အမေရိကန်လေတပ်ရဲ့ B-21 မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ် အကန့်အသတ်နဲ့ ထုတ်လုပ်မည်
PUBLISHED - January 25, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅
အမေရိကန်လေတပ်ရဲ့ အဆင့်မြင့်လျှို့ဝှက်ထားတဲ့ B-21 Raider ဗုံးကြဲလေယာဉ်စီမံကိန်းကို ကနဦးအနေနဲ့ အကန့်အသတ်နဲ့ ထုတ်လုပ်ဖို့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုင်ဝင်ဘာလအတွင်းက B-21 မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ် ကနဦးစမ်းသပ်ပျံသန်းမှုအောင် မြင်စွာဆောင်ရွက်ခဲ့ပြီးနောက်မှာ အခုလို အကန့်အသတ်နဲ့ ဆက်လက်ထုတ်လုပ်ဖို့ ခွင့်ပြုလိုက်ကြောင်း အမေ ရိကန်ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ပစ္စည်းဝယ်ယူရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး လက်ထောက်အတွင်း ဝန် ဝီလျံလာပလန့်က ပြောပါတယ်။
“B-21 Raider ဗုံးကြဲလေယာဉ်ထုတ်လုပ်မှုကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြေပြင်/ဝေဟင် စမ်း သပ်မှုရလဒ်တွေနဲ့ ထုတ်လုပ်မှုအတွက် စေ့စပ်သေချာတဲ့စီမံချက်တွေပေါ် အခြေခံပြီး ဒီအဆင့်ကိုရောက်ရှိလာ ပြီးနောက် B-21 ဗုံးကြဲလေယာဉ်တွေကို အကန့်အသတ်နဲ့ ဆက်လက်ထုတ်လုပ်ဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
B-21 ဗုံးကြဲလေယာဉ်ထုတ်လုပ်မယ့်အစင်းရေ၊ အပြီးသတ်ဆောင်ရွက်မယ့်ရက် အတိအကျကိုတော့ ဝီလျံလာပ လန့်က ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
ဒါပေမဲ့ အမေရိကန်ရဲ့ပြိုင်ဘက်ရန်သူနိုင်ငံတွေကို ဟန့်တားနိုင်ဖို့အတွက် B-21 ဗုံးကြဲလေယာဉ်တွေကို အရည် အသွေးပြည့်မီပြီး လုံလောက်တဲ့အရေအတွက်ကို ထုတ်လုပ်သွားမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။
B-21 ဗုံးကြဲလေယာဉ်တွေကို အကန့်အသတ်နဲ့ ထုတ်လုပ်သွားဖို့အတွက် ကန်ထရိုက်လုပ်ငန်းရရှိခဲ့ပြီးဖြစ်တယ် လို့ Northrop Grumman ကုမ္ပဏီက ပြောကြောင်း Breaking Defense က ရေသားထားပါတယ်။
လိုအပ်တဲ့ ဝေဟင်/မြေပြင် စမ်းသပ်မှုတွေအောင်မြင်စွာဆောင်ရွက်ပြီး သတင်းအချက်အလက်အပြည့်အစုံ ရရှိ ပြီးနောက် အခုလို ထုတ်လုပ်ဖို့ အသင့်ဖြစ်လာတာဖြစ်ကြောင်း Northrop Grumman ကုမ္ပဏီကပြောပါတယ်။ B-21 ဗုံးကြဲလေယာဉ် အစောပိုင်းကာလထုတ်လုပ်မှုမှာ ငွေကြေးဖောင်းပွမှုကြောင့် ကုမ္ပဏီအတွက် အကျိုးအ မြတ်ရရှိနိုင်ဖွယ်မရှိကြောင်း Northrop Grumman ကုမ္ပဏီက အစောပိုင်းကာလမှာထုတ်ဖော်ပြောကြားခဲ့ပါ တယ်။
၂၀၂၂ ခုနှစ်မှာ ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့တဲ့ B-21 ဗုံးကြဲလေယာဉ်ဟာ ထိရောက်တဲ့လေကြောင်း တိုက်ခိုက်မှုတွေဆောင်ရွက်နိုင်ဖို့အတွက် သမရိုးကျလက်နက်တွေရော နျူကလီးယားလက်နက်တေါကိုပါ တပ် ဆင်သယ်ဆောင်သွားနိုင်ပါတယ်။
အနာဂတ်ကာလ အဆင့်မြင့်ခြိမ်းခြောက်မှုနယ်ပယ်မှာ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို တိကျသေချာအောင် ဆောင်ရွက်ရာမှာ B-21 ဗုံးကြဲလေယာဉ်ဟာ အဓိကအခန်းကဏ္ဍကပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
တာဝေးပျံသန်းတိုက်ခိုက်နိုင်တဲ့ မဟာဗျူဟာမြောက် B-21 ဗုံးကြဲလေယာဉ်ဟာ ရန်သူ့ လေကြောင်းရန်ကာ ကွယ်ရေးစနစ်တွေကို ကျော်လွှားပြီး ရန်သူ့ရေဒါဖမ်းယူနိုင်မှုရှောင်ရှားနိုင်စွမ်း မြင့်မားတယ်လို့ ဆိုပါတယ်။
“ကမ္ဘာ့ပထမဦးဆုံး ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်အဖြစ် B-21 ဗုံးကြဲလေယာဉ်ဟာ သတင်းအချက်အလက် တွေ၊ အာရုံခံကိရိယာတွေနဲ့ လက်နက်စနစ်တွေ အဆင့်မြင့်ပေါင်းစပ်ထားတဲ့ စွမ်းရည်မြင့် ပြောင်းလွယ်ပြင်လွယ် ဖြစ်မှုကို သယ်ဆောင်လာရင်း အမေရိကန်လေတပ်စွမ်းအားအတွက် အနာဂတ်ကာလ ကျောရိုးဖြစ်သလို မြင့် တက်လာတဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် ပိုမိုစွမ်းအားပြည့်ဝတဲ့လေယာဉ်လည်းဖြစ်ပါတယ်။” လို့ Northrop Grumman ကုမ္ပဏီက ပြောပါတယ်။
Ref: US Air Force’s Futuristic B-21 Raider Enters Low-Rate Production
#PeopleMedia