• Follow Us on

Home အမေရိကန်လေတပ်ရဲ့ Cessna 208B လေယာဉ်ငယ်လေး အလိုအလျောက်စနစ်နဲ့ မိုင် ၃,၉၀၀ ကျော် ပျံသန်းခဲ့

အမေရိကန်လေတပ်ရဲ့ Cessna 208B လေယာဉ်ငယ်လေး အလိုအလျောက်စနစ်နဲ့ မိုင် ၃,၉၀၀ ကျော် ပျံသန်းခဲ့

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၈

 

ဆက်ဆနာလေယာဉ်ငယ်တစ်စင်း (Cessna 208B) ဟာ အမေရိကန်လေတပ်ရဲ့ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ စမ်းသပ်ပျံသန်းမှုတစ်ခုမှာ လေယာဉ်မှူးမပါဘဲ မိုင်ပေါင်း ၃,၉၀၀ (၆,၂၇၆ ကီလိုမီတာ) ကျော် ပျံသန်းခဲ့ပါတယ်။

 

Agile Flag စစ်ရေးလေ့ကျင့်မှုအစိတ်အပိုင်းတစ်ရပ်အဖြစ် အခုလို Cessna 208B လေယာဉ်ကို မောင်းသူမပါ ဘဲ အလိုအလျောက်မောင်းနှင်တဲ့စနစ်နဲ့ စမ်းသပ်ပျံသန်းခဲ့တာဖြစ်ပါတယ်။

 

ဘေးကင်းလုံခြုံရေးအတွက် လေယာဉ်မှူးတစ်ဦးက အနီးကပ်စောင့် ကြည့်ပြီး ပျံသန်းခဲ့တဲ့ Cessna 208B လေ ယာဉ်ငယ်လေးဟာ ကယ်လီဖိုးနီးယားပြည်နယ်နဲ့ နီဗာဒါးပြည်နယ်တွေက စစ်စခန်းတွေနဲ့ အရပ်ဘက်လေယာဉ် ကွင်းတွေကို သွားရောက်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

 

Cessna 208B လေယာဉ်လေးဟာ အရင်ကမရောက်ခဲ့ဖူးတဲ့ နေရာတွေအပါအဝင် ဒေသ ၉ ခုမှာရှိတဲ့ လေ ယာဉ်ကွင်းတွေမှာ အလိုအလျောက်ထိန်းကျောင်းမောင်းနှင်တဲ့စနစ်ကို အသုံးပြုပြီး လေယာဉ်အတက်/အဆင်း၊ ပျံသန်းခြင်းလုပ်ငန်းတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

အလိုအလျောက်မောင်းနှင်တဲ့ အဲဒီသယ်ယူပို့ဆောင်ရေးလေယာဉ်ငယ်လေးရဲ့ ပျံသန်းမှုကို ကြီးကြပ်ထိန်းချုပ် ဖို့အတွက် တစ်ကိုယ်ရေသုံး ကျောပိုးအိတ်ကလေးထဲမှာ ထည့်သွင်းသယ်ဆောင်နိုင်တဲ့ လက်တော့ပ်ကွန်ပျူ တာလေးတစ်လုံးနဲ့ ဂြိုဟ်တုဆက်သွယ်ရေးတိုင်အငယ်စားလေးကိုသာ အသုံးပြုခဲ့ကြောင်း Joby ကုမ္ပဏီက ပြောပါတယ်။

 

အသေးစားသယ်ယူပို့ဆောင်ရေးဆောင်ရွက်ဖို့အတွက် အခုလို လေယာဉ်ငယ်လေးတွေကိ အသုံးပြုလာနိုင်ဖွယ် ရှိကြောင်း အမေရိကန်လေတပ် Air Mobility Command က အရာရှိ ဗိုလ်မှူးကြီး မက်စ်ဘရာမာက ပြောပါ တယ်။

 

“ဒီလိုနည်းနဲ့ ပိုမိုကြီးမားတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ၊ အင်ဂျင်တွေလို ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့အ တွက် သယ်ယူပို့ဆောင်ရေးလေယာဉ်တွေရဲ့ စွမ်းရည်ကို ကျွန်တော်တို့ ထိန်းသိမ်းထားနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒီမဟာဗျူဟာစီမံချက်ဟာ အမေရိကန်လေတပ် သယ်ယူပို့ဆောင်ရေးလေယာဉ်တွေရဲ့ အလုံးစုံစွမ်းရည်တွေ ကို မြှင့်တင်ပေးသွားမှာဖြစ်သလို အလိုအပ်ဆုံးအချိန်မှာ အရေးအကြီးဆုံးပစ္စည်းတွေကို စနစ်တကျအသုံးပြု သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ကုမ္ပဏီရဲ့ မောင်းသူမဲ့လေယာဉ်စနစ်ဟာ တာဝေးပျံသန်းတာဝန်ထမ်းဆောင်မယ့်စစ်ဆင်ရေးတွေအတွက် အ ထောက်အကူပြုသွားမှာဖြစ်ကြောင်း Joby ကုမ္ပဏီ အလိုအလျောက်ပျံသန်းရေးအဖွဲ့ခေါင်းဆောင် မက်ဆီဂေးရီ ယာက ပြောပါတယ်။

 

“ပိုမိုကောင်းမွန်တဲ့ အလိုအလျောက်မောင်းနှင်စနစ်ကို တပ်ဆင်နိုင်မယ့် နည်းပညာသစ်တွေကို ဆက်လက်တီ ထွင်ပြီး ဒီဇိုင်းရေးဆွဲထုတ်လုပ်နေတဲ့အတွက် အမေရိကန်လေတပ်နဲ့ ဆက်လက် လက်တွဲဆောင်ရွက်ဖို့ ကျွန် တော်တို့ မျှော်လင့်စောင့်စားနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဒီ Cessna 208B လေယာဉ်ငယ်လေးဟာ မိုင် ၂၈၀၀ အကွာအဝေးအထိ ပျံသန်း ပြီး လော်ဂျစ်စတစ်တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: Cessna Aircraft Flies 3,900 Miles Autonomously in US Air Force Demo

 

#PeopleMedia


Share this post