အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲသစ် အကျိုးသက်ရောက်မှုအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ထိုင်းစီးပွားရေးလုပ်ငန်းတွေကို TNSC သတိပေး
PUBLISHED - November 7, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၇
အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်အဖြေ ဘယ်လိုပဲထွက်ထွက် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ သစ် နောက်တစ်ကျော့ပြန်လှည့်လာမယ့်အခြေအနေဟာ ရှောင်လွှဲလို့မရတဲ့အတွက် ထိုင်းစီးပွားရေးလုပ်ငန်း တွေအနေနဲ့ အကျိုးသက်ရောက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း ထိုင်းအမျိုးသား ကုန် တင်သင်္ဘောလုပ်ငန်းရှင်များကောင်စီ (TNSC) က နိုဝင်ဘာ ၅ ရက်နေ့က ပြောကြားလိုက်ပါတယ်။
“အမေရိကန်သမ္မတသစ် ဘယ်သူပဲဖြစ်ဖြစ် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲဟာ ထိုင်းစီးပွားရေးလုပ်ငန်း တွေအတွက် စိန်ခေါ်မှုသစ်တစ်ရပ်ဖြစ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ အမေရိကန်ရော တရုတ်ပါ ထိုင်းနိုင်ငံ ရဲ့ အကြီးမားဆုံးကုန်သွယ်ဘက်နိုင်ငံတွေဖြစ်ပါတယ်။” လို့ TNSC ဥက္ကဋ္ဌ ချိုင်းချန်းချာရွန်ဆတ်က ပြောပါတယ်။
ဒီမိုကရက်တစ်သမ္မတလောင်း ကမ္မလာဟားရစ်က မဟာဗျူဟာမြောက်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်/ပို့ကုန် စညးကြပ်ခွန် မြှင့်တင်ကောက်ခံသွားမယ်လို့ ပြောထားသလို ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က မေရိကန်ဒေါ်လာငွေကြေးနယ်ပယ်ထဲမှာပါဝင်နေတဲ့ ၎င်းတို့ရဲ့ငွေကြေးကို ရပ်တန့်ဖို့ ကြိုစားနေတဲ့ ဘယ်နိုင်ငံကို မဆို ၁၀၀% အခွန်တိုးမြှင့်ကောက်ခံသွားမှာဖြစ်သလို သွင်းကုန်/ပို့ကုန် အားလုံးကို အခွန်တိုးမြှင့်ကောက်ခံသွား မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးက ကုန်ထုတ်လုပ်သူတွေဟာ ကုန်သွယ်ရေးအတားအဆီးတွေကို ရှောင်ရှား ဖို့အတွက် ၎င်းတို့ရဲ့ ထုတ်လုပ်မှုနဲ့ ပြည်ပပို့ကုန် အခြေစိုက်စခန်းတွေကို ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာခဲ့တဲ့အ တွက် လွန်ခဲ့တဲ့ ၇ နှစ်က အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲဟာ ထိုင်းနိုင်ငံအတွက် အကျိုးရှိခဲ့ကြောင်း ချိုင်းချန်းချာရွန်ဆတ်က ပြောပါတယ်။
ကုတ်သွယ်ရေးစစ်ပွဲကြောင့် ထိုင်းနိုင်ငံရဲ့ မော်တော်ကားတာယာပြည်ပပို့ကုန် နှစ်ဆကျော်မြင့်တက်ခဲ့သလို အီ လက်ထရောနစ်ပစ္စည်းပြည်ပပို့ကုန် ခုနစ်ဆမြင့်တက်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။
အခုနှစ် ၉ လ အတွင်း အမေရိကန်နိုင်ငံကို တင်ပို့ခဲ့တဲ့ ပြည်ပပို့ကုန်ဟာ ၁၂.၅% အထိ မြင့်တက်ခဲ့ကြောင်း ၎င်း က ပြောပါတယ်။
“ထိုင်းနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ရော တရုတ်နိုင်ငံနဲ့ပါ ကုန်သွယ်ရေးနဲ့ ဆက်ဆံရေး ဟန်ချက်ညီ အောင် ဆက်လက်ထိန်းသိမ်းထားရမှာဖြစ်တယ်။ ထိုင်းနိုင်ငံဟာ မိမိတို့နိုင်ငံရဲ့ရပ်တည်မှုကို သင့်တင့်လျောက် ပတ်စွာ ထိန်းသိမ်းထားနိုင်ခဲ့သလို ကုန်သွယ်ရေးစစ်ပွဲကနေ မိမိတို့နိုင်ငံအတွက် အကျိုးအမြတ်ရအောင်ဆောင် ရွက်နိုင်ခဲ့ပါတယ်။” လို့ ချိုင်းချန်းက ပြောပါတယ်။
“ဘယ်သူပဲ နိုင်နိုင် ဒီရွေးကောက်ပွဲရလဒ်ဟာ ကမ္ဘာ့စီးပွား၊ ပထဝီနိုင်ငံရေး၊ ကုန်သွယ်ရေးစစ်ပွဲနဲ့ ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ ပြည်ပပို့ကုန်တွေအပေါ်ကို အကျိုးသက်ရောက်မှု ရှိလာမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အခုနှစ် ပထမကိုးလအတွင်း ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၂၂၃.၁၇ ဘီလျံရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၃.၉% မြင့်တက်ခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ် ပြည်ပပို့ကုန်ဟာ ၂% ထက်မနည်း မြင့်တက်လိမ့်မယ် လို့ TNSC က ခန့်မှန်းတွက်ချက်ထားပါတယ်။
“အခုနှစ် နောက်ဆုံးသုံးလမှာ ပြဿနာကြီးကြီးမားမား လုံးဝမရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ သင်္ဘောကွန် တိန်နာအများအပြားက လိုအပ်တာထက်ပိုမိုရရှိမှာဖြစ်သလို လက်ရှိအချိန်မှာ ကုန်စည်တင်ပို့ခနဲ့ ငွေလဲလှယ် နှုန်းကလည်း ကိုင်တွယ်ထိန်းချုပ်နိုင်တဲ့ အနေအထားမှာရှိနေပါတယ်။” လို့ ချိုင်းချန်းက ပြောပါတယ်။
Ref: Thai businesses urged to prepare for new round of US-China trade war
#PeopleMedia