အမေရိကန်လေတပ်က F-15EX Eagle II ဂျက်တိုက်လေယာဉ်နဲ့ တာဝေးပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်
PUBLISHED - September 7, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၇
အမေရိကန်လေတပ်ဟာ ပြီးခဲ့တဲ့လက F-15EX Eagle II ဂျက်တိုက်လေယာဉ်ရဲ့ အဓိကစမ်းသပ်မှုနဲ့ အကဲ ဖြတ်လုပ်ငန်းအဆင့်တစ်ခုကို ဆောင်ရွက်ခဲ့ပါတယ်။
ပေါင်းစပ်ထားတဲ့ စမ်းသပ်မှုနဲ့ အကဲဖြတ်မှု အဆင့် ၁ အောင်မြင်စွာပြီးဆုံးခဲ့တာဟာ လာမယ့်လတွေမှာ F-15EX Eagle II ဂျက်တိုက်လေယာဉ်တွေ အပြည့်အဝထုတ်လုပ်နိုင်ဖို့အတွက် လမ်းခင်းပေးလိုက်တာပဲဖြစ်တယ်လို့ ဆိုပါတယ်။
“လာမယ့်လတွေမှာ F-15EX Eagle II ဂျက်တိုက်လေယာဉ်တွေ အပြည့်အဝထုတ်လုပ်နိုင်ရေး လမ်းကြောင်း ပေးဖို့ အပြီးသတ်အစီရင်ခံနိုင်ရေးအတွက် ဒီအဆင့်က သတင်းအချက်အလက်မှတ်တမ်းတွေကို လေတပ်လုပ် ငန်းလည်ပတ်မှုဆိုင်ရာစမ်းသပ်မှုနဲ့ အကဲဖြတ်မှုစင်တာနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာစမ်းသပ်မှုနဲ့ အကဲဖြတ်မှု ရဲ့ ကာကွယ်ရေးညွှန်ကြားရေးမှူး အတွင်းဝန်ရုံးက အသေးစိတ်ဆန်းစစ်လေ့လာသွားမှာဖြစ်ပါတယ်။” လို့ လေ တပ်ရဲ့ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
F-15EX Eagle II ဂျက်တိုက်လေယာဉ်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ပထမဦးဆုံးပျံသန်းခဲ့ပြီး တစ် နှစ်အကြာမှာ ပထမဦးဆုံးဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
စမ်းသပ်ပစ်ခတ်မှုအတွင်း ပဉ္စမမြောက်မျိုးဆက်ဖြစ်တဲ့ F-15EX Eagle II ဂျက်တိုက်လေယာဉ်ဟာ ဝေဟင်- ဝေဟင်ပစ်ဒုံးကျည်တွေနဲ့ ဝေဟင်-မြေပြင်ပစ် ဒုံးကျည်တွေကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
F-15EX Eagle II ဂျက်တိုက်လေယာဉ်ဟာ ရန်သူ့လေေကြောင်းရန်ကာကွယ်ရေး စနစ်ကိုရှောင်ရှားနိုင်တဲ့ ပူးတွဲ ဝေဟင်-မြေပြင်ပစ်ဒုံးကျည်” (Joint Air-to-Surface Standoff Missiles- JASSM) နဲ့ AIM-120 အ ဆင့်မြင့် တာလတ်ပစ် ဝေဟင်-ဝေဟင်ပစ်ဒုံးကျည် (AIM-120 Advanced Medium-Range Air-to-Air Missile – AMRAAM) ကိုလည်း စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ JASSM ဝေဟင်-မြေပြင်ပစ်ဒုံးကျည်က မိုင် ၂၃၀ (ကီလိုမီတာ ၃၇၀) အထိပစ်ခတ်နိုင်ပြီး AMRAAM ဝေဟင်- ဝေဟင်ပစ်ဒုံးကျည်က ၄၆ မိုင် (၇၅ ကီလိုမီတာ) အထိ ပစ်ခတ်နိုင်ပါတယ်။
“F-15EX Eagle II ဂျက်တိုက်လေယာဉ်ဟာ AMRAAM ဝေဟင်- ဝေဟင်ပစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ် ခတ်ပြီး လေကြောင်းလွှမ်းမိုးမှုကိုသက်သေပြနိုင်ခဲ့သလို JASSM ဝေဟင်-မြေပြင်ပစ်ဒုံးကျည် ၃ စင်းကိုလည်း ပစ်ခတ်ခဲ့ပါတယ်။” လို့ အမေရိကန်လေတပ်ကဗိုလ်မှူး ကယ်လ်ဗင်ကွန်နာက ပြောပါတယ်။
Ref: US Air Force F-15EX Demonstrates Longest Missile Launch in Key Test
#PeopleMedia