• Follow Us on

Home အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့ တရုတ်အစိုးရကို ပြစ်တင်ရှုတ်ချပြီး သုံးနိုင်ငံစစ်ရေးပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီ

အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့ တရုတ်အစိုးရကို ပြစ်တင်ရှုတ်ချပြီး သုံးနိုင်ငံစစ်ရေးပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၉

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ တောင်ကိုရီးယားသမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့သုံးဦးဟာ သုံးနိုင်ငံစစ်ရေး၊ စီးပွား ရေးပူးပေါင်းဆောင်ရွက်မယ်လို့ သဘောတူညီလိုက်ကြပြီး တောင်တရုတ်ပင်လယ်ထဲက အန္တရာယ်ရှိပြီး ရန်လို နေတဲ့ တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန် လိုက်ပါတယ်။

 

သမ္မတဂျိုးဘိုင်ဒန်၊ တောင်ကိုရီးယားသမ္မတ ယွန်းဆောက်ယုန်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါတို့ဟာ တရုတ် အင်အားကြီးထွားလာမှုနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ သုံးနိုင်ငံ ပူး ပေါင်းဆောင်ရွက်မှုကို ပြသတဲ့အနေနဲ့ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်က ကမ့်ဒေးဗစ်စခန်းမှာ အစည်း အဝေးတစ်ရပ်ကျင်းပခဲ့စဉ် အခုလို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

 

သောကြာနေ့ကထုတ်ပြန်ခဲ့တဲ့ သုံးနိုင်ငံပူးတွဲကြေညာချက်မှာ အကျပ်အတည်းကာလအတွင်းသုံးနိုင်ငံဟာ တစ် နိုင်ငံနဲ့တစ်နိုင်ငံ ဆွေးနွေးတိုင်ပင်ဆောင်ရွက်ကြမှာဖြစ်ကြောင်း၊ ဒေသတွင်းစိန်ခေါ်မှုတွေ၊ ရန်လိုမှုတွေနဲ့ ဘုံအ ကျိုးစီးပွားကို ထိခိုက်စေမယ့် ခြိမ်းခြောက်မှုတွေအတွက် ပေါင်းစပ်ညှိနှိုင်းပြီး တုံ့ပြန်သွားမှာဖြစ်ကြောင်း ထည့် သွင်းဖော်ပြထားပါတယ်။

 

နိုင်ငံ့ခေါင်းဆောင်သုံးဦးဟာ နှစ်စဉ်သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပုံမှန်ပြုလုပ်သွားဖို့လည်း သဘောတူညီ ခဲ့ကြပြီး ၂၀၂၃ ခုနှစ်မကုန်ခင်အထိ မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုသတင်းတွေကိုလည်း မျှဝေသွားဖို့ သဘောတူညီခဲ့ကြပါတယ်။

 

ဒါ့အပြင် နှစ်စဉ် သုံးနိုင်ငံအစည်းအဝေးကျင်းပသွားဖို့လည်း သဘော တူ ညီခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး ပြောကြားရာ မှာ မျှော်လင့်ထားတာထက်ပိုပြီး စိတ်ဝင်တစားရှိတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

 

“တောင်တရုတ်ပင်လယ်ထဲက ကျွန်တော်တို့လတ်တလောကကြုံတွေ့ရတဲ့ တရုတ်နိုင်ငံရဲ့ ဥပဒေနဲ့မညီတဲ့ပင် လယ်ပြင်ပိုင်ဆိုင်မှုအရေးတောင်းဆိုမှုတွေက အန္တရာယ်ရှိမှုနဲ့ ရန်လိုမှုတွေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အင်ဒို-ပစိဖိတ်ဒေသတွင်းက ရှိရင်းစွဲအခြေအနေတွေကို ပြောင်းလဲဖို့ တစ်ဖက်သတ်ကြိုးစားမှုမှန်သမျှကို ကျွန် တော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း ပြောလိုပါတယ်။” လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

 

အမေရိကန်နိုင်ငံက အခုလို တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နဲ့ ဆက်ဆံရေးတိုးမြှင့်လာတာဟာ ဒေသတွင်း တင်းမာမှုနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ပိုမိုတိုးမြင့်လာစေကြောင်း တရုတ်အစိုးရက သတိပေးလိုက်ပါတယ်။

 

တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့က တရုတ်အစိုးရအပေါ် ရန်စခြင်းကို ရှောင်ရှားနေစဉ်အတွင်းမှာ ပဲ အမေရိကန်အစိုးရဟာ တရုတ်ကို အထီးကျန်ဖြစ်သွားအောင်ဆောင်ရွက်နေပြီး စစ်ရေးအရ ဝိုင်းပတ်ပိတ်ဆို့ ထားနိုင်အောင် ကြိုးစားနေတယ်လို့ တရုတ်အစိုးရက ယုံကြည်ထားပါတယ်။

 

Ref: US, South Korea and Japan condemn China, agree to deepen military ties

 

#PeopleMedia


Share this post