• Follow Us on
Latest News

Home အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့ဝင်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေအကြောင်း ထိုင်းနိုင်ငံမှာ လာရောက်ဆွေးနွေးမည်

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့ဝင်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေအကြောင်း ထိုင်းနိုင်ငံမှာ လာရောက်ဆွေးနွေးမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၂

 

ထိုင်းနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအကြောင်းတွေ ဆွေးနွေးဖို့အတွက် အမေရိကန်-အာဆီယံ စီးပွား ရေးကောင်စီ (US-ASEAN Business Council) အဖွဲ့ဝင် အမေရိကန်ကုမ္ပဏီ ၄၂ ခုက ကိုယ်စားလှယ်များ အခု သီတင်းပတ်အတွင်း ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်နဲ့ ဘန်ကောက်မြို့မှာ လာရောက်တွေ့ဆုံဆွေးနွေးဖို့ စီစဉ် ထားကြောင်း The Nation မီဒီယာက ရေးသားထားပါတယ်။

 

အရှေ့ဖျားစီးပွားရေးလမ်းကြောင်းနယ်ပယ်ထဲမှာ အစိမ်းရောင်စွမ်းအင် (သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ လေ အားလျှပ်စစ်၊ ဆိုလာ၊ ဘိုင်အိုစွမ်းအင်၊ ရေအားလျှပ် အစရှိတဲ့စွမ်းအင်တွေ)၊ အခြေခံအဆောက်အအုံတွေနဲ့ ဒစ် ဂျစ်တယ်လ် စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေအပေါ် အဓိကဦးတည်ဆွေးနွေးမယ့် အဲဒီဆွေးနွေးပွဲတွေကို ဝန်ကြီးဌာ န ဝန်ကြီးတွေ၊ ဆက်စပ်ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေက အမှုဆောင်အရာရှိတွေ တက်ရောက်ကြမှာဖြစ် တယ်လို့ အစိုးရအိမ်တော်က အရာရှိတစ်ဦးက အင်္ဂါနေ့ (နိုဝင်ဘာလ ၂၁ ရက်နေ့) က ပြောပါတယ်။

 

ဆွေးနွေးပွဲကို ကိုယ်စားလှယ်တွေစေလွှတ်မယ့် လူသိများပြီး ဂုဏ်သတင်းကြီးလှတဲ့ ကုမ္ပဏီတွေထဲမှာ Agoda၊ Airbnb၊ Mariott၊ Amazon၊ Apple၊ Google ၊ IBM ၊ Seagat ၊ Qualcomm ၊ SAP ၊ Boeing ၊ Ford၊ Harley Davidson၊ FedEx၊ Chevron ၊ ExxonMobil ၊ Bayer ၊ Johnson & Johnson ၊ Pfizer ၊ Mastercard ၊ Visa ၊ Philip Morris ၊ Estee Lauder နဲ့ Guardian ကုမ္ပဏီတို့ပါဝင်ပါတယ်။

 

အခုကျင်းပမယ့် ဆွေးနွေးပွဲတွေဟာ အခုနှစ်အတွင်း ထိုင်းဝန်ကြီးချုပ် အမေရိကန်ကိုသွားရောက်ခဲ့တဲ့ ခရီးစဉ် နှစ်ခုရဲ့နောက်ဆက်တွဲဆွေးနွေးပွဲတွေဖြစ်တယ်လို့ အစိုးရအိမ်တော်အရာရှိက ပြောပါတယ်။

 

အမေရိကန်ခရီးစဉ်တွေမှာ ဝန်ကြီးချုပ်ဆရက်ထာနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံထဲက ရင်းနှီးမြှုပ်နှံမှု အ ခွင့်အလမ်းတွေနဲ့ ထောက်ပံ့ထားတဲ့အစိုးရမူဝါဒတွေအကြောင်းကို အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေထံ တင်ပြခဲ့ ကြတယ်လို့ ဆိုပါတယ်။

 

ဝန်ကြီးချုပ်ရဲ့ အမေရိကန်ပထမခရီးစဉ်က စက်တင်ဘာလ ၁၈ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ နယူးယောက် မြို့မှာကျင်းပတဲ့ ၇၈ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရေးခရီးစဉ်ဖြစ်ပြီး ဒုတိယခရီးစဉ် ကတော့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဆန်ဖရန်စစ္စကိုမြို့မှာကျင်းပခဲ့တဲ့ အကြိမ် ၃၀ မြောက် APEC (အာရှ-ပစိ ဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရေး ခရီးစဉ်ပဲ ဖြစ်ပါတယ်။

 

ဒစ်ဂျစ်တယ်လ်စီးပွားရေးလုပ်ငန်း၊ လျှပ်စစ်ကား၊ လော်ဂျစ်စတစ်အခြေခံအဆောက်အအုံနဲ့ ရေရှည်တည်တန့် ခိုင်မြဲတဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအာရုံစိုက်ရည်မှန်းထားပြီး လုပ်ငန်းပေါင်းစုံနယ်ပယ်တစ်ဝန်းမှာ ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းတွေနဲ့ ထောက်ပံ့ထားတဲ့မူဝါဒတွေအကြောင်းကို အသေးစိတ် ရှင်းလင်းတင်ပြသွားဖို့ ထိုင်း ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ ပြင်ဆင်နေကြကြောင်း သတင်းရင်းမြစ်အရာရှိက ပြောပါတယ်။

 

စီစဉ်ထားတဲ့ဆွေးနွေးပွဲတွေဟာ ထိုင်းနိုင်ငံရဲ့ အရည်အသွေးစွမ်းပကားတွေအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ယုံကြည်မှုကို ထင်ဟပ်ပေါ်လွင်စေကြောင်း ထိုင်းနိုင်ငံဆိုင်ရာအမေရိကန်သံအမတ် ကြီး ရောဘတ်အက်ဖ်ဂိုဒက်က ပြောပါတယ်။

 

နှစ်နိုင်ငံအကျိုးစီးပွားနဲ့ အမေရိကန်၊ ထိုင်း၊ ကမ္ဘာကြီးကို မြှင့်တင်ပေးမယ့် လုပ်ငန်းနယ်ပယ်တွေမှာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေဟာ ရင်းနှီးမြှုပ်နှံဖို့် အဆင်သင့်ဖြစ်နေကြောင်း ၎င်းက ပြောပါတယ်။

 

အဲဒီအမေရိကန်ကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံစီးပွားရေးတိုးချဲ့မှုကို ထပ်မံမြှင့်တင်ရာမှာ ကူညီဆောင်ရွက်ရင်း ထိုင်းနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာနဲ့ ကြီးမားတဲ့ကုန်သွယ်မှုတွေနဲ့အတူ ဒေါ်လာဘီလျံ ပေါင်းများစွာကိုပါ ယူဆောင်လာမှာဖြစ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။

 

Ref: US-ASEAN Business Council members discuss investment opportunities: The Nation

 

#PeopleMedia


Share this post