အမေရိကန်အစိုးရက ဘင်္ဂလားဒေ့ရှ်အတွက် ပိုမိုခေတ်မီတဲ့စစ်လက်နက်ပစ္စည်းတွေထောက်ပံ့မည်
PUBLISHED - August 8, 2023
နိုင်ငံတကာ၊ သြဂုတ် ၈
အမေရိကန်အစိုးရက ဘင်္ဂလားဒေ့ရှ်တပ်မတော်အတွက် ခေတ်မီလက်နက်ခဲယမ်းတွေနဲ့ စစ်ပစ္စည်းတွေ ပိုမို ထောက်ပံ့သွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပီတာဟာ့စ်က ပြောကြား လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မကြာခင်ကာလအတွင်း ခေတ်မီဒရုန်းတွေနဲ့ စစ်သင်္ဘောတွေ အမေရိကန်အစိုးရထံ က လက်ခံရရှိတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးတက္ကသိုလ်မှာ အမေရိကန်သံ အမတ်ကြီး မိန့်ခွန်းပြောကြားစဉ် ထည်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
မကြာခင်ထောက်ပံ့မယ့် စစ်လက်နက်ပစ္စည်းအသစ်တွေဟာ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက တခြားစစ်ဆင်ရေးတွေအတွက် အထောက်အကူဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။
“လာမယ့်နှစ်အတွင်းမှာ အလွန်ခေတ်မီတဲ့ Blackjack မောင်းသူမဲ့လေယာဉ်တွေ၊ foot SAFE patrol boats အမြန်တိုက်ခိုက်ရေးရေယာဉ် ၃၅ စီးနဲ့ Zodiac အပေါ့စားတိုက်ခိုက်ရေးရေယာဉ်တွေကို ပို့ဆောင်သွားဖို့ ကျွန် တော်တု့ိ မျှော်လင့်ထားပါတယ်။” လို့ ဟာ့စ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မကြာခင်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွက် စေ့စေ့စပ်စပ်၊ ပွင့်လင်းမြင်သာစွာ၊ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုရင်း အဲဒီအကြမ်းဖက်မှုကြောင့် အမေရိကန်အစိုးရက စိုးရိမ်ပူပန်မိ ကြောင်း ပြောဆိုပြီးနောက် မကြာခင်မှာပဲ အခုလို လက်နက်တွေထောက်ပံ့မယ့်ကြေညာချက် ထွက်ပေါ်လာ တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ နိုင်ငံခြားစစ်ဘက်ဆိုင်ရာအကူအညီပေးရေးအစီအစဉ်ကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်မြှင့်တင်ရာမှာ အကူအညီပေးသွားမယ့် အဓိကနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ကြောင်း ဟာ့စ်က ပြောပါတယ်။
အမေရိကန်စစ်ဘက်ဟာ ပုံမှန်အားဖြင့် ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေး အားကောင်းလာအောင် မြှင့်တင်ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေသလို မိတ်ဖက်နိုင်ငံအဖြစ် ပိုမိုခိုင်မာအောင်ဆောင်ရွက်နေကြောင်း ၎င်းက ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ငြိမ်းချမ်းပြီးတည်ငြိမ်တဲ့နိုင်ငံဖြစ်အောင် ထောက်ပံ့ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ လူသားချင်းစာနာမှုအကာအကွယ်ပေးရေးတို့ အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ရည်ရွယ် ချက် ငါးခုရှိကြောင်း ၎င်းက ပြောပါတယ်။
အမေရိကန်အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထောက်ပံ့ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ ဖရီးဂိတ်စစ်သင်္ဘော တွေ၊ မိုင်းဒဏ်ခံသံချပ်ကာယာဉ်တွေနဲ့ C-130B နည်းဗျူဟာမြောက်သယ်ယူပို့ဆောင်ရေးလေယာဉ် ၄ စင်း ပါ ဝင်ပါတယ်။
Ref: US to Supply More Advanced Military Equipment to Bangladesh
#PoepleMedia