• Follow Us on
Latest News

Home အမေရိကန်သမ္မတဟောင်းအိုဘားမား ကမ္မလာဟားရစ်အတွက် မဲဆွယ်စည်းရုံး

အမေရိကန်သမ္မတဟောင်းအိုဘားမား ကမ္မလာဟားရစ်အတွက် မဲဆွယ်စည်းရုံး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၁

 

အမေရိကန်သမ္မတဟောင်းဘားရက်အိုဘားမားဟာ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အစား ကမ္မလာဟားရစ်ကို မဲပေးဖို့ တက္ကသိုလ်ကျောင်းသား လူငယ်တွေကို ပစ်မှတ်ထားပြီး ပစ် ဘတ်ကောလိပ် (Pittsburgh college) ကျောင်းဝင်းတစ်ခုမှာ ကြာသပတေးနေ့ (အောက်တိုဘာ ၁၀ ရက်နေ့) က တက်ကြွစွာ မဲဆွယ်ဟောပြောခဲ့ပါတယ်။

 

ရီပတ်ဘီကန်သမ္မတလောင်းဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲအပြီး လက်ရှိသမ္မတဂျိုးဘိုင်ဒန်က ဒီမိုကရက် သမ္မတလောင်းအဖြစ် ဒုတိယသမ္မတကမ္မလာဟားရစ်ကို အမည်စာရင်းတင်သွင်းမှာဖြစ်ကြောင်း ကြေညာ လိုက်ကတည်းက အိုဘားမားဟာ ဟားရစ်ကို တောက်လျှောက်ထောက်ခံလာတဲ့သူဖြစ်ပါတယ်။

 

၂၀၁၇ ခုနှစ်မှာ သမ္မတသက်တမ်းကုန်ဆုံးပြီး အငြိမ်းစားယူခဲ့တဲ့အိုဘားမားဟာ ၎င်းရဲ့ ဒီမိုကရက်ပါတီမှာ လူ ကြိုက်များထင်ရှားကျော်ကြားဆဲဖြစ်ပါတယ်။

 

ဟားရစ်က နီဗားဒါးပြည်နယ်နဲ့ အရီဇိုးနားပြည်နယ်တို့မှာ မဲဆွယ်စည်းရုံးနေစဉ် အိုဘားမားက ပစ်ဘတ် တက္ကသိုလ်ဝင်းထဲမှာ ဟားရစ်အတွက် လူထုမဲဆွယ်စည်းရုံးပွဲ ကျင်းပပေးနေတာဖြစ်ပါတယ်။

 

ဒီအစီစဉ်ဟာ လာမယ့်သီတင်းပတ်တွေအတွင်း ပြိုင်ဆိုင်မှုအားကောင်းတဲ့ ပြည်နယ်တွေမှာ အိုဘားမားက ဟား ရစ်အတွက် မဲဆွယ်ပေးဖို့ စီစဉ်ထားတဲ့အထဲက ပထမဦးဆုံး မဲဆွယ်ပွဲဖြစ်ပါတယ်။

 

“ပြည်သူတွေ ဘာ့ကြောင့် ဖွံ့ဖြိုးတိုးတက်တဲ့ အပြောင်းအလဲကို လိုချင်နေကြတယ်ဆိုတာ ကျွန်တော်သဘော ပေါက်ပါတယ်။ မိမိတို့ ဒီ့ထက်ပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်နဲ့ လူတွေ မချင့်မရဲခံစားနေရတာ ကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်နားမလည်နိုင်တာက ပန်ဆယ်ဗေးနီးယားက ပြည်သူတွေအတွက် ကောင်းမွန်တဲ့နည်းလမ်း တစ်ခုနဲ့ တိုးတက်ပြောင်းလဲလာအောင် ဒေါ်နယ်ထရမ့်က လုပ်ဆောင်လိမ့်မယ်လို့ လူ တွေက ဘာ့ကြောင့် စဉ်း စားခဲ့သလဲဆိုတာကို သဘောမပေါက်တာပါ။” လို့ အိုဘားမားက ဒီမိုကရက်ထောက်ခံ သူတွေကို ပြောပါတယ်။

 

ဒေါ်နယ်ထရမ့်ဟာ သူ့အတ္တနဲ့ သူ့ပိုက်ဆံတွေအတွက်သာ စဉ်းစားတဲ့သူဖြစ်တယ်လို့ အိုဘားမားက ပြောပါ တယ်။

 

ဟားရစ်ဟာ အလယ်အလတ်လူတန်းစားမှာ မွေးဖွားကြီးပြင်းလာတာဖြစ်ပြီး ထရမ့်အယုံအကြည်မရှိတဲ့ အမေရိ ကန်တန်ဖိုးတွေကို ယုံကြည်သူဖြစ်ကြောင်း၊ ထရမ့်ဟာ မကြာသေးခင်က ဟာရီကိန်းမုန်တိုင်းအပေါ် အစိုးရတုံ့ ပြန်မှုအပါအဝင် ပြည်သူကို လှည့်ဖျားဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားအားထုတ်ခဲ့ကြောင်း အိုဘားမားက ပြောပါ တယ်။

 

“ကမ္မလာဟာ တခြားသမ္မတလောင်းတွေလိုပဲ အိမ်ရာနဲ့ အခွန်အတွက် ခိုင်မာတဲ့အစီအစဉ်တွေရေးဆွဲထားပြီး သားဖြစ်ပေမဲ့ ထရမ့်ကတော့ အဲဒီအစီအစဉ်တွေ စိတ်ကူးထဲမှာပဲရှိနေပါသေးတယ်။” လို့ အိုဘားမားက ပြောပါ တယ်။

 

ဟားရစ်ဟာ အမျိုးသားတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နေရတာဖြစ်ကြောင်း၊ အဲဒီအမျိုးသားတွေထဲက တချို့ဟာ ထရမ့်ရဲ့ အနိုင်ကျင့်ခွဲခြားဆက်ဆံတဲ့ အပြုအမူကို အားသာချက်တစ်ရပ်အဖြစ် လက်ခံနေကြကြောင်းလည်း အိုဘားမားက ပြောပါတယ်။

 

“အဲဒီပြုမူဆောင်ရွက်ချက်ဟာ တကယ့််အားသာချက်အစစ်မဟုတ်ဘူးဆိုတာကို ပြောချင်လို့ ကျွန်တော် ဒီနေရာ ကို ရောက်လာတာပါ။” လို့ ၎င်းက ပြောပါတယ်။

 

ကမ္မလာားရစ်အတွက် မဲဆွယ်ပေးတဲ့ သမ္မတဟောင်းဟာ အိုဘားမားတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အိုဘားမားလို သမ္မတသက်တမ်းနှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သလို အာကင်ဆပ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ် ခဲ့တဲ့ ဘီလ်ကလင်တန်ကလည်း တောင်ကာရိုလိုင်းနားကို မသွားခင် လာမယ့်တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တို့မှာ ဂျော်ဂျီယာပြည်နယ်မှာ ကမ္မလာဟား ရစ်အတွက် မဲဆွယ်ဟောပြောသွားမှာဖြစ်ပါတယ်။

 

Ref: Obama Rallies Voters for Kamala Harris in Swing State Pennsylvania: Reuters

 

#PeopleMedia


Share this post