• Follow Us on

Home အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်သီယိုဒိုရူစဘဲ့ဦးဆောင်တဲ့ တိုက်ခိုက်ရေးသင်္ဘောအုပ်စု ထိုင်းနို်င်ငံ ချွန်ဘူရီပြည်နယ်မှာ ဆိုက်ကပ်ထား

အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်သီယိုဒိုရူစဘဲ့ဦးဆောင်တဲ့ တိုက်ခိုက်ရေးသင်္ဘောအုပ်စု ထိုင်းနို်င်ငံ ချွန်ဘူရီပြည်နယ်မှာ ဆိုက်ကပ်ထား

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၆

 

အမေရိကန်ရေတပ်က လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်သီယိုဒိုရူစဘဲ့ဟာ စေတနာ့ဝန်ထမ်းလူမှုရေးအ လုပ်တွေဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ဖို့အတွက် ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် လီးမ်ချာဘန်းဆိပ် ကမ်းကို ဆိုက်ရောက်လာခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်းနိုင်ငံတို့ဟာ နှစ်ကာလရှည်ချစ်ကြည်ရင်းနှီးစွာဆက်ဆံလာခဲ့ကြတဲ့ သမိုင်း ကြောင်းရှိပြီး နှစ်နိုင်ငံစလုံးဟာ တန်ဖိုးတွေနဲ့ ဘုံအကျိုးစီးပွားတွေကို မျှဝေခံစားနေကြကြောင်း အမှတ် ၉ လေ ယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးရေယာဉ်စုရဲ့ အကြီးအကဲဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာအလက်ဇန္ဒား က ပြောပါတယ်။

 

“ကျွန်တော်တို့အတွက် အခုလို ဆိပ်ကမ်းကပ်ခွင့်ရှိသလို အခွင့်အလမ်းတွေဟာ နှစ်နိုင်ငံဆက်ဆံရေးစွမ်းအား ကို ဆက်လက်တိုးမြှင့်ဆောင်ရွက်ရမယ့် အခွင့်အလမ်းတစ်ရပ်ပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အခုလို အမှတ် ၉ လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးရေယာဉ်စုကြီး ထိုင်းနိုင်ငံကို ဆိုက်ရောက်လာတာဟာ အနောက်ပစိဖိတ်ဒေသမှာ ပုံမှန်ထမ်းဆောင်နေတဲ့ စစ်ဆင်ရေးတာဝန်တွေထဲက အစိတ်အပိုင်းတစ်ရပ်ပဲဖြစ် ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး အလက်ဇန္ဒားက ပြောပါတယ်။

 

ကြီးကျယ်မြင့်မြတ်တဲ့ထိုင်းလူမျိုးတွေနဲ့ တွေ့ဆုံပြီး အပြန်အလှန်ဆက်ဆံခွင့်ရရှိတာဟာ အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်တွေအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း၊ အမေရိကန်ရေတပ်ဟာ ထိုင်းနိုင်ငံမှာ ရပ်နားနေစဉ် အတွင်း မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးတွဲအလုပ်လုပ်သွားမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။

 

“ဒေသတွင်း ဘယ်လိုအကျပ်အတည်းမျိုးမဆိုကျရောက်လာခဲ့ရင် တုံ့ပြန်နိုင်ရေးအတွက် အသင့်ဖြစ်နေအောင် လို့ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ ကျူးကျော်ရန်စမှုတွေကို ဟန့်တားဖို့ ကျွန်တော်တို့ ဒီကို ရောက်ရှိနေတာပါ။” လို့ ၎င်းက ပြောပါတယ်။

 

လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးရေယာဉ်စုကြီးဟာ ထိုင်းနိုင်ငံမှာ လအနည်းကြာအောင် နေထိုင်သွားမှာ ဖြစ်ကြောင်း ၎င်းက ပြောပေမဲ့ ၎င်းတို့ လေယာဉ်တင်သင်္ဘောအုပ်စု ဆက်လက်ထွက်ခွာမယ့် ခရီးစဉ်အကြောင်း ကိုတော့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။

 

တာ့ခ်ပြည်နယ်က အသက် ၂၀ အရွယ် ပမ်းပကာခရုသန်ကတော့ အမေရိကန်ရေတပ်ရဲ့ ယူအက်စ်အက်စ် သီယိုဒိုရူစဘဲ့ လေယာဉ်တင်သင်္ဘောကြီးပေါ်မှာ တာဝန်ထမ်းဆောင်ခွင့်ရတာ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အတွေ့အကြုံဖြစ်ကြောင်း ပြောပါတယ်။

 

“အမေရိကန်စစ်သမီးတစ်ယောက်အနေနဲ့ ကျွန်မကြီးပြင်းခဲ့ပြီး ဂျပန်၊ ထိုင်း၊ အမေရိကန် ကမ္ဘာတစ်ဝန်းမှာလှည့် လည်နေထိုင်ကခဲ့ပါတယ်။ အဲဒီလို ကမ္ဘာပတ်ခရီးသွားရတာ ကျွန်မအတွက် တကယ့်ကို စိတ်လှုပ်ရှားစရာ အ တွေ့အကြုံပါပဲ။” လို့ ထိုင်းနိုင်ငံမှာမွေးဖွားပြီး အမေရိကန်မှာကြီးပြင်းတဲ့ မစ္စပမ်းပကာက ပြောပါတယ်။

 

အခုလို ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အတွက် ၎င်းမွေးဖွားရာ မိခင်နိုင်ငံကို ပြန်လည် လည်ပတ်ခွင့်ရ သလို မိသားစုနဲ့လည်း ဆက်သွယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

 

Ref: US carrier docks in Chon Buri for ‘community service’

 

#PeopleMedia


Share this post