• Follow Us on

Home အမေရိကန်လေတပ်ဟာ တရုတ်နဲ့ စစ်မက်ဖြစ်ပွားဖို့ အဆင်သင့်မဖြစ်သေးကြောင်း ကန်ဒယ်လ်ပြော

အမေရိကန်လေတပ်ဟာ တရုတ်နဲ့ စစ်မက်ဖြစ်ပွားဖို့ အဆင်သင့်မဖြစ်သေးကြောင်း ကန်ဒယ်လ်ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂

 

အမေရိကန်လေတပ်ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံနဲ့ စစ်မက်ဖြစ်ပွားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ လေ တပ်အတွင်းရေးမှူး ဖရန့်ကန်ဒယ်လ်က Facebook ပေါ်ကနေ live လွှင့်ပြောကြားလိုက်ပါတယ်။

 

“ကျွန်တော်တို့ နောက်ထပ်မျိုးဆက်သစ်လေယာဉ်တွေ ဝယ်ယူဖို့လိုနေတာကို စဉ်းစားရင်း ကျွန်တော်တို့ရဲ့လေ တပ်ကို ခေတ်မီအောင်အဆင့်မြှင့်တင်ဖို့အကြောင်းတွေ တွေးတောပြီး ပထမဦးဆုံး နှစ်နှစ်အတွင်းမှာ စိုးရိမ်ပူပန် ခဲ့ရပါတယ်။” လို့ အမေရိကန်လေတပ်က Chief Master Sergeant ဖြစ်သူ ဂျိုအန်းအက်စ်ဘေ့စ်နဲ့ “ကော်ဖီပွဲ စကားဝိုင်း” တစ်ခုမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

“ခြိမ်းခြောက်မှုက ရှိနေပြီးသားဖြစ်ကပါတယ်။ ကျွန်တော်တို့ စဉ်းစားရမယ်။ အဲဒီခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေ ရှင်းဖို့ ကျွန်တော်တို့ စုစည်းပြီးပြီလား။ အဲဒီခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်တို့ လေ့ကျင့်ပြီးပြီ လား။ အဲဒီခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် လေတပ်မှာရော အာကာသတပ်မှာရော ကျွန်တော် တို့ ပြင်ဆင်ပြီးပြီလား။” လို့ ၎င်းက ပြောပါတယ်။

 

“ဆိုကြပါစို့ ရုရှားဖြစ်စေ တရုတ်နဲ့ဖြစ်စေ မဟာအင်အားကြီးနိုင်ငံတစ်နိုင်ငံနဲ့ မနက်ဖြန်စစ်ပွဲဆင်နွှဲဖို့ ကျွန်တော် တို့ကို အမိန့်ပေးလာပြီဆိုပါတော့… ကျွန်တော်တို့ တကယ်အသင့်ဖြစ်နေပြီလား။ ကျွန်တော့်အထင်ကတော့ ကျွန်တော်တို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အနေအထားနဲ့ အသင့်မဖြစ်သေးဘူးလို့ပဲ ပြောချင်ပါ တယ်။ ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာ တွက်ချက်ဖို့အတွက် စပြီးစဉ်းစားရတော့မယ်။” လို့ ၎င်းက ပြောပါတယ်။

 

မိမိတို့ လေတပ်တပ်ဖွဲ့ဝင်တွေ နိုင်ငံကိုကာကွယ်စောင့်ရှောက်သူတွေ ၎င်းတို့စစ်ဆင်ရေးတာဝန်တွေကို ထမ်း ဆောင်နိုင်အောင် ထောက်ပံ့ပေးရမယ့်အရေးအကြီးဆုံးပစ္စည်းတွေ က ၎င်းတို့လိုအပ်နေတဲ့ ရင်းမြစ်တွေ၊ ၎င်းတို့ လိုအပ်နေတဲ့ လက်နက်စနစ်တွေနဲ့ ပစ္စည်းကိရိယာတွေ ဖြစ်ကြောင်း ကန်ဒယ်လ်က အရင်တုန်းက ပြောခဲ့ဖူးပါ တယ်။

ဒါပေမဲ့ လက်နက်တွေတစ်ခုတည်းက တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုကို ရင်ဆိုင်ရာမှာ အဖြေမဟုတ်ဘဲ တွေးခေါ် စဉ်းစားပုံ mindset တွေကိုပါ ပြောင်းလဲဖို့ လိုအပ်ကြောင်း ဂျိုအန်းအက်စ်ဘေ့စ်နဲ့ ပြောခဲ့တဲ့စကားဝိုင်းမှာ ကန် ဒယ်လ်က ပြောပါတယ်။

 

“တရုတ်ရဲ့ချိန်ကိုက်ထားတဲ့ခြိမ်းခြောက်မှုအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်ဖို့ လိုအပ်တဲ့အတိုင်းအတာအ ထိ အဆင်သင့်မဖြစ်သေးပါဘူး။ ကျွန်တော်ပြောနေတာက အနာဂတ်မှာ မဟာအင်အားကြီးနိုင်ငံနဲ့ ဖြစ်လာနိုင် ခြေရှိတဲ့ စစ်ပွဲအတွက် လိုက်လျောညီထွေဖြစ်ဖို့ ပြန်လည်ဆောင်ရွက်ဖို့ လိုအပ်နေပြီဆိုတာကို ပြောနေတာဖြစ် ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အမေရိကန်စစ်မှုထမ်း ကြည်းတပ်အရာရှိတစ်ဦးအဖြစ် ကန်ဒယ်လ်တာဝန်ထမ်းဆောင်နေတဲ့ စစ်အေးတိုက်ပွဲ ကာလမှာ အမေရိကန်စစ်တပ်ဟာ ဆိုဗီယက်နိုင်ငံတစ်ခုတည်းကိုပဲ အာရုံစိုက်နေရကြောင်း၊ လက်ရှိအချိန်မှာ တရုတ်နိုင်ငံကိုရော ရုရှားနိုင်ငံကိုပါ ထည့်တွက်ပြီး လေ့လာ၊ ပြင်ဆင်ရမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။

 

Ref: Kendall: USAF ‘Not as Ready as We Need to Be’ for China Challenge

 

#PeopleMedia


Share this post