• Follow Us on
Latest News

Home အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေဆီကို ၃ မိနစ်နဲ့ ဒုံးကျည်အရောက်ပစ်ခတ်နိုင်ကြောင်း ရုရှားပြော

အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေဆီကို ၃ မိနစ်နဲ့ ဒုံးကျည်အရောက်ပစ်ခတ်နိုင်ကြောင်း ရုရှားပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

 

အနောက်နိုင်ငံထုတ်လက်နက်တွေရဲ့ ကန့်သတ်ထားမှုတွေကို လျှော့ပေးဖို့ ယူကရိန်းနိုင်ငံက တောင်းဆိုနေစဉ် အတွင်း ရုရှားဒုံးကျည်တွေဟာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေဆီကို သုံးမိနစ်အတွင်း ရောက်ရှိနိုင်ကြောင်း ရုရှားနိုင်ငံက သတိပေးလိုက်ပါတယ်။

 

“ပြင်သစ်နိုင်ငံ စတာ့ဘာ့ဂ်ကိုရောက်ရှိဖို့ ဆာမတ်ဒုံးကျည်ပျံသန်းတဲ့အချိန်က ၃ မိနစ်နဲ့ စက္ကန့် ၂၀ ပဲရှိပါတယ်။” လို့ ရုရှားလွှတ်တော်အမတ် ဗီချီဆလဗ်ဗိုလိုဒီနာက ကြာသပတေးနေ့ (စက်တင်ဘာ ၁၉ ရက်နေ့) က တယ်လီ ဂရမ်မှာ တင်ထားခဲ့ပါတယ်။

 

ရုရှားရဲ့ ဆာမတ်ဒုံးကျည်ဟာ ၆၂၁၄ မိုင်နဲ့ ၁၁၁၈၄ မိုင်ကြား ရောက်ရှိနိုင်တဲ့အတွက် ပြင်သစ်နိုင်ငံက မြို့ကို ပစ် ခတ်နိုင်တယ်လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက ပြောပါတယ်။

 

ယူကရိ်န်းကို ထောက်ပံ့ထားတဲ့ အနောက်နိုင်ငံထုတ်လက်နက်တွေ အသုံးပြုမှုကန့်သတ်ထားတာကို ဖယ်ရှား ပေးဖို့ တောင်းဆိုချက်တွေကို တုံ့ပြန်ရာမှာ ၂၀၁၆ ခုနှစ်ကတည်းက ရုရှားဒူးမားလွှတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဗီချီဆလဗ်ဗိုလိုဒီနာက အခုလို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

 

ယူကရိန်းအတွက် အနောက်နိုင်ငံထုတ်လက်နက်တွေ အသုံးပြုခွင့်ကန့်သတ်ထားတာကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဖယ်ရှားပစ်ရေး တိုက်တွန်းသွားဖို့ ဥရောပပါလီမန်က ကြာသပတေးနေ့က ဆုံးဖြတ်ချက်တစ် ရပ် ချမှတ်ခဲ့ပါတယ်။

 

ထောက်ခံမဲ ၄၂၅ မဲ၊ ကန့်ကွက်မဲ ၁၃၁ မဲ၊ ကြားနေမဲ ၆၃ မဲနဲ့ ချမှတ်ခဲ့တဲ့ အဲဒီဆုံးဖြတ်ချက်ထဲမှာ “လက်ရှိချ မှတ်ထားတဲ့ ကန့်သတ်ချက်တွေ မဖယ်ရှားဘဲနဲ့ ယူကရိန်းနိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ၎င်းတို့နိုင်ငံ ရဲ့ အခွင့်အရေးတွေကို အပြည့်အဝ ကျင့်သုံးနိုင်မှာ မဟုတ်ဘူး။” လို့ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် အဲဒီဆုံးဖြတ်ချက်ထဲမှာ “ဥရောပနိုင်ငံတွေက ကတိပေးထားတဲ့အတိုင်း TAURUS ဒုံးကျည်တွေ၊ မိုင် ၃၀၀ ကျော် ပစ်ခတ်နိုင်တဲ့ ဂျာမန်နဲ့ ဆွီဒင်ထုတ် ခရုစ်ဒုံးကျည်တွေ အပါအဝင် ယူကရိန်းကို စစ်လက်နက် ပစ္စည်းတွေ ဆက်လက်ပံ့ပိုးဖို့” တောင်းဆိုထားပါတယ်။

 

အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ပေးပို့ထားပေမဲ့ စစ်ပွဲ ပိုမို ကျယ်ပြန့်လာမှာကို စိုးရိမ်တဲ့အတွက် အခုအချိန်အ ထိ အဲဒီလက်နက်တွေကို ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တိုက်ခိုက်ဖို့ ခွင့်မပြုသေးပါဘူး။

 

Ref: Russia Warns Its Missiles Can Reach US Ally in Three Minutes

 

#PeopleMedia


Share this post