• Follow Us on
Latest News

Home အမေရိကန် ဒဲလ်တာလေကြောင်းလိုင်းလေယာဉ်တစ်စင်း ကနေဒါလေဆိပ်မှာ ပြေးလမ်းချော် တိမ်းမှောက်ပြီး ၁၈ ဦး ဒဏ်ရာရ

အမေရိကန် ဒဲလ်တာလေကြောင်းလိုင်းလေယာဉ်တစ်စင်း ကနေဒါလေဆိပ်မှာ ပြေးလမ်းချော် တိမ်းမှောက်ပြီး ၁၈ ဦး ဒဏ်ရာရ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈

 

အမေရိကန် ဒဲလ်တာလေကြောင်းလိုင်း (Delta Air Lines) က ပြည်တွင်းခရီးစဉ်လေယာဉ်တစ်စင်းဟာ ကနေဒါနိုင်ငံ တိုရွန်တိုပီယာဆန်လေဆိပ်မှာ ဆင်းသက်စဉ် နှင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် ပြေးလမ်းချော်ပြီး တိမ်းမှောက်သွားခဲ့တဲ့ အတွက် လေယာဉ်ပေါ်ပါခရီးသည် ၈၀ အနက် ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

 

မင်နီယာပိုလစ်-စိန့်ပေါလ် နိုင်ငံတကာလေဆပ်က တက်လာတဲ့ လေယာဉ်ပေါ်က ခရီးသည် ၃ ဦးဟာ ဒဏ်ရာပြင်းထန် စွာရရှိထားပြီး အဲဒီအထဲမှာ ကလေးငယ်တစ်ဦးလည်းပါတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

 

Endeavor Air ကုမ္ပဏီခွဲက လုပ်ငန်းလည်ပတ်နေတဲ့ CRJ900 လေယာဉ်ပေါ်မှာ ခရီးသည် ၇၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦး လိုက်ပါလာကြောင်း ဒဲလ်တာလေကြောင်းလိုင်းက ပြောပါတယ်။

 

ကနေဒါ Bombardier ကုမ္ပဏီက တည်ဆောက်ထားပြီး GE Aerospace အင်ဂျင်တပ်ဆင်ထားတဲ့ သက်တမ်း ၁၆ နှစ်ရှိ CRJ900 လေယာဉ်ဟာ ခရီးသည် ၉၀ အထိ တင်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

 

လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ကနေဒါ အာဏာပိုင်တွေက ပြောပါတယ်။

 

လေယာဉ်မဆင်းခင်မှာ ပုံမှန်မဟုတ်တဲ့ ထူးထူးခြားခြား အရိပ်လက္ခဏာ ဘာတစ်ခုမှ မတွေ့ခဲ့ရကြောင်း ခရီးသည်တစ်ဦး ဖြစ်တဲ့ ဂျွန်နယ်ဆင်က ပြောပါတယ်။

 

ကနေဒါနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်အကုန်က နှင်းမုန်တိုင်းတွေတိုက်ခတ်ခဲ့ပြီး လေဆိပ်မှာ နှင်းထု ၂၂ မီတာ (၈.၆ လက်မ) အထိ ကျဆင်းစုပုံခဲ့တဲ့အတွက် ဖျက်သိမ်းလိုက်ရတဲ့ လေကြောင်းခရီးစဉ်တွေ ပြန်လည်ကာမိအောင် အမီပြေး ဆွဲနေရင်း လေပြင်းနဲ့ အအေးဒဏ်ကို အံတုရင်ဆိုင်နေရကြောင်း ပီယာဆန်လေဆိပ်အာဏာပိုင်တွေက တနင်္လာနေ့ အစောပိုင်းက ပြောပါတယ်။

 

ဒဏ်ရာရ ခရီးသည် ၁၈ ဦးကို ဒေသတွင်းက ဆေးရုံတွေကို ပို့ဆောင်ထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

 

မကြာသေးခင်က အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ စစ်သုံးရဟတ်ယာဉ်တစ်စင်းနဲ့ CRJ-700 ခရီးသည်တင်လေယာဉ်တစ် စင်းတိုက်မိခဲ့ပြီး လေယာဉ်နဲ့ ရဟတ်ယာဉ်ပေါ်ပါ လူ ၆၇ ဦး သေဆုံးခဲ့ပါတယ်။

 

ဖီလာဒဲလ်ဖီးယားမှာလည်း ဆေးဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ၇ ဦးထက်မနည်း သေဆုံးခဲ့သလို အလစကားပြည်နယ်မှာလည်း ခရီးသည်တင် လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၁၀ ဦး သေဆုံး ခဲ့ပါတယ်။

 

Ref: Delta plane flips upside down at Toronto airport, injuring 18: Reuters

 

#PeopleMedia


Share this post