• Follow Us on
Latest News

Home အမေရိကန်အထူးတပ်ဖွဲ့အတွက် မျိုးဆက်သစ်ဆက်သွယ်ရေးစက်တွေထုတ်လုပ်ပေးဖို့ ဒေါ်လာ ၄၇၉ သန်းတန် ကန်ထရိုက်လုပ်ငန်း L3Harris ကုမ္ပဏီရရှိ

အမေရိကန်အထူးတပ်ဖွဲ့အတွက် မျိုးဆက်သစ်ဆက်သွယ်ရေးစက်တွေထုတ်လုပ်ပေးဖို့ ဒေါ်လာ ၄၇၉ သန်းတန် ကန်ထရိုက်လုပ်ငန်း L3Harris ကုမ္ပဏီရရှိ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၀

 

အမေရိကန်အထူးစစ်ဆင်ရေးဌာနချုပ် (US Special Operations Command – USSOCOM) အတွက် မျိုး ဆက်သစ်နည်းဗျူဟာမြောက်ဆက်သွယ်ရေးစက်တွေ ထုတ်လုပ်ပေးဖို့ ဒေါ်လာ ၄၇၉ သန်း တန်ကြေးရှိတဲ့ ကန်ထရိုက်လုပ်ငန်းကို အမေရိကန်လေယာဉ်/လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ L3Harris ကုမ္ပဏီ ကို အပ်နှံလိုက်ပါတယ်။

 

ဒီဆက်သွယ်ရေးစက်ဟာ ခေတ်သစ်စစ်ပွဲတွေမှာ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေအတွက် စစ်မြေပြင်ဆက် သွယ်ရေးစနစ်ကို မြှင့်တင်ပေးသွားဖို့ မျှော်လင့်ထားပါတယ်။

 

ထုတ်လုပ်ပေးမယ့်နည်းဗျူဟာမြောက် ဆက်သွယ်ရေးစက်အရေအတွက်ကို အတိအကျဖော်ပြမထားပေမဲ့ L3Harris ကုမ္ပဏီဟာ ထောက်ပံ့ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို တစ်နှစ်မှာ ၇ ကြိမ် ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။

 

ကန်ထရိုက်စာချုပ်သဘောတူညီချက်ထဲမှာ အမေရိကန်အထူးစစ်ဆင်ရေးဌာနချုပ် USSOCOM အတွက် ထုတ် လုပ်ပေးရမယ့် နည်းဗျူဟာမြောက် ဆက်သွယ်ရေးစက်အမျိုးအစားကိုလည်း တိတိကျကျ ဖော်ပြမထားပါဘူး။

 

ဖလော်ရီဒါပြည်နယ်အခြေစိုက် L3Harris နည်းပညာကုမ္ပဏီဟာ ရေပြင်ညီဆက်သွယ်ရေးမှာ ကြားဖြတ်ဖမ်းယူ လို့မရတဲ့ RO-X tactical radio ဆက်သွယ်ရေးစက်အပါအဝင် ဆက်သွယ်ရေးစနစ်မျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရာမှာ လူသိများတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

 

L3Harris ကုမ္ပဏီဟာ ဆိုးရွားလှတဲ့ရာသီဥတုအခြေအနေမျိုးမှာ ဆက်သွယ်နိုင်တဲ့ နည်းဗျူဟာမြောက် လမ်း လျှောက်စကားပြောစက်တွေကိုလည်း ထုတ်လုပ်ပါတယ်။

 

ဒါ့အပြင် L3Harris ကုမ္ပဏီဟာ စစ်ဖြစ်ပွားရာနေရာအနီးတစ်ဝိုက် တပ်စခန်းချထားတဲ့တပ်တွေနဲ့ လိုင်းပေါင်းစုံနဲ့ ပိုမိုကောင်းမွန်စွာဆက်သွယ်နိုင်တဲ့ AN/PRC-158 ရေဒီယိုစက်အပါအဝင် နည်းဗျူဟာမြောက် ဆက်သွယ်ရေး စက်တွေကိုလည်း ထုတ်လုပ်ပါတယ်။

 

၂၀၂၂ ခုနှစ်တုန်းက အမေရိကန်ရေတပ်အတွက် ဆက်သွယ်ရေးစက်တွေနဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေထုတ် လုပ်ပေးဖို့ ဒေါ်လာ ၃.၆၉ ဘီလျံတန်ကြေးရှိ ကန်ထရိုက်လုပ်ငန်းတစ်ခုကို L3Harris ကုမ္ပဏီက ရရှိခဲ့ပါတယ်။

 

သဘောတူစာချုပ်ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် L3Harris ကုမ္ပဏီက ၂၀၂၇ ခုနှစ်မတိုင်ခင် လမ်းလျှောက်စ ကားပြောစက်တွေ၊ ကျောပိုးဆက်သွယ်ရေးစက်တွေ၊ ယာဉ်တင်ဆက်သွယ်ရေးစက်တွေနဲ့ အခြေချတပ်စခန်း တွေမှာသုံးတဲ့ဆက်သွယ်ရေးစက်တွေကို ထုတ်လုပ်ပေးပို့သွားမှာဖြစ်ပါတယ်။

 

ဒါ့အပြင် L3Harris ကုမ္ပဏီဟာ အမေရိကန်မရိန်းတပ်ဖွဲ့အတွက် AN/PRC-163 လိုင်းစုံသုံးလမ်းလျှောက်စကား ပြောစက်တွေထုတ်လုပ်ပေးဖို့အတွက် ဒေါ်လာ သန်း ၁၆၀ တန် ကန်ထရိုက်လုပ်ငန်းတစ်ခုကိုလည်း လက်ခံရရှိ ထားပါတယ်။

 

Ref: L3Harris Wins $479M Next-Gen Tactical Radio Contract from US Military

 

#PeopleMedia


Share this post