• Follow Us on
Latest News

Home အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်သစ်စုဆောင်းရေးတာဝန် ကျေပွန်အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း ခေတ္တ ရေတပ်စစ်ဆင်ရေးအကြီးအကဲပြော

အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်သစ်စုဆောင်းရေးတာဝန် ကျေပွန်အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း ခေတ္တ ရေတပ်စစ်ဆင်ရေးအကြီးအကဲပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

 

အမေရိကန်ရေတပ်ဟာ ၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွက် သတ်မှတ်ထားတဲ့ တပ်သားသစ်စုဆောင်းရေးတာဝန် ကို ကျေပွန်အောင် ဆောင်ရွက်နို်င်ခဲ့ခြင်းမရှိကြောင်း ခေတ္တရေတပ်စစ်ဆင်ရေးအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး လီဆာဖရန့်ချက်တီးက ပြောကြားလိုက်ပါတယ်။

 

အခုနှစ်မှာ ရေတပ်တပ်ဖွဲ့ဝင်အင်အား ၇၀၀၀ လိုအပ်မှာဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ် ရေတပ်ကိုဝင်ရောက်ခဲ့တဲ့နှုန်းနဲ့နှိုင်း ယှဉ်ရင် အမှန်တကယ်လိုအပ်တဲ့အရေအတွက်ဟာ တစ်လထက်တစ်လ ပိုမိုများပြားလာတယ်လို့ ရေတပ်အ ကြီးအကဲက ပြောပါတယ်။

 

“တပ်ဖွဲ့ဝင်သစ်စုဆောင်းရတာဟာ အရည်အသွေးပိုင်းဆိုင်ရာ အပြိုင်အဆိုင်ရှာဖွေရတဲ့စစ်ပွဲတစ်ခုပါပဲ။ ဒီနှစ်ထဲ မှာ တပ်ဖွဲ့ဝင်သစ် ၁၃၀၀၀ လိုအပ်မယ်လို့ တွက်ချက်ထားပြီး ကျွန်မတို့ အခုနှစ်ထဲမှာပဲ စတင်စုဆောင်းရှာဖွေခဲ့ ပါတယ်။” လို့ ဗိုလ်ချုပ်ကြီး လီဆာဖရန့်ချက်တီးက ပြောပါတယ်။

 

ရေတပ်ရဲ့တပ်ဖွဲ့ဝင်လိုအပ်ချက်အရေအတွက်ဟာ အမေရိကန်တပ်မတော်ရဲ့လက်ရှိ တပ်ဖွဲ့ဝင်သစ်စုဆောင်းရေး အကျပ်အတည်းကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။

 

အမေရိကန်စစ်ခေါင်းဆောင်တွေကတော့ “အရပ်သားတွေ အလုပ်လက်မဲ့နှုန်း နိမ့်ကျလာတဲ့ရလဒ်ရယ်၊ အရည် အသွေးပြည့်မီမှုနှုန်း နိမ့်ကျလာတဲ့ရလဒ်ရယ်၊ မကြာသေးခင်နှစ်တွေက ဆေးစစ်တာကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်လာတာတွေရယ်ကြောင့် အခုလိုဖြစ်လာတာ” လို့ ပြောပါတယ်။

 

ရေတပ်ရဲ့တပ်ဖွဲ့ဝင်သစ်စုဆောင်းရေးမူဝါဒတွေကို အပြောင်းအလဲ အများအပြားဆောင်ရွက်ခဲ့ပေမဲ့ တပ်မတော် တွင်းအခြားအဆင့်အဖြစ်ဝင်ရောက်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး ရေတပ်က လျှော့ပေးခဲ့တာမရှိခဲ့ကြောင်း ဗိုလ် ချုပ်ကြီး လီဆာဖရန့်ချက်တီးက ပြောပါတယ်။

 

“အဓိကအချက်ကို ကျွန်မပြောပြချင်ပါတယ်။ ရေတပ်တပ်ဖွဲ့ဝင်ဖြစ်ဖို့ ကျွန်မတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ပတ်သက်ပြီး ရေတပ်က လျှော့ပေးခဲ့တာမျိုး မရှိခဲ့ပါဘူး။ ကျွန်မတို့လိုအပ်တဲ့ တပ်ဖွဲ့ဝင်အရေအတွက် ပိုမိုရရှိဖို့ အတွက် ခွင့်ပြုထားတဲ့နည်းလမ်းမှန်သမျှကို ကျွန်မတို့အသုံးပြုခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်က အမေရိကန်ရေတပ်ဟာ လိုအပ်တဲ့တပ်ဖွဲ့ဝင်သစ်ရရှိရေးအတွက် အခြားအဆင့်အတွက် အမြင့်ဆုံး သတ်မှတ်ထားတဲ့အသက်ကို ၃၉ နှစ်ကနေ ၄၁ နှစ်အထိ တိုးမြှင့်ပေးခဲ့ရာ အဲဒီအသက်သတ်မှတ်ချက်ဟာ အ မေရိကန်တပ်မတော်တစ်ရပ်လုံးမှာ အမြင့်ဆုံးသတ်မှတ်ချက် ဖြစ်ခဲ့ပါတယ်။

 

ဒါ့အပြင် အခြားအဆင့်အဖြစ်ဝင်ရောက်တဲ့ အမြင့်ဆုံးဆုကြေးငွေချီးမြှင့်မှုကိုလည်း ဒေါ်လာ ၇၅၀၀၀ အထိ တိုး မြှင့်သတ်မှတ်ခဲ့ပါတယ်။

 

တပ်ဖွဲ့ဝင်သစ်စုဆောင်းရေးရည်မှန်းချက်ပြည့်ဝဖို့အတွက် အနှစ် ၄၀ အတွင်း အနိမ့်ဆုံးအဆင့်ရောက်ရှိသွား အောင် ရေတပ်ဟာ တပ်ဖွဲ့ဝင်သစ်တွေ စစ်သင်တန်းတက်ဖို့ ဆိုင်းငံ့ထားနိုင်တဲ့ကြိုးပမ်းချက်တစ်ရပ်ဖြစ်တဲ့ ရေတပ်ရဲ့ ကြိုတင်စာရင်း သွင်းစီမံချက် (Delayed Entry Program) ကို အားနည်းအောင်လုပ်ခဲ့ရတယ်လို့ စက်တင်ဘာလအတွင်း ရေတပ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

အခုလို တပ်မတော်ထဲဝင်ရောက်တဲ့နှုန်းထားကျဆင်းလာတဲ့အဓိက အကြောင်းရင်းဟာ အမေရိကန်တပ်မတော် ကို လူထုယုံကြည်မှု နှုန်းကျဆင်းလာတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

 

အမေရိကန်ပြည်သူ ၆၀ ရာခိုင်နှုန်းကပဲ အမေရိကန်တပ်မတော်ကို အယုံအကြည်ရှိကြောင်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရသိရပြီး ဒီပမာဏဟာ ၁၉၉၇ ခုနှစ်ကတည်းက ရှိခဲ့တဲ့ပမာဏတွေထဲမှာ အနိမ့်ဆုံး ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: US Navy Misses Recruitment Goal by 7,000 Sailors: Acting Chief

 

#PeopleMedia


Share this post