• Follow Us on
Latest News

Home အမေရိကန်လေတပ်အတွက် JSM သင်္ဘောဖျက်ဒုံးကျည်တွေဝယ်ယူဖို့ နော်ဝေကုမ္ပဏီကိုအပ်နှံ

အမေရိကန်လေတပ်အတွက် JSM သင်္ဘောဖျက်ဒုံးကျည်တွေဝယ်ယူဖို့ နော်ဝေကုမ္ပဏီကိုအပ်နှံ

Share this post

နိုင်ငံတကာ၊ ဇွန် ၄

 

အမေရိကန်လေတပ်ဟာ ၎င်းတို့ရဲ့ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေအတွက် ပထမဦးဆုံး ပူးတွဲ တိုက်ခိုက်ရေးခရုစ်ဒုံးကျည် (Joint Strike Missile – JSM) ထုတ်လုပ်ပေးဖို့အတွက် နော်ဝေနိုင်ငံက စစ်လက် နက်ပစ္စည်းကုမ္ပဏီဖြစ်တဲ့ Kongsberg Defence & Aerospace (ကောင်းစ်ဘာ့ဂ်ကုမ္ပဏီ) ကို ကန်ထရိုက် လုပ်ငန်းအပ်နှံလိုက်ပါတယ်။

 

ကောင်းစ်ဘာ့ဂ်ကုမ္ပဏီဟာ ဒေါ်လာ ၁၄၁ သန်းတန်ကြေးရှိ ခရုစ်ဒုံးကျည်တွေကို ၂၀၂၆ ခုနှစ် သြဂုတ်လ ၃၁ နေ့အထိ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

 

လေတပ်က ဝယ်ယူမယ့် ဒုံးကျည်အရေအတွက်ကို အတိအကျမသိရပေမဲ့ ၂၀၂၄ ခုနှစ်မှာ JSM ဒုံးကျည် ၄၈ စင်းအပါအဝင် လာမယ့်ငါးနှစ်အတွင်း JSM ဒုံး ကျည် ၂၆၈ စင်း ဝယ်ယူသွားမှာဖြစ်ကြောင်း ၂၀၂၃ ခုနှစ်က လေတပ်က ပြောကြားခဲ့ပါတယ်။

 

“အမေရိကန်လေတပ်နဲ့ တော်ဝင်နော်ဝေလေတပ်တို့က JSM ဒုံးကျည်တွေကို ဝယ်ယူဖို့ ရွေးချယ်လိုက်တာဟာ အဖွဲ့ဝင်နိုင်ငံတွေကြား စစ်လက်နက်ပစ္စည်းတွေ အပြန်အလှန် လဲလှယ်သုံးစွဲနိုင်ဖို့အတွက် နေတိုးအဖွဲ့က ချမှတ် ထားတဲ့ ရည်ရွယ်ချက်ကို အပြည့်အဝ အထောက်အကူပြုသွားမှာဖြစ်ပါတယ်။” လို့ ကောင်းစ်ဘာ့ဂ်ကုမ္ပဏီ ဥက္ကဋ္ဌ အီးရစ်လိုင်းက ပြောပါတယ်။

 

အလေးချိန် ၄၀၇ ကီလိုဂရမ် (၈၉၇ ပေါင်) ရှိပြီး အရှည် ၄ မီတာ (၁၃ ပေ) ရှည်လျားတဲ့ JSM ဒုံးကျည်ဟာ အသံထက် ဝ.၇ ကနေ ဝ.၉၅ နှုန်းနဲ့ ပျံသန်းနိုင်ပြီး ၅၆၃ ကီလိုမီတာ (မိုင် ၃၅၀ ) အကွာအဝေးကပစ်မှတ်ကို ပစ်ခတ်နိုင်ပါတယ်။

 

JSM ဒုံးကျည်ဟာ ပေါင် ၂၆၀ အလေးချိန်ရှိတဲ့ ထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး GPS အသုံးပြု ပဲ့ထိန်းလမ်းညွှန် ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။

 

ဒါ့အပြင် ပစ်မှတ်ကို ပိုမိုတိကျစွာ ပစ်ခတ်နိုင်ဖို့အတွက် အနီအောက်ရောင်ခြည်သုံး ပစ်မှတ်ရှာကိရိယာကိုလည်း အသုံးပြုနိုင်ပါတယ်။

 

Ref: US Air Force F-35s to Get Norwegian Anti-Ship Cruise Missiles

 

#PeopleMedia


Share this post