပဏီကို အပ်နှံလိုက်ပါတယ်။

 

ဒီသဘောတူစာချုပ်ဟာ စစ်သတင်းထောက်လှမ်းရေးတာဝန်၊ စောင့်ကြည့်ထောက်လှမ်းတာဝန်နဲ့ ကင်းထောက်တာဝန် တွေ (ISR) ထမ်းဆောင်ရာမှာ အဆင့်မြှင့်တင်နိုင်ဖို့အတွက် အမေရိကန်ရေတပ်ရဲ့ MQ-4C ဒရုန်း ၂၇ စင်းပါဝင်တဲ့ ဒရုန်း အုပ်တစ်အုပ်တည်ဆောက်ရေးအစီအစဉ်ထဲမှာပါဝင်တဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

သဘာတူစာချုပ်အရ Northrop Grumman ကုမ္ပဏီဟာ MQ-4C ဒရုန်းတွေအပြင် ဒရုန်းပင်မစစ်ဆင်ရေးအခြေစိုက်စ ခန်းတစ်ခုကိုပါ ရေတပ်ကိုထောက်ပံ့သွားမှာဖြစ်ပါတယ်။

 

ဒရုန်းထုတ်လုပ်မှုလုပ်ငန်းစဉ်အများစုကို ကယ်လီဖိုးနီးယားပြည်နယ်မှာ ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၈ ခုနှစ် မတိုင်မီ စီမံချက် အပြီးသတ်ဆောင်ရွက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ Northrop Grumman ကုမ္ပဏီဟာ ပထမဦးဆုံးအဆင့်မြှင့်တင်ထားတဲ့ MQ-4C Triton ဒရုန်းကို အမေရိကန်ရေတပ်ကို ပေးပို့ခဲ့ပါတယ်။

 

MQ-4C Triton ဒရုန်းဟာ အမြင့်ပေပေါင်း မြောက်မြားစွာက တာဝေးပျံသန်းထောက်လှမ်းနိုင်အောင် ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားပြီး စွမ်းဆောင်ရည် မြန်ဆန်မြင့်မားတဲ့ ဒရုန်းဖြစ်ပါတယ်။

 

MQ-4C Triton ဒရုန်းမှာ 360-degree multi-intelligence suite တစ်ခုတပ်ဆင်ထားတဲ့အတွက် တခြားမောင်းသူမဲ့ လေယာဉ်တွေနဲ့ နှိုင်းယှဉ်ရင် ISR တာဝန်တွေကို လေးဆ ထမ်းဆောင်နိုင်တဲ့ ဒရုန်းဖြစ်တယ်လို့ ဆိုပါတယ်။ MQ-4C Triton ဒရုန်းဟာ အမြင့်ပေ ၅၀,၀၀၀ (ကီလိုမီတာ ၁၅,၂၄၆) အထိ ပျံတက်နိုင်ပြီး လေထဲမှာ ၂၄ နာရီအထိ ပျံသန်းနိုင်ပါတယ်။

 

၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ MQ-4C Triton ဒရုန်းနဲ့ အာတိတ်ရေခဲပြင်မှာ လမ်းကြောင်းရှာ စမ်းသပ်မောင်းနှင်ခဲ့ ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကနဦးစမ်းသပ်စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးနောက် ဂူဝမ်ကျွန်းမှာလည်း MQ-4C Triton ဒရုန်းကို တပ်ဖြန့်ချထားခဲ့ပါတယ်။

 

အမေရိကန်ရေတပ်အပြင် တော်ဝင်သြစတေးလျရေတပ်ကလည်း MQ-4C Triton ဒရုန်းတွေကို အသုံးပြုနေပါတယ်။

 

Ref: Northrop Bags $267M Deal to Supply MQ-4C Triton Drones to US Navy

 

#PeopleMedia


Share this post