အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဂျော်ဂျီယာအကျဉ်းထောင်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရ

PUBLISHED - August 25, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၅
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သြဂုတ်လ ၂၄ ရက်နေ့က ဂျော်ဂျီယာအကျဉ်းထောင်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရပြီး ဒေါ်လာ ၂၀၀,၀၀၀ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ခြယ်လှယ်ဖို့ အခြားတရားခံ ၁၈ ဦးနဲ့ ပူးပေါင်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ထရမ့် ဟာ အတ္တလန်တာ ဖူလ်တန်ကောင်တီ အကျဉ်းထောင်အတွင်းမှာ မိနစ် ၃၀ ခန့် ထိန်းသိမ်းခံခဲ့ရတယ်လို့ သိရ ပါတယ်။
အသက် ၇၇ နှစ်အရွယ် ထရမ့်ဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ရာဇဝတ်မှု မှတ်တမ်းဓါတ်ပုံရိုက်ယူခံခဲ့ရတဲ့ ပထမ ဆုံး အမေရိကန်သမ္မတဟောင်းဖြစ်လာခဲ့ပါတယ်။
ရဲမှူးရုံးက ထုတ်ပြန်တဲ့ ဓာတ်ပုံတွင် နက်ပြာရောင် ဝတ်စုံ၊ ရှပ်အင်္ကျီအနီနဲ့လည်စည်းအနီကို ဝတ်ဆင်ထားတဲ့ ထရမ့်ဟာ ကင်မရာကို မျက်မှောင်ကြုတ်ကြည့်နေပါတယ်။
ref; kyodonews
#PeopleMedia