• Follow Us on

Home အမေရိကန် F-22 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေ အရှေ့အလယ်ပိုင်းကိုရောက်ရှိ

အမေရိကန် F-22 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေ အရှေ့အလယ်ပိုင်းကိုရောက်ရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၀

 

အီရန်နိုင်ငံက အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်မှာကို ကြိုတင်မျှော်လင့်ပြီး အမေရိကန်အစိုးရက ဒေသတွင်း စစ်အင်အားဖြည့်တင်းနေချိန်မှာ ခေတ်မီအမေရိကန် F-22 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေဟာ အရှေ့အ လယ်ပိုင်းဒေသကို ကြာသပတေးနေ့ (သြဂုတ်လ ၈ ရက်နေ့) က ရောက်ရှိလာပြီဖြစ်ကြောင်း အမေရိကန် စစ် တပ်က ပြောပါတယ်။

 

အခုတပ်ဖြန့်ချထားမှုဟာ အီရန်နိုင်ငံနဲ့ နောက်လိုက်အဖွဲ့တွေကြောင့် ဒေသတွင်း တင်းမာမှုတွေမြင့်တက်လာ နိုင်တဲ့အခြေအနေကို လျော့ပါးစေဖို့ ဒေသတွင်းမှာ စစ်အင်အားဖြည့်တင်းမှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသကို နောက်ထပ် စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်အုပ်တစ်အုပ် ထပ်မံစေလွှတ်သွားဖို့ ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်က ညွှန်ကြားထားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

 

အခုသီတင်းပတ် အစောပိုင်းက အီရတ်နိုင်ငံမှာ ရော့ကက်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ အမေရိကန်တပ်ဖွဲ့ဝင် ခုနစ်ဦး ဒဏ်ရာရခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွက် အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွတွေကို အမေရိကန်အစိုးရ က အပြစ်တင်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်က ဟားမတ်စ်ခေါင်းဆောင်နဲ့ ဟစ်ဘိုလာထိပ်တန်းခေါင်းဆောင်တို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ တဲ့အတွက် အစ္စရေးကို အီရန်နိုင်ငံနဲ့ ၎င်းထောက်ပံ့ထားတဲ့ စစ်သွေးကြွအဖွဲ့တွေက တိုက်ခိုက်လိမ့်မယ်လို့ မျှော် လင့်ထားပါတယ်။

 

အဲဒီလုပ်ကြံသတ်ဖြတ်မှုတွေဟာ ဂါဇာစစ်ပွဲကတစ်ဆင့် ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်းစစ်ပွဲကြီးတစ်ခုဖြစ်လာနိုင်တဲ့ စိုးရိမ်မှုကို ပိုမိုမြင့်တက်လာစေတဲ့ ပါးကိုက်လို့ နားပြန်ကိုက်တဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေထဲက လုပ်ကြံ သတ်ဖြတ်မှုတွေပဲဖြစ်ပါတယ်။

 

Ref: US F-22 Stealth Warplanes Arrive in Middle East

 

#PeopleMedia


Share this post