• Follow Us on

Home အမေရိကန်လေတပ်ရဲ့ B-2 ဗုံးကြဲလေယာဉ်တွေ အဆင့်မြှင့်တင်ဖို့ NG ကုမ္ပဏီကို ဒေါ်လာ ၇ ဘီလျံတန် ကန်ထရိုက်လုပ်ငန်းအပ်နှံ

အမေရိကန်လေတပ်ရဲ့ B-2 ဗုံးကြဲလေယာဉ်တွေ အဆင့်မြှင့်တင်ဖို့ NG ကုမ္ပဏီကို ဒေါ်လာ ၇ ဘီလျံတန် ကန်ထရိုက်လုပ်ငန်းအပ်နှံ

Share this post

နိုင်ငံတကာ၊ မေ ၄

 

အမေရိကန်လေတပ်ရဲ့ B-2 မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ကြီးတွေကို အဆင့်မြှင့်တင်ဖို့အတွက် Northrop Grumman (နော့သ်သရု-ပ်ဂရူးမန်း) ကုမ္ပဏီကို ဒေါ်လာ ၇ ဘီလျံတန်ကြေးရှိ ကန်ထရိုက်လုပ်ငန်း တစ်ခုကို အပ်နှံလိုက်ပါတယ်။

 

ကြာသပတေးနေ့ (မေလ ၂ ရက်နေ့) က ကြေညာလိုက်တဲ့ သဘောတူစာချုပ်ထဲမှာ လေယာဉ်အဆင့်မြှင့်တင် မှု၊ ပြုပြင်ထိန်းသိမ်းမှုနဲ့ လိုအပ်တဲ့လော်ဂျစ်စတစ်ဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။

 

ဒါ့အပြင် လေယာဉ်တပ်စွဲထားတဲ့ လေတပ်စခန်းတွေ ပြုပြင်ထိန်းသိမ်းမှုနဲ့ တခြား ကန်ထရိုက်စာချုပ်ပါ ဆက် စပ်ထောက်ပံမှုတွေလည်း ပါဝင်ပါတယ်။

 

စာချုပ်ပါ လုပ်ငန်းတွေကို ကယ်လီဖိုးနီးယားပြည်နယ်မှာ ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၉ ခုနှစ် မေလအတွင်း လောက်မှာ အပြီးသတ်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

 

Northrop Grumman ကုမ္ပဏီနဲ့ စာချုပ်မချုပ်ခင် အမေရိကန်လေတပ် လေယာဉ်နဲ့ စစ်လက်နက်ပစ္စည်း တစ် သက်တာစီမံခန့်ခွဲမှုစင်တာ (US Air Force Life Cycle Management Center) က B-2 ဗုံးကြဲလေယာဉ်တွေ တိုက်ခိုက်ရေးစွမ်းရည်မြှင့်တင်နိုင်ဖို့အတွက် ဆော့ဖ်ဝဲစက်ရုံတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။

 

“Spirit” လို့လည်း လူသိများတဲ့ B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေဟာ ကမ္ဘာပေါ်က ခေတ်အမီဆုံး လေ ကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ထိုးဖောက်ကျော်လွှားပြီး တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းအားကြီးမားလှတဲ့ ဗုံးကြဲလေယာဉ်ကြီးတွေဖြစ်ပါတယ်။

 

တန်ဖိုးကြီးမားတဲ့ပစ်မှတ်တွေနဲ့ ထုထည်နဲ့ကာကွယ်ထားတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ရည်ရွယ်ပြီး B-2 ဗုံးကြဲလေယာဉ်တွေကို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

 

B-2 ဗုံးကြဲလေယာဉ်တွေဟာ သမရိုးကျဗုံးတွေရော နျူကလီးယားဗုံးတွေကိုပါ သယ်ဆောင်ပစ်ခတ်နိုင်ပါတယ်။ နည်းပညာမြင့်မားပြီး ရန်သူစောင့်ကြည့်ခံရနိုင်တဲ့ အခြေအနေတွေကို လျော့ပါးအောင်လုပ်ထားတဲ့အတွက် B-2 ဗုံးကြဲလေယာဉ်တွေကို ရန်သူ့ရေဒါတွေနဲ့ ခြေရာခံရှာဖွေဖို့ အလွန်ခက်ခဲတယ်လို့ဆိုပါတယ်။

 

လေသူရဲ ၂ ဦး လိုက်ပါမောင်းနှင်တဲ့ B-2 ဗုံးကြဲလေယာဉ်ရဲ့ စစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့အကွာအဝေးဟာ ရေမိုင် ၆၀၀၀ (၆၉၀၅ မိုင်/ ၉၆၀၀ ကီလိုမီတာ) ရှိပါတယ်။

 

Ref: Northrop Wins $7B Deal to Modernize US Air Force’s B-2 Stealth Bomber

 

#PeopleMedia


Share this post