• Follow Us on

Home အမေရိကန် B-52 ဗုံးကြဲလေယာဉ်တွေ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိ

အမေရိကန် B-52 ဗုံးကြဲလေယာဉ်တွေ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၄

 

အမေရိကန် B-52 ဗုံးကြဲလေယာဉ်တွေဟာ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိလာပြီဖြစ်ကြောင်း အမေရိ ကန်တပ်မတော်က စနေနေ့ (နိုဝင်ဘာ ၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဒေသတွင်း အေဘရာဟမ်လင်ကွန်းလေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ တိုက်ခိုက်ရေးသင်္ဘောအုပ်စု ပြန်လည် ထွက်ခွာနေစဉ်အတွင်း အစားမထိုးခင်ကြားကာမှာ လေယာဉ်တွေ တပ်ဖြန့်ချထားမှာဖြစ်ကြောင်း ပြောကြားရင်း အီရန်ကို သတိပေးလိုက်ပြီးနောက် အခုလို B-52 ဗုံးကြဲလေယာဉ်တွေရောက်ရှိလာတာဖြစ်ပါတယ်။

 

“မိုင်းနော့လေတပ်စခန်း အမှတ် ၅ ဗုံးကြဲလေယာဉ်အုပ်က B-52 Stratofortress မဟာဗျူဟာမြောက်ဗုံးကြဲလေ ယာဉ်တွေဟာ အမေရိကန်ဗဟိုစစ်ဌာနချုပ်တာဝန်ယူထားတဲ့နယ်မြေကို ဆိုက်ရောက်လာပြီဖြစ်ပါတယ်။” လို့ အရှေ့အလယ်ပိုင်းဒေသနဲ့ အနီးဝန်းကျင်နိုင်ငံများ စစ်ဘက်ဆိုင်ရာဌာနချုပ်က ၎င်းတို့ရဲ့ လူမှုကွန်ရက်ပေါ်က ပို့စ်တစ်ခုမှာ ပြောကြားထားပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသကို ဗုံးကြဲလေယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေ၊ ဆီဖြည့်လေယာဉ်တွေနဲ့ ပဲ့ထိန်းဒုံး ကျည်တပ် ဖျက်သင်္ဘောတွေ စေလွှတ်သွားမှာဖြစ်ကြောင်း နိုဝင်ဘာလ ၁ ရက်နေ့ (သောကြာနေ့) က အမေရိ ကန်ပြည်ထောင်စုက ကြေညာခဲ့ပါတယ်။

 

“အီရန်နိုင်ငံကဖြစ်စေ၊ အီရန်ရဲ့မိတ်ဖက်နိုင်ငံတွေကဖြစ်စေ၊ အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွအုပ်စုတွေက ဖြစ်စေ အဲဒီအချိန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဒါမှမဟုတ် ဒေသတွင်းက အမေရိကန်အကျိုး စီးပွားကို ပစ် မှတ်ထားတိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မိမိတို့ပြည်သူတွေကို ကာကွယ်ဖို့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်။” လို့ ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် လေတပ်ဗိုလ် ချုပ်ပက်ရွိုင်ဒါက ထုတ်ပြန်ချက်ထဲမှာ ပြောခဲ့ပါတယ်။

 

အစ္စရေးလေတပ်က အောက်တိုဘာ ၂၆ ရက်နေ့က အီရန်နိုင်ငံရှိ စစ်ရေးပစ်မှတ်တွေကို သွားရောက်တိုက်ခိုက် ခဲ့တဲ့အတွက် အီရန်နိုင်ငံက လက်တုံ့ပြန်တိုက်ခိုက်မှာဖြစ်ကြောင်း အီရန်ခေါင်းဆောင်အယာတိုလာခါမေနီက ပြောကြားခဲ့ပါတယ်။

 

အီရန်နို်င်ငံက အစ္စရေးကို ၂၀၂၄ ခုနှစ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ဧပြီလမှာ တစ်ကြိမ်၊ အောက်တိုဘာလ မှာ တစ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

 

အစ္စရေးက ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြိးနောက် ဧပြီလအ တွင်းမှာ အီရန်က အစ္စရေးကို ပထမအကြိမ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အစ္စရေးက အီရန်ထောက် ပံ့ထားတဲ့ စစ်သွေးကြွတွေကို လုပ်ကြံသတ်ဖြတ်ခဲ့လို့ဆိုပြီး အောက်တိုဘာလအတွင်းမှာ ဒုတိယအကြိမ် ဒုံး ကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

Ref: B-52 Bombers Arrive in Middle East: US Military

 

#PeopleMedia


Share this post