• Follow Us on
Latest News

Home အမေရိကန်အစိုးရ၏ ပြည်နှင်သဖြင့် ပြန်လည်ဝင်ရောက်လာသူ ၂ ဦးအား ကြိုဆိုလက်ခံ

အမေရိကန်အစိုးရ၏ ပြည်နှင်သဖြင့် ပြန်လည်ဝင်ရောက်လာသူ ၂ ဦးအား ကြိုဆိုလက်ခံ

Share this post

နေပြည်တော်၊ မတ် ၂၂

 

အမေရိကန်အစိုးရသစ်၏ ဦးစားပေးမူဝါဒများအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းသူများ၊ ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများအား ပြည်နှင်မှုများ ပြုလုပ်လျက်ရှိ‌ကြောင်း သိရသည်။

 

ထိုသို့ ဥပဒေငြိစွန်းသူများအား သက်ဆိုင်ရာ နိုင်ငံစုံသို့ ပြည်နှင်ရာတွင် မြန်မာနိုင်ငံသို့ ပြည်နှင်သူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အမေရိကန်အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ၎င်းတို့အား စိစစ်လက်ခံရေး ဆောင်ရွက်လျက်ရှိရာ ပထမအသုတ် ၂ ဦးမှာ မတ်လ ၁၉ ရက်နေ့နှင့် မတ်လ ၂၈ ရက်နေ့များတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ သီးခြားစီ ရောက်ရှိမည်ဖြစ်ရာ ၎င်းတို့အား တာဝန်ရှိသူများက ကြိုဆိုစောင့်ရှောက်ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

နိုင်ငံသားများအနေဖြင့် ပြည်ပသို့ တရားဝင်လမ်းကြောင်းမှသာ ထွက်ခွာကြရန်နှင့် ရောက်ရှိရာ နိုင်ငံတိုင်းတွင် သက်ဆိုင်ရာ ပြည်တွင်းဥပဒေများကို လိုက်နာကြရန် လိုအပ်ကြောင်း၊ အမိနိုင်ငံအတွင်း၌ ဥပဒေ‌ဘောင်အတွင်း နေထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း ယခု ပြည်နှင်ခံရမှုက ပြသလျက်ရှိ‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post