• Follow Us on

Home အမေရိကန်လေတပ်က MC-130J သယ်ယူပို့ဆောင်ရေးလေယာဉ်ကို JASSM ဒုံးကျည်စမ်းသပ်တပ်ဆင်

အမေရိကန်လေတပ်က MC-130J သယ်ယူပို့ဆောင်ရေးလေယာဉ်ကို JASSM ဒုံးကျည်စမ်းသပ်တပ်ဆင်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁

 

အမေရိကန်လေတပ်ဟာ မကြာသေးခင်ကပဲ MC-130J Commando II လေယာဉ်ကို ကုန်တင်/ ကုန်ချ သရုပ် ပြပြုလုပ်ခဲ့သလို “AGM-158 ရန်သူ့လေကြောင်းရန်ကာကွယ်ရေး စနစ်ကိုရှောင်ရှားနိုင်ပြီး တာဝေးတိုးချဲ့ထား တဲ့ ပူးတွဲ ဝေဟင်-မြေပြင်ပစ်ဒုံးကျည်” (Joint Air-to-Surface Standoff Missiles with Extended Range – JASSM-ER) တပ်ဆင်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

 

အဲဒီသရုပ်ပြမှုဟာ သယ်ယူပို့ဆောင်ရေးလေယာဉ်အခြေပြု ဒုံးကျည်ပစ်ခတ်မှုစွမ်းရည် မြှင့်တင်ဖို့အတွက် ဆောင်ရွက်နေတဲ့ Rapid Dragon စီမံချက်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

“ကျွန်တော်တို့ C-130 ဆူပါဟာကျူလီကနေ ဆင်းသက်လာတဲ့ MC-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ရဲ့စွမ်း ရည်တွေကို ကုန်တင်/ကုန်ချ လုပ်ရင်း စမ်းသပ်သရုပ်ပြနေတာပါ။ လိုအပ်လာရင် အဲဒီ MC-130 လေယာဉ်မှာ JASSM ဒုံးကျည်တွေ တပ်ဆင်အသုံးပြုလို့ရပါတယ်။” လို့ အထူးစစ်ဆင်ရေးလုပ်ငန်းဆောင်ရွက်မှုအဖွဲ့ ဗဟိုစစ် ဆင်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးအန်တိုနီဘဲလ်ဗီဆိုက ပြောပါတယ်။

 

“F-16 ဂျက်တိုက်လေယာဉ်တွေကိုပဲဖြစ်ဖြစ် တခြားဗုံးကြဲလေယာဉ်တွေကိုပဲဖြစ်ဖြစ် JASSM ဒုံးကျည်တွေလွှဲ ပြောင်းပေးဖို့ လိုအပ်လာတဲ့အချိန်မှာ မြန်မြန်ဆန်ဆန်နဲ့ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ကျွန်တော်တို့ လုပ်ငန်းစဉ်တွေကို သေသေချာချာ ဆောင်ရွက်နိုင်အောင် JASSM ဒုံးကျည်တွေ MC-130J လေယာဉ်တွေမှာ ပေါင်းစပ်တပ်ဆင်မှုအတွက် လက်တွေ့လေ့ကျင့်နေတာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

လော့ဟိမာတင်ကုမ္ပဏီထုတ် C-130 Hercules စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်ကိုအခြေခံ ထုတ်လုပ်ထားတဲ့ MC-130J Commando II လေယာဉ်ဟာ အမေရိကန်လေတပ် အထူးစစ်ဆင်ရေးဌာနချုပ် မှာတာဝန်ချထားတဲ့ ဘက်စုံသုံး တိုက်ခိုက်ရေး/သယ်ယူပို့ဆောင်ရေး/ အထူးစစ်ဆင်ရေးလေယာဉ်ပဲဖြစ်ပါ တယ်။

 

MC-130J Commando II လေယာဉ်ရဲ့ အမြင့်ဆုံးပျံတက်နိုင်တဲ့အလေးချိန်က ပေါင် ၆၄,၀၀၀ ဖြစ်ပြီး အမြင့် ပေ ၂၈၀၀၀ ကနေ မိုင်ပေါင်း ၃၀၀၀ ကို ဆီထပ်မဖြည့်ဘဲ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

 

MC-130J Commando II လေယာဉ်ရဲ့ မူလတာဝန်တွေထဲမှာ အထူးတပ်ဖွဲ့ဝင် ရဟတ်ယာဉ်တွေကို ဆီဖြည့် ပေးခြင်းနဲ့ လေထီးနဲ့ ရိက္ခာ/စစ်လက်နက်ပစ္စည်းများချပေးခြင်းတို့ ပါဝင်ပါတယ်။

 

Ref: USAF Arms MC-130J Cargo Aircraft with JASSM Long-Range Missile

 

#PeopleMedia


Share this post